ပြည်သူများ အိမ်ရာဝယ်ယူရေး ပိုမိုအဆင်ပြေချောမွေ့စေရန် ကနဦးပေးသွင်းငွေ (၂)ရာခိုင်နှုန်းဖြင့် ရောင်းချနိုင်ရေး စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
5741 Views

ပြည်သူများ အိမ်ရာဝယ်ယူရေး ပိုမိုအဆင်ပြေချောမွေ့စေရန် ကနဦးပေးသွင်းငွေ (၂)ရာခိုင်နှုန်းဖြင့် ရောင်းချနိုင်ရေး စီစဉ်လျက်ရှိ

ပြည်သူများ အိမ်ရာဝယ်ယူရေး ပိုမိုအဆင်ပြေချောမွေ့စေရန် ကနဦးပေးသွင်းငွေ (၂)ရာခိုင်နှုန်းဖြင့် ရောင်းချနိုင်ရေး စီစဉ်လျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တည်ဆဲအမိန့်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီစေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို အပြီးသတ်ညှိနှိုင်းလျက်ရှိပြီး ပြီးပြတ်ပါက ခန့်မှန်း တစ်လ နှစ်လအတွင်း ပြည်သူများလက်ဝယ်သို့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဖေဖော်ဝါရီလ (၂၅)ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး၌ ပြောကြားခဲသည်။

“ အိမ်ရာဝယ်ယူရန် လျှောက်ထားသူပေါင်း (၆၀၂၇)ဦးအနက် စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသူ (၇၂၂)ဦးအား ပထမအသုတ်အဖြစ် (၂၀၁၈)ခုနှစ် ဇူလိုင်လအတွင်းက စနစ်တကျ ရွေးချယ်ရောင်းချပေးခဲ့ပြီးဖြစ်ပါကြောင်း ဝယ်ယူခွင့်ရရှိသူ ပြည်သူများအနက် တစ်လုံးတစ်ခဲတည်း ချက်ချင်းငွေ ပေးသွင်းနိုင်သည့် ပြည်သူများကို ရောင်းချပြီးဖြစ်သော်လည်း အိမ်ရာအပေါင်ချေးငွေစနစ်ဖြင့် ဝယ်ယူလိုသည့် ပြည်သူများနှင့် ပက်သက်၍ ပုံမှန်အိမ်ရာ ချေးငွေအတိုးနှုန်း (၁၃)ရာခိုင်နှုန်းအစား သက်သာသောအိမ်ရာချေးငွေ အတိုးနှုန်း (၈.၅)ရာခိုင်နှုန်းဖြင့် ချေးပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့သည် ဂျပန်နိုင်ငံအစိုးရအဖွဲ့နှင့် ပူးပေါင်းစီမံဆောင်ရွက်လျက်ရှိပြီး အတိုးနှုန်း သက်သာသော အိမ်ရာချေးငွေထုတ်ချေးရန် အသင့်ဖြစ်လျက်ရှိပါကြောင်း နေထိုင်ခွင့်ပေးမည့် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများတွင်လည်း ပျက်စီးမှုများ ဖြစ်ပေါ်နေပါက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် စစ်ဆေးပြီး လိုအပ်သလို ပြန်လည်ပြုပြင်ပေးမည်ဖြစ်ကြောင်း “ ဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့အိမ်ရာစီမံကိန်းများ ရောင်းချရေး ကြီးကြပ်မှုကော်မတီသည် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ထားသော ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနတန်ဖိုးနည်းအိမ်ရာ၊ ကနောင်တန်ဖိုးနည်းအိမ်ရာ၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံအိမ်ရာတို့တွင် တိုက်ခန်းပေါင်း (၇၀၃)ခန်းနှင့် တန်ဖိုးသင့်အိမ်ရာတိုက်ခန်းပေါင်း (၁၆၁)ခန်း၊ စုစုပေါင်း (၈၆၄)ခန်းကို ဝယ်ယူလျှောက်ထားသူပေါင်း (၆၀၂၇)ဦးအနက် စည်းမျဉ်းစည်းကမ်းနှင့်ကိုက်ညီသူ (၇၂၂)ဦးအား ပထမအသုတ်အဖြစ် (၂၀၁၈)ခုနှစ် ဇူလိုင်လအတွင်းက စနစ်တကျ ရွေးချယ်ရောင်းချပေးခဲ့ပြီးဖြစ်ပါကြောင်း သိရသည်။

 

Credit: အကျိုးဆောင်ဂျာနယ်

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service