မြိတ်ကျွန်းစုအတွင်း နိုင်ငံခြားသားခရီးသွားများပါ ညအိပ်ခွင့်ရမည့် CBT ခရီးသွား လုပ်ငန်းကို ယခုလအတွင်း စတင်အကောင်ထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
1440 Views

မြိတ်ကျွန်းစုအတွင်း နိုင်ငံခြားသားခရီးသွားများပါ ညအိပ်ခွင့်ရမည့် CBT ခရီးသွား လုပ်ငန်းကို ယခုလအတွင်း စတင်အကောင်ထည်ဖော်မည်

မြိတ်ကျွန်းစုအတွင်း နိုင်ငံခြားသား ခရီးသွားများပါ ညအိပ်ခွင့်ရမည့် fh CBT (Community Base Tourism) ခရီးသွားလုပ်ငန်းကို ယခုလအတွင်း စတင်အကောင်ထည်ဖော်တော့မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ခရိုင်သုံးခရိုင်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် CBT ခရီးသွားလုပ်ငန်းကို ထားဝယ်ခရိုင် လောင်းလုံမြို့နယ် စမ်းလှမ်းကျေးရွာတွင် စတင်နေပြီဖြစ်ပြီး ဒုတိယမြောက်အဖြစ် မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဒုံးညောင်မှိုင်း ကျေးရွာတွင် စတင်အကောင်ထည်ဖော်တော့မည်ဖြစ်ကြောင်း သိရသည်။ ကျေးရွာတစ်ခုစီကို Pilot Project အဖြစ် ရွေးချယ်လုပ်ဆောင်နေခြင်းဖြစ်ပြီး ဒုံးညောင်မှိုင်းကျေးရွာတွင် ယခုနှစ်မတ်လတွင် စတင်အကောင်ထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

“ ဒုတိယအနေနဲ့ စပြီးတော့ မြိတ်ခရိုင်ကျွန်းစုမြို့နယ် ဒုံးညောင်မှိုင်းကျေးရွာမှာ ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း စတင်အကောင်ထည်ဖော်ဖို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ မြေနေရာကြည့်ပြီး အဆောက်အအုံ ဆောက်ဖို့ကိစ္စ စတင်ဆောင်ရွက်နေပါပြီ။ အကြမ်းဖျင်းအားဖြင့် ဒီလအတွင်းမှာ စတင်မယ်။ ဒီရာသီမီအောင်တော့ ကျွန်တော်တို့ ကြိုးစားပြီး တည်ဆောက်သွားဖို့ရှိပါတယ်။ Community Base Tourism ဆိုတဲ့ နေရာမှာ သူ့ရဲ့ခေါင်းစဉ်ကိုက ရပ်ရွာလူထု အခြေပြုခရီးသွား လုပ်ငန်းဆိုတာ ဖြစ်တဲ့အတွက် ရိုးရိုးရှင်းရှင်းပြောရင် ရပ်ရွာမှာရှိတဲ့ လူတွေပဲ ဦးဆောင်ပြီး လုပ်ရမယ်။ ရလာတဲ့ အကျိုးအမြတ်ကိုလည်း ရပ်ရွာလူထုကပဲ အကျိုးခံစားခွင့်ရှိမယ်။ လိုအပ်ချက်တွေအပေါ်မှာ ကျွန်တော်တို့ဌာနနဲ့ မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းဆောင်ရွက်သွားမယ်။ အဲဒီလို ဆောင်ရွက်ရာမှာ ပထမဆုံးအနေနဲ့ ဘန်ဂလိုလေးလုံးတည်ဆောက်သွားမှာပါ ” ဟု ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦစီးဌာန တနင်္သာရီတိုင်းဒေသကြီး တာဝန်ခ ညွှန်ကြားရေးမှူး ဦးညိုအေးက ပြောကြားသည်။

မြိတ်ကျွန်းစုအတွင်း ခရီးသည်များ ပို့ဆောင်ရာတွင် နိုင်ငံခြားခရီးသည်များ အနေဖြင့် ညအိပ်လည်ပတ်ခွင့်မရှိဘဲ နေ့ချင်းပြန်ခရီးစဉ်အဖြစ်သာ သွားလာနေရကြောင်း သိရသည်။ CBT လုပ်ငန်းလည်ပတ်လာပါက ပြည်တွင်းဧည့်သည်များ သာမကနိုင်ငံခြားသား ခရီးသွားများပါ ညအိပ်လည်ပတ်ခွင့် ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

“ နောက်တစ်ချက်က ဒီအပေါ်မှာ ကျေးရွာကနေ ရပ်ရွာလူထု ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိသေးတဲ့အတွက် ကျွန်တော်တို့ဟိုတယ်/ခရီးမြိတ် ရုံးခွဲကနေ ဦးဆောင်ပြီး Hidden လုပ်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ လေ့ကျင့်ပေးထားတဲ့ ဝန်ထမ်းတွေ၊ ကော်မတီတွေနဲ့ အသင်းတွေ ပူးပေါင်းပြီး လုပ်သွားရင် ဒေသအတွက် တကယ့်ကို အကျိုးရှိတဲ့ ခရီးသွားလုပ်ငန်းအဖြစ် အောင်မြင်ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ လက်ရှိ မြိတ်ခရိုင်ခရီးသွား လုပ်ငန်းမှာ ညဘက်ပင်လယ်ပြင်မှာ ညအပ်ဖို့ ခွင့်ပြုထားတဲ့ ကျွန်းတွေ တစ်ခုမှ မရှိပါဘူး။ ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း စတင်အကောင်ထည်ဖော်ပြီး လုပ်ငန်းစတင်လည်ပတ်ပြီ ဆိုတာနဲ့ ဒီမှာပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်တွေ စတင်အိပ်ခွင့်ရမှာ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းရှင်တွေကလည်း ဒီအပေါ်မှာ နေ့ချင်းပြန် ခရီးစဉ်တွေကနေ နှစ်ညအိပ်သုံးရက် ခရီးစဉ်အထိ တိုးချဲ့ရောင်းချခွင့်ရမှာ ဖြစ်တဲ့အတွက် ဒေသအတွက်လည်း အများကြီး ကျန်ခဲ့မှာဖြစ်ပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားရေးမှူး ဦးညိုအေးက ပြောကြားခဲ့သည်။

CBT လုပ်ငန်းကို ထားဝယ်ခရိုင် လောင်းလုံမြို့နယ် စမ်းလှမ်းရွာတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဒုံးညောင်မှိုင်းကျေးရွာတွင် ယခုလအတွင်း စတင်အကောင်ထည်ဖော်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။ ဟိုတယ်နှင့် ခရီးသွား ဦးစီးဌာန အနေဖြင့် ဒေသခံများအား လူထုအခြေပြု ခရီးသွားလုပ်ငန်း ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရန် အကူအညီပေးမည်ဖြစ်သလို ဒေသခံများကိုယ်တိုင် ဝက်ဘ်ဆိုက်တည်ထောင်ပြီး ဈေးကွက်ရှာဖွေနိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ဆောင်စေခြင်း၊ သင်တန်းပေးခြင်းများကိုလည်း ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

From 03 Jun To 30 Jun

AREA ONE Online Sales Event

yatanar-mall
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service