ရွှေဈေး ၁၀ သိန်းကျော်၊ တစ်ဒေါ်လာ ၁၅၈၀ ကျပ်ရောက် - Property News in Myanmar from iMyanmarHouse.com
1133 Views

ရွှေဈေး ၁၀ သိန်းကျော်၊ တစ်ဒေါ်လာ ၁၅၈၀ ကျပ်ရောက်

မြင့်တက်နေသော အမေရိကန်ဒေါ်လာဈေးနှုန်းသည် ယခုနှစ်အတွင်း ထပ်မံ၍ စံချိန်တင်အမြင့်ဆုံးဈေးအဖြစ် တစ်ဒေါ်လာလျှင် ကျပ် ၁၅၈၀ သို့ ရောက်ရှိပြီး အခေါက်ရွှေဈေးမှာလည်း တစ်ကျပ်သားလျှင် ကျပ် ၁၀ သိန်းကျော်သို့ စံချိန်တင်ရောက်ရှိကြောင်း ငွေကြေးဈေးကွက်နှင့် ရွှေဈေးကွက်များအတွင်းမှ သိရသည်။

ဒေါ်လာဈေးသည် အမြင့်ဈေးဖြင့် ငြိမ်သက်နေရာမှ ပြီးခဲ့သည့်ရက်ပိုင်း အတွင်းမှစတင်၍ ပြန်လည်မြင့်တက်ခဲ့ပြီး ယင်းရက်ပိုင်းကထက် တစ်ဒေါ်လာလျှင် ၂၀ ကျပ်ခန့်အထိ မြင့်တက်လာကြောင်း ရွှေဈေးမှာ ပြီးခဲ့သည့်ရက်ပိုင်းကတည်းက မြင့်တက်နေရာမှ ဆက်လက်မြင့်တက်လာပြီး စံချိန်တင်ဈေးအဖြစ်သို့ ရောက်ရှိလာစေခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဈေးကွက်များအတွင်းမှ သိရသည်။

ဒေါ်လာဈေးသည် ဈေးကစားသူများနှင့် သွင်းကုန်အတွက် ဒေါ်လာဝယ်ယူသူများခြင်းကြောင့် မြင့်တက်လာခြင်းဖြစ်ပြီး ဆက်လက်မြင့်တက်လာနိုင်ခြေရှိကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

“ဈေးတက်တာက အမေရိကန်နဲ့ တရုတ်အခြေအနေကြောင့်လည်းပါတယ်။ ဆက်တက်မတက်ကတော့ ပြောရတော့ ခက်တယ်” ဟု ဝါးခယ်မ ငွေလဲကောင်တာပိုင်ရှင် ဒေါက်တာစိုးထွန်းက ပြောဆိုသည်။

ဒေါ်လာဈေးသည် ယခုနှစ်အတွင်း သမိုင်းတစ်လျှောက် အမြင့်ဆုံးအဖြစ် ဩဂုတ်လဒုတိယပတ်အတွင်းက တစ်ဒေါ်လာလျှင် ၁၅၇၅ ကျပ်ဖြင့် စံချိန်တင်ထားရာမှ ယခုအခါ ယင်းဈေးနှုန်းထက် မြင့်တက်သွားခြင်းဖြစ်သည်။

လက်ရှိအမေရိကန်ဒေါ်လာဈေးကွက်အတွင်း ပြည်ပဈေးသည် တစ်ဒေါ်လာလျှင် ၁၅၈၀ ကျပ်၊ ပုဂ္ဂလိကဘဏ်ဈေးသည် တစ်ဒေါ်လာလျှင် ၁၅၈၀ ကျပ်နှင့် ဗဟိုဘဏ်ဈေးသည် တစ်ဒေါ်လာလျှင် ၁၅၅၀ ကျပ်ဈေးရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ထို့ပြင် ရွှေဈေးနှုန်းများမှာလည်း မြင့်တက်နေပြီး ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ဆယ်သိန်းနှစ်ထောင့်ငါးရာဈေးရှိကာ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၉၈ ဈေးရှိကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းမှ သိရသည်။

 

Credit: The Voice

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service