ပုဇွန်တောင်မြို့နယ် အတွင်းရှိ နှစ်ပေါင်း ၆ဝ နီးပါးရှိသော ပြည်တော်သစ် အိမ်ရာနေရာတွင် ၁၂ ထပ် အဆောက်အအုံ ဆောက်လုပ်ရန် တင်ဒါစတင်ခေါ်ယူ၊ (၂)နှစ်အတွင်း အပြီးဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1430 Views

ပုဇွန်တောင်မြို့နယ် အတွင်းရှိ နှစ်ပေါင်း ၆ဝ နီးပါးရှိသော ပြည်တော်သစ် အိမ်ရာနေရာတွင် ၁၂ ထပ် အဆောက်အအုံ ဆောက်လုပ်ရန် တင်ဒါစတင်ခေါ်ယူ၊ (၂)နှစ်အတွင်း အပြီးဆောက်မည်

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်အတွင်းရှိ နှစ်ပေါင်း ၆ဝ ခန့်ရှိပြီဖြစ်သော ပြည်တော်သစ်အိမ်ရာနေရာတွင် ၁၂ ထပ်အဆောက်အအုံဆောက်လုပ်ရန်အတွက် လုပ်ငန်းတင်ဒါ ခေါ်ယူလျက်ရှိပြီး လက်ရှိအချိန်တွင် အဆိုပါအိမ်ရာနေရာရှိ အဆောက်အအုံ ဟောင်းတစ်လုံးအား ဖြိုဖျက်ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါအိမ်ရာသည် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် အမှတ်(၃)ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်းမကြီးတွင် တည်ရှိကြောင်း သိရသည်။ ပြည်တော်သစ်အိမ်ရာ ပြန်လည် ဖွံ့ဖြိုးရေး (Redevelopment) စီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ချက်ဖြင့် Yangon Metropolitan Development Public Co., Ltd မှ ကြီးကြပ်အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

'' ဒီကောင်က အားလုံးပေါင်း အိမ်ရာခြောက်လုံးရှိတယ်။ ခြောက်လုံးမှာ ပထမတစ်လုံး ကို ဖျက်လိုက်တယ်။ တိုက်(၂)ထင်တယ်။ အဲဒီနေရာမှာ ၁၂ ထပ်အဆောက်အအုံတစ်ခု ဆောက်မယ်။ ဆောက်ပြီးတော့ တိုက်နေသူတွေအားလုံးကို အဲဒီကို ပြောင်းရွှေ့ပေးမယ်။ ပြောင်းရွှေ့ပေးပြီးတော့မှ အဆောက်အအုံမှာ နေရာချထားပေးပြီးတော့မှ ကျန်တဲ့တိုက်တွေ ကို ဖျက်မှာပါ''ဟု ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင် က ပြောသည်။ ပြည်တော်သစ်လူနေအထပ်မြင့်အိမ်ရာနှင့် အထပ်မြင့်ကားရပ်နားရန် လုပ်ငန်းများ အတွက် မြို့ပြတည်ဆောက်ရေး၊ လျှပ်စစ်၊ ရေသန့်နှင့်ပိုက်ဆက်လုပ်ငန်း (MEP)နှင့် ဘိုးပိုင် လုပ်ငန်း (Bore Pile) များအား တာဝန်ယူနိုင်သော ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီများ အား ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

အဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းအတွက် တင်ဒါခေါ်ယူရာတွင် ဆောက်လုပ် ရေးလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ငါးနှစ်ရှိရန်၊ အထပ်မြင့်ဆောက်လုပ်သည့်အတွေ့ အကြုံရှိရန်၊ ကုမ္ပဏီ၏ တစ်ဆက်တစ်စပ်တည်း သုံးနှစ် သို့မဟုတ် ငါးနှစ် ပျမ်းမျှဝင်ငွေ သည် အနည်းဆုံး ငါးဘီလီယံအထက်ရှိရန် လိုအပ်ကြောင်း သတ်မှတ်ထားသည်။

စီမံကိန်း ၏ Master Plan တွင် အငှားအိမ်ရာ၊ အဆင့်မြင့်အိမ်ရာနှင့် စီးပွားရေးအဆောက်အအုံများ ပါဝင်သော Mix Used Development စီမံကိန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အဆောက်အအုံ ဆောက်လုပ်ရန်အတွက် အိတ်ပိတ်တင်ဒါခေါ်ယူခြင်းဖြစ်ကာ လျှောက်လွှာများအား ယခုလ ၁၈ ရက်မှစတင်၍ ဝယ်ယူနိုင်ပြီး နိုဝင်ဘာ ၃ဝ ရက် နောက်ဆုံးထားကာ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

 

 

Credit: Yangon Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

From 03 Jun To 30 Jun

AREA ONE Online Sales Event

shwe-wutthmone
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service