ဈေးကွက်အခြေခံသည့် ရည်ညွှန်းငွေလဲနှုန်းကို ယနေ့စတင်ထုတ်ပြန်မည် - Property News in Myanmar from iMyanmarHouse.com
699 Views

ဈေးကွက်အခြေခံသည့် ရည်ညွှန်းငွေလဲနှုန်းကို ယနေ့စတင်ထုတ်ပြန်မည်

နေ့တစ်နေ့အတွက် အချက်အလက်အားလုံးရမည့် ညနေ ၄ နာရီ ပြောင်းလဲထုတ်ပြန်မည်ဖြစ်၍ ဈေးကွက်ပေါက်ဈေးနှင့် နီးစပ်မည်

ပုဂ္ဂလိက ဘဏ်နှင့်ငွေလဲလုပ်ငန်းများမှ ကန်ဒေါ်လာပေါက်ဈေးနှင့် နီးစပ်စွာသတ်မှတ်နိုင်ရန် ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်း သတ်မှတ်ချိန်ကို ဖေဖော်ဝါရီ ၅ ရက်က စတင်ပြီး ညနေ ၄ နာရီသို့ ပြောင်းလဲထုတ်ပြန်မည်ဟု ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်သည်။

ဘဏ်များအကြား ဒေါ်လာ ရောင်းဝယ်ခြင်း၊ ပုဂ္ဂလိကဘဏ် များနှင့် ဗဟိုဘဏ်အကြား လေ လံဈေးကွက်ဖြင့် ရောင်းဝယ်မှု များအတွက် ရည်ညွှန်းငွေလဲနှုန်း ကို နေ့စဉ် နံနက် ၉ နာရီတွင်ထုတ် ပြန်ရာမှ ညနေသို့ ပြောင်းလဲခြင်း ဖြစ်သည်။

‘‘ဒါက မူဝါဒပြောင်းလဲမှု မ ဟုတ်ဘူး။ နည်းပညာပြောင်းလဲမှုပါ’’ ဟု အငြိမ်းစားဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်ကပြောသည်။

ပုဂ္ဂလိက ဘဏ်များနှင့်ငွေ လဲကောင်တာများ ဖွင့်လှစ်သည့် ဒေါ်လာဈေးနှုန်းနှင့် နီးစပ်စွာဖော် ပြနိုင်ပါက လေလံဈေးကွက်ဖြင့် ဒေါ်လာဝယ်ယူရာတွင် ဈေးနှုန်း ကွာဟမှု ကျဉ်းမြောင်းပြီး ငွေ ကြေးဆုံးရှုံးမှု လျော့နည်းမည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

ယခင်က ဗဟိုဘဏ်ရည် ညွှန်းငွေလဲနှုန်းနှင့် ဈေးကွက် ပေါက်ဈေး မကိုက်ညီခြင်းကြောင့် ဗဟိုဘဏ်တွင် နစ်နာမှုများရှိခဲ့ သည်။ ၂၀၁၈ နှစ်ကုန်ပိုင်း၌ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များ ထံမှ ဒေါ်လာ ၃၄ သန်းဝယ်ယူ ရာတွင် ငွေကြေးဈေးကွက်ပေါက် ဈေးထက် များစွာပိုပေးပြီး ဝယ်ခဲ့ ခြင်းကြောင့် စီးပွားရေးလုပ်ငန်း ရှင်အချို့က ဝေဖန်ခဲ့သည်။

ပြည်တွင်း ငွေကြေးဈေး ကွက်တွင် ဒေါ်လာဈေးကျနေချိန် ၌ ဗဟိုဘဏ်က အမြင့်နှုန်းဖြင့် ဝယ်ယူခြင်းသည် ဒေါ်လာဈေးမကျရန်နှင့် ပြည်တွင်းဘဏ်သာ အကျိုးရှိရန်မဟုတ်ဘဲ ဗဟိုဘဏ် က လုပ်ရိုးလုပ်စဉ်အတိုင်း ပြုလုပ် ခြင်းသာဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးစိုးသိန်းက ပြောသည်။

နိုင်ငံတကာတွင် ဗဟိုဘဏ် က ငွေကြေးဈေးကွက်တည်ငြိမ်ရေး ဆောင်ရွက်ရာတွင် ပုဂ္ဂလိက ဘဏ်များမှ ဒေါ်လာများဝယ်ယူ ခြင်း၊ ပုဂ္ဂလိကဘဏ်များသို့ ဒေါ်လာများ ရောင်းချခြင်းတို့ကို ဆောင်ရွက်လေ့ရှိကြောင်း ဘဏ် လုပ်ငန်းကျွမ်းကျင်သူအချို့က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ထိုသို့ ဆောင်ရွက်ရန် ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်းအချိန်ပြောင်း လဲခြင်းဖြစ်နိုင်သည်ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူအချို့က ဆိုသည်။

လက်ရှိရည်ညွှန်းငွေလဲနှုန်း ထုတ်ပြန်မည့်အချိန် ပြောင်းလဲခြင်းက နေ့စဉ်ပုဂ္ဂလိကဘဏ်များ နှင့် ငွေလဲကောင်တာများ ပေါက်ဈေးနှင့် နီးစပ်နိုင်သည့်နှုန်းတစ်ခု ရရှိမည်ဟုဆိုသည်။

‘‘အရင်က လက်တွေ့နဲ့ သိပ် မနီးစပ်ဘူး။ အခုက အပြင်မှာဖြစ် နေတဲ့ဈေးနဲ့နီးစပ်မယ့် အနေအထားပဲ’’ ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

အချိန်ပိုင်းအတွင်း ငွေလဲ နှုန်း အပြောင်းအလဲများသော နိုင်ငံတွင် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပုဂ္ဂလိကဘဏ်များ နှင့် ငွေလဲကောင်တာများဖွင့် သော ဈေးနှုန်းကို တွက်ချက်ပြီး ၄ နာရီတွင် ရည်ညွှန်းငွေလဲနှုန်း ဈေးနှုန်းကို ဗဟိုဘဏ်ဝက်ဘ် ဆိုက်၌ ဖော်ပြမည်ဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service