နိုင်ငံခြားသားများကို ကွန်ဒိုရောင်းချခွင့်ပြုရန် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအချို့ တောင်းဆို - Property News in Myanmar from iMyanmarHouse.com
1211 Views

နိုင်ငံခြားသားများကို ကွန်ဒိုရောင်းချခွင့်ပြုရန် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအချို့ တောင်းဆို

နိုင်ငံခြားသားများကို ကွန်ဒိုရောင်းချခွင့် အမြန်ဆုံးခွင့်ပြုပေးရန် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအချို့က တောင်းဆိုသည်။

ငါးနှစ်ကိုးလကြာ ရေးဆွဲ အတည်ပြုခဲ့သည့် ကွန်ဒိုမီနီယံ ဥပဒေ၊ နည်းဥပဒေများထွက်လာ သော်လည်း ဥပဒေကျင့်သုံးရေး ကော်မတီတစ်ရပ်ဖွဲ့စည်းရန် လို အပ်နေခြင်းကြောင့် နိုင်ငံခြားသား များကို လက်ရှိအချိန်အထိရောင်းချနိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌ (၁) ဦးစိုင်းခွန်နောင်က ပြောသည်။

‘‘ နိုင်ငံခြားသားတွေက ဒီနေ့အထိ ၀ယ်ခွင့်မရသေးဘူး’’ဟု ဦးစိုင်းခွန်နောင်က ပြောသည်။ ကော်မတီဖွဲ့စည်းရေးနှင့် ပတ်သက်၍လည်း အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ၎င်းက မျှော်လင့်နေသည်။

ကွန်ဒိုဥပဒေတွင် နိုင်ငံခြား သားများဝယ်ယူပိုင်ဆိုင်ခွင့်ကို ၄၀ ရာခိုင်နှုန်းအထိ ခွင့်ပြုပေးထား သည်။ နိုင်ငံခြားသားများဝယ်ယူ ရင်းနှီးမြှုပ်နှံမည်ဆိုပါက တည်ဆောက်ရေးလုပ်ငန်းများအတွက် လည်း ရင်းနှီးငွေများရရှိမည်ဟု MKT ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

မြန်မာနိုင်ငံ၏ တည်ဆောက်ရေးလုပ်ငန်းများသည် အခွန်နှုန်းထားကြီးခြင်း၊ ဘဏ်အတိုးနှုန်း များခြင်းနှင့် အိမ်ခြံမြေဈေးကွက်တွင် ၀ယ်ယူရင်းနှီးမြှုပ်နှံမှုနည်းခြင်းတို့ကြောင့် အခက်အခဲများရှိ နေကြောင်း ၎င်းကဆိုသည်။

ငွေကြေးချမ်းသာသူအချို့ က ကျပ်ငွေတန်ဖိုးအပေါ် ယုံကြည်မှုကျဆင်းပြီး အိမ်ခြံမြေတွင် ရင်း နှီးမြှုပ်နှံရန် စိတ်ဝင်စားလာသော် လည်း ဈေးကွက်တစ်ခုလုံး အရောင်းအ၀ယ် အေးနေသည်ဟု iMyanmarHouse.com မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။

လက်ရှိအိမ်ခြံမြေဈေးကွက် တွင် ကျပ်သိန်း ၁,၀၀၀ ခန့်တန်ဖိုး ရှိ ခြံမြေများနှင့် ကျပ်သိန်း ၃,၀၀၀မှ ၄,၀၀၀ အကြားတန်ဖိုးရှိအိမ်ခြံမြေအချို့အရောင်းအ၀ယ်အနည်းငယ်ရှိသည် ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

အရောင်းအ၀ယ်အေးသော်လည်း ၀ါကျွတ်ကာလနီးကပ်လာခြင်းကြောင့် အိမ်ငှားဈေးကွက်အနည်းငယ်ပြန်လည်အသက်ဝင်လာသည်ဟု ဦးနေမင်းသူက ပြောသည်။ အများဆုံးငှားလိုသည့် နှုန်းထားများက ကျပ် ၃၀၀,၀၀၀ အောက် တိုက်ခန်း၊ အိမ်ခန်းများ ဖြစ်ပြီး ကျပ် ၃၀၀,၀၀၀ မှ ကျပ် ၅၀၀,၀၀၀ အကြားက ဒုတိယ လိုက်ကြောင်း၎င်းကပြောသည်။

သို့သော် နိုင်ငံခြားသားများ ပြည်တွင်းလာရောက်မှုနည်းခြင်း၊ စီးပွားရေးလုပ်ငန်းများလျော့နည်းခြင်းကြောင့် ရုံးခန်းများဖွင့်လိုသည့် လုံးချင်းအိမ်ငှားရမ်းလိုမှုက ၃၀ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့ သည်ဟုဆိုသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service