B . O . T စနစ်ဖြင့် ဆောင်ရွက်နေသည့် မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းကို နှစ်လမ်းသွားမှ လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်ရာတွင် ကျပ်ဘီလျံ ၉၀ ကျော်အသုံးပြုခဲ့ကြောင်း သိရ - Property News in Myanmar from iMyanmarHouse.com
945 Views

B . O . T စနစ်ဖြင့် ဆောင်ရွက်နေသည့် မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းကို နှစ်လမ်းသွားမှ လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်ရာတွင် ကျပ်ဘီလျံ ၉၀ ကျော်အသုံးပြုခဲ့ကြောင်း သိရ

B . O . T စနစ်ဖြင့် ဆောင်ရွက်နေသည့် မြစ်ငယ်- ထုံးဘိုလမ်းပိုင်းနှင့် မန္တလေး-ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းမှ မန္တလေး- ပြင်ဦးလွင်လမ်းပိုင်းကို နှစ်လမ်းသွားမှ လေးလမ်းသွားအဖြစ်အဆင့်မြှင့်တင်ရာတွင် ငွေကျပ်ဘီလျံ ၉၀ ကျော်အသုံးပြုခဲ့ကာ တစ်နှစ်ကျော် ပြုပြင်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းကို Oriental Highway ကုမ္ပဏီမှ B . O . T စနစ်ဖြင့် မြစ်ငယ်-ထုံးဘိုလမ်းပိုင်းကို ၂၀၁၁ ခုနှစ်နှင့် မန္တလေး -ပြင်ဦးလွင်လမ်းပိုင်းကို ၂၀၀၅ ခုနှစ်များတွင် စတင်ကာ စီးပွားရေးလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ပြီး ယခင်က ၁၂ ပေအကျယ် မှ အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ၄၈ ပေကျယ် လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်ပြီးစီးခဲ့ပြီးလမ်းဖွင့်ပွဲ အခမ်းအနားကို မတ် ၁၉ ရက် နံနက်ပိုင်းက မန္တလေး-ပြင်ဦးလွင်လမ်း မိုင်တိုင်အမှတ် ၁၉ တွင် ပြုလုပ်ခဲ့သည်။

လမ်းပိုင်းဖွင့်ပွဲနှင့်ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “ဒီနေ့ခေတ်မှာ B . O . T စနစ်လုပ်ငန်းစဉ်တွေ ဖွံ့ဖြိုးလာတဲ့အချိန်ဖြစ်တဲ့အတွက် ပုဂ္ဂလိက၊ အစိုးရ၊ ပြည်သူလက်တွဲလုပ်မှ အောင်မြင်မယ့်နေရာတွေ ရှိပါတယ်။ အခုလမ်းအသစ်က အရည်အသွေးအရ ပြောစရာမရှိဘူး။ လမ်းကောင်းလာတဲ့အတွက် ယာဉ်အန္တရာယ်တွေ ရှိလာနိုင်တာကြောင့်ဒါကို လမ်းအသုံးပြုသူတွေအနေနဲ့ ဆင်ခြင်ရမယ်။ ဒီလမ်းဟာ ကုန်စည်စီးဆင်းမှုအတွက် အခြေခံအကျဆုံးဖြစ်သလို စီးပွားဖွံ့ဖြိုးမှု အတွက်လည်း အခြေခံအကျဆုံးဖြစ်တယ်။ ဒါကြောင့် ဒီလမ်းဟာ ကောင်းမွန်နေရုံတင် မကဘူး သန့်ရှင်းဖို့ အန္တရာယ်ကင်းဖို့လည်းလိုတယ်” ဟု အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆင့်မြင့်တင်ပြီးစီးသွားသည့် မြစ်ငယ်- ထုံးဘို လမ်းပိုင်းမှာ ၉ မိုင် ၃ ဖာလုံရှိပြီး ကုန်ကျငွေ စုစုပေါင်း ကျပ်ဘီလျံ၁၉ ဒသမ ၇၃ ကုန်ကျခဲ့ပြီး မန္တလေး - ပြင်ဦးလွင်လမ်းပိုင်းမှာ ၄၅ မိုင်ရှိကာ ကုန်ကျငွေ စုစုပေါင်း ကျပ်ဘီလျံ၈၀ ကျော်ကုန်ကျခဲ့ကြောင်း၊ လမ်းချဲ့ထွင်စဉ် မူလလမ်းကျဉ်းခြင်းနှင့် တောင်ပေါ်လမ်းများတွင် ချဲ့ထွင်ဖောက်လုပ်ရသည့်အတွက် အခက်အခဲများရှိခဲ့ကြောင်း သိရသည်။

“မူလစတင်စီးပွားလုပ်ကိုင်စဉ်က လမ်းအကျယ် ၁၂ ပေပဲ ရှိတယ်။ အဲဒီကနေ ပထမအဆင့် ၁၈ ပေချဲ့တယ်။ နောက်ပိုင်းမှာယာဉ် အစီးရေ ပိုမိုများပြားလာတဲ့အတွက် လေးလမ်းသွားအထိ ချဲ့တာပါ။ ချဲ့တဲ့နေရာမှာ အဓိကအခက်အခဲအနေနဲ့ လမ်းဧရိယာကျဉ်းတော့ မလွတ်ကင်းတဲ့အပင်တို့၊ ဓာတ်တိုင်တို့၊ တရားမဝင် ဝင်ပြီးနေထိုင်တာတို့ ပါလာတယ်။ လမ်းချဲ့ထွင်မှုလုပ်ငန်းအတွက် တစ်မိုင်ကို သိန်းတစ်သောင်းကနေ နှစ်သောင်းလောက်အထိ ရင်းနှီးမြှုပ်နှံကုန်ကျခဲ့တယ်” ဟု Oriental Highway ကုမ္ပဏီ၏ Dorector ဦးမောင်ကျေးက ပြောကြားသည်။

Oriental Highway ကုမ္ပဏီအနေဖြင့် လေးလမ်းသွားနိုင်လွန်ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းကို မန္တလေး - ပြင်ဦးလွင်- ဝက်ဝံ - နောင်ချို လမ်းတစ်လျှောက်လုံး ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းအရှည် ၇၁ မိုင်အတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံကုန်ကျငွေ ကျပ်ဘီလျံ ၁၂၆ ဒသမ ၇၄ ခန့်မှန်းထားပြီး လက်ရှိတွင် ပထမအပိုင်းဖြစ်သည့် မန္တလေး - ပြင်ဦးလွင်လမ်းပိုင်းကို ဆောင်ရွက်မှုပြီးစီးပြီဖြစ်ကာ ဒုတိယအပိုင်းဖြစ်သော ပြင်ဦးလွင်-ဝက်ဝံ- နောင်ချို လမ်းပိုင်းကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Credit: Eleven Media Group

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
shwe-wutthmone
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service