ကမ္ဘာ့ရွှေဈေး ၁၁၉၆ ဒေါ်လာဝန်းကျင်ရှိပြီး ဒေါ်လာဈေးပြန်တက်ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၉၁၇၀၀ အထိ စံချိန်တင်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
1231 Views

ကမ္ဘာ့ရွှေဈေး ၁၁၉၆ ဒေါ်လာဝန်းကျင်ရှိပြီး ဒေါ်လာဈေးပြန်တက်ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၉၁၇၀၀ အထိ စံချိန်တင်မြင့်တက်

 ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာ ၁၁ ရက်တွင် ၁၁၉၆ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာဈေးပြန်တက်ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၉၁၇၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့သည်။ ၂၀၁၇ ခု နှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၈၀၀ ဖြင့် စံချိန်တင်ထားကာ ၂၀၁၈ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ကျပ် ၉၅၈၉၀၀၊ သြဂုတ် ၂၄ ရက်တွင် ကျပ် ၉၆၁၃၀၀၊ သြဂုတ် ၂၅ ရက်တွင် ကျပ် ၉၆၃၅၀၀၊ သြဂုတ် ၂၆ ရက်တွင် ကျပ် ၉၆၄၅၀၀၊ သြဂုတ် ၂၇ ရက်တွင် ကျပ် ၉၆၉၄၀၀၊ သြဂုတ် ၂၈ ရက်တွင် ၉၈၅၀၀၀ ဖြင့် ခြောက်ရက်ဆက်တိုက် စံချိန်ချိုးခဲ့သည်။ သြဂုတ် ၃၀ ရက်တွင် ကျပ် ၉၆၉၀၀၀ အထိ ပြန်လည်ကျဆင်းခဲ့ပြီး စက် တင်ဘာ ၁၀ ရက်တွင် ကျပ် ၉၈၉၂၀၀ ၊ စက်တင်ဘာ ၁၁ ရက်တွင် ကျပ် ၉၉၁၇၀၀ ဖြင့် အမြင့်ဆုံးစံချိန်တင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်န၀ါရီ ၉ ရက်တွင် ၉၃၈၀၀၀ ၀န်းကျင်ဖြစ်ပေါ်နေသော ပြည်တွင်းရွှေဈေးသည် ဇန်န၀ါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိမြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၉၄၄၆၀၀၊ မတ် ၇ ရက်တွင် ၉၄၁၂၀၀၊ မတ် ၃၁ ရက်တွင် ၉၃၉၅၀၀၊ ဧပြီ ၁၉ ရက်တွင် ၉၄၈၄၀၀၊ မေ ၉ ရက်တွင် ကျပ် ၉၃၈၀၀၀၊ ဇွန် ၆ ရက်တွင် ၉၃၂၉၀၀၊ ဇူလိုင် ၃ ရက်တွင် ၉၃၄၁၀၀၊ ဇူလိုင် ၂၆ ရက်တွင် ကျပ် ၉၅၀၅၀၀၊ သြဂုတ် ၂၈ ရက်တွင် ၉၈၅၀၀၀ ကျပ်၊ စက်တင်ဘာ ၁၁ ရက်တွင် ကျပ် ၉၉၁၇၀၀ ဖြင့် စံချိန်သစ်ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက ဇွန်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၁၇၀၀ (ဇွန် ၅ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၃၉၅၀၀ (ဇွန် ၁၅ ရက်)၊ ဇူလိုင်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၉၃၄၁၀၀ ( ဇူလိုင် ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၅၀၅၀၀ (ဇူလိုင် ၂၆ ရက်)၊ သြဂုတ်လအတွင်း ပြည်တွင်းရွှေ ဈေးနှုန်းအနိမ့်ဆုံးနှုန်း ကျပ် ၉၄၇၃၀၀ (သြဂုတ် ၆ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၈၅၀၀၀ (သြ ဂုတ် ၂၈ ရက်) တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ်ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့်အမြင့်ဆုံး ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇန်န၀ါရီတွင် ၁၃၁၀-၁၃၆၄ ဒေါ်လာ၊ ဖေဖော်ဝါရီတွင် ၁၃၁၇-၁၃၄၇ ဒေါ်လာ၊ မတ်တွင် ၁၃၁၂-၁၃၅၅ ဒေါ်လာ၊ ဧပြီတွင် ၁၃၂၃ -၁၃၅၄၊ မေတွင် ၁၂၈၈-၁၃၁၉၊ ဇွန်တွင် ၁၂၅၂- ၁၂၉၉၊ ဇူလိုင်တွင် ၁၂၁၁-၁၂၅၊ သြဂုတ် ၁၁၇၄- ၁၂၂၁ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက်ဒေါ်လာ ၃၀ ၀န်းကျင်မှ ၅၀ ကျော် အထိရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် သြဂုတ်လလယ်တွင် ၁၁၇၄ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ကာ သြဂုတ် ၃၁ ရက်တွင် ၁၂၀၆ ဒေါ်လာ၊ စက်တင်ဘာ ၁၁ ရက်တွင် ၁၁၉၆ ဒေါ်လာဝန်းကျင် ဖြစ်ခဲ့သည်။

 

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service