နိုင်ငံခြားဘဏ်များကို လက်လီဘဏ်လုပ်ငန်းများလတ်တလောခွင့်ပြုဦးမည်မဟုတ် - Property News in Myanmar from iMyanmarHouse.com
870 Views

နိုင်ငံခြားဘဏ်များကို လက်လီဘဏ်လုပ်ငန်းများလတ်တလောခွင့်ပြုဦးမည်မဟုတ်

နိုင်ငံခြားဘဏ်များကို လက်ကားဘဏ်လုပ်ငန်းခွင့်ပြုထားသော်လည်း လက်လီဘဏ်လုပ် ငန်းဖြစ်သည့် အများပြည်သူသို့ ဘဏ်ဝန်ဆောင်မှုပေးခြင်းကို လတ်တလောခွင့်ပြုသွားမှာမဟုတ်ဘူးလို့  ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောပါတယ်။

လာမည့် ၂၀၁၉ အတွင်း နိုင်ငံခြားဘဏ်များ ထပ်မံခွင့်ပြုရန်ရှိပြီး ခွင့်ပြုထားသည့် နိုင်ငံခြား ဘဏ်များသည် ရန်ကုန်မှလွဲ၍ မည်သည့်နေရာမျှ ဘဏ်ခွဲထပ်မံ ဖွင့်ခွင့်မရှိဘူးလို့ လည်း ၄င်းကပြောပါတယ်။

နိုင်ငံခြားဘဏ်များကို ပြည်တွင်းစီးပွားရေး လုပ်ငန်းများသို့ ချေးငွေဆိုင်ရာဘဏ်လုပ်ငန်း ခွင့်ပြုပေးပြီးနောက်ဘဏ်အသစ်များ ထပ်မံခွင့်ရန် ဗဟိုဘဏ်က စဉ်းစားနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

‘‘စဉ်းစားနေတယ်။ ဘဏ်အသစ်တွေကို ထိုက်သင့်တဲ့ ဘဏ်အသစ်တွေပေးဖို့ အနေအထားရှိ ပါတယ်။ ၂၀၁၉ အတွင်းမှာ ဖြစ်နိုင်ပါတယ်’’ဟု ဦးစိုးသိန်းက ပြောသည်။

သို့သော် ထပ်မံခွင့်ပြုမည့် နိုင်ငံခြားဘဏ်များနှင့် လက်ရှိ နိုင်ငံခြားဘဏ် ၁၃ ခုတို့သည် ရန်ကုန်မှလွဲ၍ အခြားနေရာများတွင် ဘဏ်ခွဲဖွင့်ခွင့်ပြုမည်မဟုတ်သေးဟု ဦးစိုးသိန်းက ပြောသည်။ နယ်မှ ငွေချေးလိုပါက ရန်ကုန်သို့ လာရောက်ရမည်ဖြစ်ပြီး မန္တလေးတွင် ဘဏ်ခွဲဖွင့်လှစ်ရန် ဘဏ်အချို့ ခွင့်ပြုချက်တောင်းခံမှုရှိသည်ဟု ဆိုသည်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်

Upcoming Property Events

mya-villa
shwe-hninsi

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service