ကန်တော်ကြီး ငါးပြတိုက်စီမံကိန်းကို ယခုနှစ် အောက်တိုဘာလအတွင်း ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားဟုဆို - Property News in Myanmar from iMyanmarHouse.com
3244 Views

ကန်တော်ကြီး ငါးပြတိုက်စီမံကိန်းကို ယခုနှစ် အောက်တိုဘာလအတွင်း ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားဟုဆို

ကန်တော်ကြီး ငါးပြတိုက် စီမံကိန်းကို ယခုနှစ် အောက်တိုဘာလအတွင်း ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

နိုင်ငံတကာအဆင့်မီ Myanmar Aquariums ငါးပြတိုက် တည်ဆောက်ပြီးစီးပါက လာရောက် ကြည့်ရှုကြမည့် ပြည်သူများအတွက် ငါးပြတိုက်အဝင်ဝ၌ ငါးအမျိုးအစားများအကြောင်းနှင့် ပြကွက်များကို ရှင်းလင်းပြောကြားပေးခြင်း၊ အချို့ငါးပြကွက်များရှိ ငါးများကို ကလေးငယ်များက ကိုယ်တိုင် လက်ဖြင့် ပျော်ရွှင်မြူးထူးစွာ ဆော့ကစားနိုင်အောင် စီစဉ်ထားခြင်းတို့ ပါဝင်ကြောင်း၊ အဆိုပါ နိုင်ငံတကာအဆင့်မီ Myanmar Aquariums ငါးပြတိုက် စီမံကိန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားခြင်း ဖြစ်သည်။

Myanmar Aquariums “ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးသိန်းဇော်က “လက်ရှိ ရှိနေတဲ့ ငါးလေးတွေကို ကျွန်တော်တို့က ထိန်းသိမ်းထားပါတယ်။ နဂိုမူလရှိနေတဲ့ ငါးပြတိုက်နေရာကို ဖျက်ပြီး အစအဆုံး ပြန်ဆောက်လုပ်လိုက်တာပါ။ နောက်တစ်ခု တစ်မူထူးခြားတာကတော့ ဒီပြတိုက်မှာ နိုင်ငံတကာအဆင့်မီ ရေအောက်ဥမင်လည်းပါပြီး တကယ့် ပင်လယ်ရေအောက် ရောက်သွားသလိုမျိုး ခံစားနိုင်အောင် ဆောင်ရွက်ထားပါတယ်”ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် Myanmar Aquariums ကုမ္ပဏီလီမိတက်မှ တာဝန်ယူ ဆောက်လုပ်လျက်ရှိသော ကန်တော်ကြီး နတ်မောက်လမ်း၌ ဆောက်လုပ်နေသည့် နိုင်ငံတကာအဆင့်မီ Myanmar Aquariums ငါးပြတိုက်ကို ပြည်တွင်းပြည်ပ အများပြည်သူများ လေ့လာ ကြည့်ရှုနိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ငါးပြတိုက်ကို စင်ကာပူနိုင်ငံရှိ Surbana က ဒီဇိုင်း ရေးဆွဲထားခြင်းဖြစ်ပြီး ငါးပြတိုက် အဆောက်အအုံ ဆောက်လုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် Myanmar Aquariums ကုမ္ပဏီလီမိတက်တို့က နှစ်ရှည်ငှားရမ်း စာချုပ်ဖြင့် တွဲဖက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်တော်ကြီးအတွင်းရှိ မြေငါးဧကကို နိုင်ငံတကာအဆင့်မီ ငါးပြတိုက် ဆောက်လုပ်ရန်အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခင် ကနဦး ငါးပြတိုက်မှာ ရေချိုငါးဥယျာဉ်သာ ဖြစ်ပြီး လက်ရှိ Myanmar Aquariums ကုမ္ပဏီလီမိတက်က ဆောက်လုပ်နေသော ငါးပြတိုက်တွင် ရေချို၊ ရေငန် နှစ်မျိုးနှစ်စား ပါဝင်သော ငါးပြတိုက် ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ မြောက်ဖျားဒေသ ဖြစ်သော မေခ၊ မလိခမြစ်များမှ စီးဆင်းလာသည့် ရေချိုငါး အမျိုးအစားများ၊ ရခိုင်ကမ်းရိုးတန်း ပင်လယ်ဒေသရှိ ငါးအမျိုးအစားများ၊ ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ငါးများကို Myanmar Aquariums ငါးပြတိုက်အတွင်း ထည့်သွင်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း ပြကွက်များအတွက် ပြည်တွင်းငါးများကို စုဆောင်းမည်ဖြစ်ပြီး ပင်လယ်ငါးများ စုဆောင်းရန်အတွက် ပြည်ပမှ မှာယူမည် ဖြစ်ကြောင်း၊ အဆောက်အအုံ ပုံစံသစ်သည် Steel Structure နှစ်ထပ်ခွဲ အမျိုးအစားဖြစ်ပြီး ငါးပြကွက်ပေါင်း ၂၀ ကျော် ပါဝင်ပြသမည် ဖြစ်သည်။

ထို့ပြင် ပြည်တွင်းပြကွက်အတွက် ငါးအမျိုးအစားပေါင်း ထောင်ချီပြသမည် ဖြစ်ကြောင်း၊ ပြည်ပ ပြကွက်အတွက်လည်း ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ အမျိုးအစားများ ထည့်သွင်းပြသမည် ဖြစ်ကြောင်း သိရသည်။

 

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service