အိမ်ရာမဲ့ဖြစ်ခဲ့ဖူးသော ကမ္ဘာကျော် ကြယ်ပွင့်များ - Property News in Myanmar from iMyanmarHouse.com
952 Views

အိမ်ရာမဲ့ဖြစ်ခဲ့ဖူးသော ကမ္ဘာကျော် ကြယ်ပွင့်များ

မျက်မှောက်ခေတ် ကမ္ဘာကျော်များကို ကြည့်ရှု၍ ၎င်းတို့၏ ဘဝမှာ အလွန်ပြီးပြည့်စုံသော ဘဝမျိုးမှ စတင်ခဲ့သည်ဟု မှတ်ထင်ကြသူ များသည်။

သို့ရာတွင် အများထင်သကဲ့သို့ မဟုတ်ဘဲ ရွှေဇွန်းကိုက်၍ မွေးဖွားလာသူနည်းပါးပြီး ကမ္ဘာကျော်များစွာမှာ အထွတ်အထိပ်သို့ မရောက်မီ ခက်ခဲကြမ်းတမ်းသည့်ဘဝများကို ဖြတ်ကျော်ခဲ့ကြရသည်။

၎င်းတို့သည် ခက်ခဲကြမ်းတမ်းလှသည့် ဘဝကို အရှုံးမပေးဘဲ ပြင်းပြသည့်စိတ်ဇွဲတို့ဖြင့် ရည်မှန်းရာပန်းတိုင်သို့ ရောက်အောင် လျှောက်လှမ်းခဲ့ရခြင်းဖြစ်သည်။

ကြမ်းတမ်းလှသည့် ဆင်းရဲဒုက္ခများကို အောင်မြင်မှုသို့ တွန်းပို့ပေးမည့် တွန်းအားအဖြစ် အသုံးပြုခဲ့ကြခြင်းလည်း ဖြစ်သည်။

ယနေ့ကမ္ဘာတွင် နာမည်ကျော်နေသည့် ရုပ်ရှင်သရုပ်ဆောင်များ၊ ဂီတသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များသည် တချိန်က အိမ်ရာမဲ့များ ပင် ဖြစ်ခဲ့ကြသည်ဟု သင်သိရလျှင် များစွာ အံ့အားသင့်မည် ဖြစ်သည်။

၎င်းတို့၏ ဘဝများကို ဖတ်ရှုရချိန်တွင် ရရှိလာမည့်အသိတစ်ခုမှာ perseverance ဟုခေါ်သော မလျှော့သောဇွဲလုံ့လရှိလျှင် ဘဝ အခက်အခဲတိုင်းကို ဖြတ်ကျော်နိုင်သည်ဟူသည့်အသိ ရရှိလာမည်မှာ အမှန်ပင် ဖြစ်လေသည်။

အိမ်ရာမဲ့ဖြစ်ခဲ့ဖူးသည့် ကမ္ဘာကျော်ကြယ်ပွင့်များစွာရှိသည့်အနက် ယခုလတွင် ဟီလာရီ ဆွမ့်၏ ဘဝကို ရွေးချယ်ဖော်ပြအပ်ပါသည်။

ဟီလာရီ ဆွမ့်သည် ထပ်ဆင့်အော်စကာဆုရှင်ဖြစ်ပြီး “Boys Don’t Cry” (၁၉၉၉) နှင့် “Million Dollar Baby” (၂၀၀၄) ဇာတ်ကား တို့ဖြင့် အော်စကာဆုများ ရရှိခဲ့သည်။

ထိုသို့ ကမ္ဘာကျော် ရုပ်ရှင်ကားကြီးများတွင် ပါဝင်သရုပ်ဆောင်ကာ ဟောလိဝုဒ်၏ ထိပ်တန်းကြယ်ပွင့်ဖြစ်မလာမီက ဟီလာရီဆွမ့်၏ ဘဝ မှာ ခက်ထန်ကြမ်းတမ်းခဲ့၏။

ဟီလာရီဆွမ့်၏ အမည်အပြည့်အစုံမှာ ဟီလာရီ အန်း ဆွမ့်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ နီဘရာစကားပြည်နယ်၊ လင်ကွန်းမြို့တွင် ၁၉၇၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် မွေးဖွားသည်။

ကယ်လီဖိုးနီးယားပြည်နယ်ရှိ South Pasadena အထက်တန်းကျောင်းတွင် တက်ရောက်ခဲ့ပြီး နောင်အခါတွင် ကျောင်းထွက်ခဲ့သည်။

အထက်ကျောင်းသူဘဝကို ဟီလာရီဆွမ့်က ပြန်လည်ပြောပြရာတွင် “ကျွန်မဟာ ကျောင်းမှာ သူစိမ်းတစ်ယောက်ဖြစ်နေသလို အမြဲ ခံစားနေရတယ်။

ဆရာတွေကလည်း ကျွန်မရှိနေတာကို လိုလားတယ်လို့ မခံစားရဘူး။ ကျွန်မကို သူတို့တစ်ခါမှ မမြင်ဖူးတဲ့သူလိုမျိုးပဲ ဆက်ဆံခံရတယ်။

ကလေးဘဝမှာ ကျွန်မပိုင်တယ်ဆိုတဲ့ ခံစားချက်ရတာဆိုလို့ စာအုပ်ဖတ်ချိန်၊ ရုပ်ရှင်ကြည့်ချိန်တွေမှာပဲ ခံစားရပါတယ်။ စာအုပ်တွေ၊ ရုပ်ရှင်တွေထဲမှာ ကျွန်မဟာ ဇာတ်ကောင်တစ်ဦးအနေနဲ့ လိုက်ပါစီးမြောကြည့်လို့ ရတယ်လေ။ ဒီလိုခံစားချက်အခံတွေကြောင့် ကျွန်မဟာ သရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့တာပါ”ဟု ဟီလာရီဆွမ့်က ဆိုသည်။

“ဆရာ၊ ဆရာမတွေက ကျွန်မကို “နင့်ပါးစပ် ပိတ်ထားစမ်း ဟီလာရီ”လို့ အမြဲပြောတယ်။ ရီပို့ကဒ်တွေမှာဆိုလည်း ဗလုံးဗထွေး ပြောတတ်သူလို့ အမြဲအရေးခံရပါတယ်”

ဟီလာရီဆွမ့် အသက် ၁၅ နှစ်သမီးအရွယ်ရောက်ချိန်တွင် မိဘများ အိမ်ထောင်ပြိုကွဲသွားကြသည်။ ရုပ်ရှင်သရုပ်ဆောင်ဖြစ်လိုသော သမီး၏ဆန္ဒကို မိခင်က ပံ့ပိုးသည့်အနေဖြင့် ဟောလိဝုဒ်တည်ရှိရာ လော့စ်အိန်ဂျလိသို့ ရွှေ့ပြောင်း ခြေချခဲ့ကြသည်။

လော့စ်အိန်ဂျလိသို့ရောက်သောအခါ နေအိမ်ခန်းငှားရမ်းရန် ငွေမရှိသောကြောင့် ကားပေါ်တွင်သာ နေခဲ့ကြရသည်။ ယင်းနောက် မိတ်ဆွေတစ်ဦး၏ လူမနေသောနေအိမ်လွတ်တစ်လုံးတွင် ခေတ္တနေထိုင်ခွင့်ရခဲ့ကြ၏။

သို့ရာတွင် အိမ်ခြံမြေပွဲစားက ဝယ်လက်များကို အိမ်ပြသမည်ဖြစ်ခြင်းကြောင့် နေ့ဘက်အချိန်များတွင် နေအိမ်တွင် မနေရဘဲ လှည့်ပတ် သွားလာနေကြရ၏။

ထိုသို့နေထိုင်ရင်း မိခင်က အလုပ်လုပ်ကာ ကာလအတန်ကြာ ငွေစုပြီးနောက်မှ အခန်းတစ်ခန်း ငှားရမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

၁၉၉၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော The Next Karate Kid ဇာတ်ကားဖြင့် ကမ္ဘာသိသရုပ်ဆောင်ဖြစ်လာခဲ့သည်။

၁၉၉၉ ခုနှစ်တွင်ကား မုဒိမ်းကျင့်ကာ အသတ်ခံခဲ့ရသော ယောက်ျားလျာတစ်ဦးဖြစ်သော ဘရန်ဒန် တီနာ၏ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးခဲ့သည့် Boys Don’t Cry ဇာတ်ကားတွင် တီနာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာ အဆိုပါဇာတ်ကားဖြင့် ပထမဆုံး အော်စကာဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါဇာတ်ကားရိုက်ကူးရေးအတွက် စတင်ဆွေးနွေးခဲ့ကြပုံကို ဟီလာရီဆွမ့်က ပြန်ပြောင်းပြောပြရာတွင် “ရစ်ချတ်နဲ့ ပထမဆုံးထိုင်ပြီးဆွေးနွေးတော့ ကျွန်မက သူ့ကို ပြောခဲ့ပါတယ်။ ကျွန်မဒီကာရိုက်တာကို ချစ်တယ်။ ကျွန်မလုပ်ရမယ့်ဟာပဲ” လို့ပြောတော့ သူက ဒီလိုပြန်ပြောပါတယ်။ …. “နင်ဟာ ဒီကာရိုက်တာကနေဝင်ပြီး သရုပ်ဆောင်ဖို့ မွေးဖွားလာသူပဲ”လို့ ပြောပါတယ်”ဟု ပြောကြားသည်။

ယင်းနောက် ၂၀၀၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် Million Dollar Baby ဇာတ်ကားတွင် ကမ္ဘာကျော်သရုပ်ဆောင်များဖြစ်သော ကလင့်စ်အိဝုဒ်၊ မော်ဂန် ဖရီးမန်းတို့နှုင့်အတူ ဦးဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။

အဆိုပါဇာတ်ကားတွင် ဟီလာရီဆွမ့်သည် စားပွဲထိုးဘဝမှ လက်ဝှေ့မယ်တစ်ဦးအဖြစ် ရုန်းကန်ခဲ့သူတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ကာ အော်စကာဆု ထပ်မံရရှိခဲ့သည်။ Million Dollar Baby ဇာတ်ကားသည် အော်စကာ ၄ ဆုရရှိခဲ့ရာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဒါရိုက်တာဆု (ကလင့်စ်အိဝုဒ်)၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (ဟီလာရီဆွမ့်)၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု (မော်ဂန် ဖရီးမန်း) တို့ဖြစ်ကြသည်။

ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service