ဈေးနှုန်းများကျဆင်းခဲ့သော်လည်းငှါးရမ်းမှုမြင့်တက်ခဲ့သည့် အဆင့်မြင့်အဆောက်အအုံရုံးခန်းဈေးကွက်များ - Property News in Myanmar from iMyanmarHouse.com
1114 Views

ဈေးနှုန်းများကျဆင်းခဲ့သော်လည်းငှါးရမ်းမှုမြင့်တက်ခဲ့သည့် အဆင့်မြင့်အဆောက်အအုံရုံးခန်းဈေးကွက်များ

ရန်ကုန်မြို့တွင်၂၀၁၈ခုနှစ်အတွင်း အဆင့်မြင့်ရုံးခန်းအဆောက်အအုံနေရာများမှာ ယခင်ထက် ငှားရမ်းခ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ငှားရမ်းခမှု၃ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ကနေဒါအခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း Colliers International (Myanmar) ၏ ဈေးကွက်သုံးသပ်ချက်အရသိရသည်။

၂ဝ၁၈ ခုနှစ်အတွင်း ရုံးခန်းအဆောက်အအုံသစ်များ ထွက်ရှိလာမှုနှင့်အတူ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ စတုရန်းမီတာ ၃၈၇၉၀၀ ဝန်းကျင်ရှိနေပြီး ၂၀၁၈ ခုနှစ် တစ်နှစ်လုံး စတုရန်းမီတာ ၃၀၀၀၀ ဝန်းကျင်အသစ် ထွက်ရှိမည်ဖြစ်သည်။ ၂၀၁၅ နောက်ပိုင်း ၂၀၁၈ ခုနှစ်သည် ရုံးခန်းအဆောက်အအုံသစ်ထွက်ရှိမှုအများဆုံးနှစ်ဖြစ်ခဲ့သည်။

ဈေးကွက်ဝင်ပြီး ရုံးခန်းအဆောက်အအုံနေရာများ၏ ၆၉ ဒသမ ၅ ရာခိုင်နှုန်း ငှားရမ်းမှုရှိပြီး ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ဌားရမ်းမှုမြင့်မားခဲ့ခြင်းဖြစ်သည်။

Colliers International ၏ ခန့်မှန်းချက်အရ ရုံးခန်းအငှားဈေးကွက်အတွင်း ပိုမိုယှဉ်ပြိုင်လာရမည်ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် ငှားရမ်းမှုများလည်း များပြားလာမည်ဖြစ်သည်။ လက်ရှိ ရုံးခန်း အဆောက်အအုံ ငှားရမ်းခများသည် တစ်တုရန်းမီတာကို တစ်လလျှင် ဒေါ်လာ ၂၃ မှ ၅၈ ကြားရှိပြီး မြို့တွင်းနေရာများနှင့် အဆင့်မြင့်အဆောက်အအုံများသည် ဈေးနှုန်းပိုမိုရရှိကြောင်းသိရသည်။

ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာခြင်းများကြောင့် သက်တမ်းကြာမြင့်သည့် ရုံးခန်းအဆောက်အအုံနေရာများသည် အနာဂတ်ကာလတွင် ဈေးနှုန်းရရှိမှုပိုမိုနည်းပါးလာမည်ဖြစ်သည်။

လက်ရှိဈေးကွက်အတွင်း ရုံးခန်းအဆောက်အအုံများ၏ ပျမ်းမျှ ငှားရမ်းခဈေးနှုန်းသည် ၂၀၁၈ တတိယသုံးလပတ်တွင် ၄၃ ဒေါ်လာဝန်းကျင် ဖြစ်ပြီး ယခင် သုံးလပတ်နှင့် နှိုင်းယှဉ်ပါက နှစ်ရာခိုင်နှုန်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၄ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့ကာ လာမည့် ၂၀၁၉ တတိယသုံးလပတ်တွင် ပျမ်းမျှငှားရမ်းခနှုန်း ၄၁ ဒသမ ၅ ဒေါ်လာသာ ရှိမည်ဟု Colliers က မျှော်မှန်းထားသည်။

အဆင့်မြင့်ရုံးခန်းအဆောက်အအုံများသည် ရန်ကုန်မြို့လယ်တွင် ၃၄ ရာခိုင်နှုန်း၊ ရန်ကုန်မြို့လယ်အနီးနေရာတွင် ၅၄ ရာခိုင် နှုန်း၊ ရန်ကုန်မြို့ပြင်တွင် ၁၂ ရာခိုင်နှုန်း တည်ရှိနေကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service