တည်ရှိပြီးနှင့် အသစ်တည်ဆောက်မည့်စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးစေရန် ရေးဆွဲထားသည့် စက်မှုဇုန်ဥပဒေ(မူကြမ်း)ကို ပြည်သူ့လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား - Property News in Myanmar from iMyanmarHouse.com
1056 Views

တည်ရှိပြီးနှင့် အသစ်တည်ဆောက်မည့်စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးစေရန် ရေးဆွဲထားသည့် စက်မှုဇုန်ဥပဒေ(မူကြမ်း)ကို ပြည်သူ့လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

တည်ရှိပြီးစက်မှုဇုန်များနှင့် အသစ်တည်ဆောက်မည့် စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးရန် ရေးဆွဲထားသော စက်မှုဇုန်ဥပဒေ (မူကြမ်း)ကို ပြည်သူ့လွှတ်တော်သို့ မကြာမီ တင်ပြသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။

စက်မှုဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြထားသည်။

တည်ရှိပြီးနှင့် အသစ်တည်ဆောက်မည့် စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးစေရန် စက်မှုဇုန်ဥပဒေကို ရေးဆွဲလျက်ရှိရာ ဌာနဆိုင်ရာများ၊ စက်မှုဇုန်ကော်မတီများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးပြီး ထွက်ပေါ်လာသည့် စက်မှုဇုန်ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်သို့တင်ပြရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။

ရန်ကုန်မြို့တွင် နှစ်ပေါင်း ၃၀ ခန့်အတွင်း တည်ထောင်ထားသည့် စက်မှုဇုန် ပေါင်း ၃၀ နီးပါးရှိထားသော်လည်း လက်ရှိအချိန်အထိ စက်မှုဇုန်ဥပဒေမရှိသေးကြောင်း ရွှေလင်ပန်းစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြီးခဲ့သည့်လပိုင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် စက်မှုဇုန်များအတွက် သီးခြားဥပဒေမရှိသေးသော်လည်း အထူးစီးပွားရေးဇုန်ဥပဒေထွက်ရှိထားပြီး လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် နိုင်ငံတကာ စံချိန်စံနှုန်းနှင့် ကိုက်ညီသော စက်မှုဇုန်အဖြစ် လည်ပတ်နေခြင်း ဖြစ်သည်။

“ရန်ကုန်မှာဆိုရင် စက်မှုဇုန်ပေါင်း ၂၉ ဇုန်တည်ထောင်ထားပါတယ်။ သီလဝါစက်မှုဇုန်ကလွဲရင်ပေါ့။ လက်ရှိနိုင်ငံတကာစံချိန် မီအောင်ဆိုပြီးတော့ SEZ ဆိုတဲ့ စက်မှုဇုန်ကြီး တည်ထောင်နေပါပြီ။ စက်မှုဇုန်က အခုမှ စခါစပါ။ ဥပဒေက နည်းဥပဒေကအစပြီး သွားပါပြီ။ ကျွန်တော်တို့ စက်မှုဇုန်တွေ တည်ထောင်လာတာ နှစ်ပေါင်း ၃၀ ပြည့်ပါတော့မယ်။ အခုထိ ဥပဒေမရှိသေးဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိုးအိမ်ဌာနရဲ့ ညွှန်ကြားချက် ၁/၉၇ နဲ့ပဲ ညွှန်ကြားချက်စာအုပ်လေးနဲ့ပဲ လုပ်နေတာပါ။ ကျွန်တော်တို့ စက်မှုဇုန်စထောင်စဉ်က ဒီဥပဒေလိုတယ်ဆိုတာလည်း အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ရေးလည်းရေဆွဲနေပြီး အမြန်ဆုံးပြီးဖို့လိုပါတယ်” ဟု ဦးအေးသောင်းက ပြောကြားသည်။

စက်မှုကုန်ထုတ်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် မြန်မာနိုင်ငံတွင် စက်မှုဇုန်များ တည်ဆောက်ကာ ဆောင်ရွက်လာခြင်းက နှစ်ပေါင်း ၃၀ ခန့်အထိရှိနေပြီဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာ့ကုန်အမှတ်တံဆိပ် (Made in Myanmar) ဖြင့် ဈေးကွက်ထိုးဖောက်မှုသည် အနည်းငယ်သာရှိသေးကြောင်း သိရသည်။

“စက်မှုဇုန်တွေ ဖွံ့ဖြိုးလာတာ နှစ်ပေါင်း ၃၀ ပြည့်ပါတော့မယ်။ ဒါပေမဲ့လည်း Made in Myanmar ဆိုတဲ့တံဆိပ် အင်မတန်နည်း နေပါသေးတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့မှာ ဥပဒေမရှိပါဘူး” ဟု ဦးအေးသောင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၌ လာရောက်မြှုပ်နှံမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုပေးရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုထားသော်လည်း သီလဝါအထူစီးပွားရေးဇုန်အတွင်းသို့ ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုများကိုမူ အထူးစီးပွားရေးဇုန်ဥပဒေအရ အတည်ပြုခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ငါးလခွဲအတွင်း သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၉ ဘီလျံကျော်အထိ ခွင့်ပြုထားသည်။

 

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
shwe-hninsi
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service