အထပ်မြင့်အဆောက်အအုံနှင့်ပတ်သက်၍ တနိုင်ငံလုံးအတိုင်းအတာအရ ၃၄ထပ်သာခွင့်ပြုပေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
1740 Views

အထပ်မြင့်အဆောက်အအုံနှင့်ပတ်သက်၍ တနိုင်ငံလုံးအတိုင်းအတာအရ ၃၄ထပ်သာခွင့်ပြုပေးလျက်ရှိ

အထပ်မြင့်အဆောက်အအုံနှင့်ပတ်သက်၍ တနိုင်ငံလုံးအတိုင်းအတာအရ ၃၄ ထပ်သာ ခွင့်ပြုပေးလျက်ရှိကြောင်းအထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့(CQHP)ဥက္ကဋ္ဌမှ ပြောကြားသည်။

"လက်ရှိတွင် တနိုင်ငံလုံးအတိုင်းအတာအရ အထပ်မြင့်ဆိုလို့ ရန်ကုန်တွင် ၃၄ ထပ် အဆောက်အအုံနှစ်လုံးပဲရှိတယ်။အထပ်မြင့်တွေကို သတ်မှတ်ချက်အနေနှင့် ဘာနဲ့တိုင်းတာလဲဆိုရင် ရွှေတိဂုံဘုရားထက်မမြင့်ရဘူး။နောက်တစ်ခုက ပင်လယ်ရေမျက်နှာပြင်အထက် ၄၁၇ ပေထက်တိုးမပေးဘူး။ဒါကြောင့်အမြင့်ဆုံးခွင့်ပြုပေးနေတာက ၃၄ ထပ်ပဲရှိပါတယ်"ဟု သိရသည်။

တနိုင်ငံလုံးအတိုင်းအတာအရ ယခုအချိန်ထိ CQHP အဖွဲ့မှ ခွင့်ပြုပေးခဲ့သည်။၁၂ ထပ်ခွဲအထပ် အဆောက်အအုံအရေအတွက်မှာ ၃ဝဝ မပြည့်သေးကြောင်း၊ယင်းအထဲတွင် အမြင့်ဆုံး ၃၄ထပ် အဆောက်အအုံနှစ်လုံးသာရှိပြီး ရန်ကုန်မြို့ အင်းယားလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်တွင် တလုံးနှင့် ဖိုးစိန်လမ်းတွင် တလုံးတိြု့ဖစ်ကြောင်း သိရသည်။

CQHP သည် ၁၂ထပ်ခွဲအထက်ရှိ အဆောက်အဦများကိုသာ စစ်ဆေးပြီး ၁၂ထပ်ခွဲအောက်အဆောက်အဦများကိုမူသက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့မှ စစ်ဆေးကြောင်း ၁၂ထပ် အထက် အဆောက်အဦများကို စည်ပင်ဌာနမှ ဦးစွာစစ်ဆေးပြီး CQHP သို့ရောက်လာကြောင်း၊ကနဦး စစ်ဆေးမှုတွင်ပင် ပင်လယ်ပြင် မျက်နှာပြင် အထက် ၄၁၇ ပေဖြင့် တိုင်း၍ တည်ဆောက်မည့်ဇုန်နေရာ၊မြေအနေအထားကို ဦးစွာ တိုင်းတာပြီးမှ အထပ်အရေအတွက် သတ်မှတ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံများကို Pile Foundation ဖြင့်သာ တည်ဆောက်ခွင့်ပြုပြီး ဒီဇိုင်းထုတ်ရာတွင် E-Test နှင့်တွက်ကာရိုးရိုး Foundation နှင့်ပေးထားခြင်းမရှိကြောင်း၊Pile Foundation သည် ငလျင်ဒဏ်ကို လည်းခံနိုင်ကြောင်း ရန်ကုန်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ သိရသည်။

ထို့အပြင်အထပ်မြင့်ဆောက်လုပ်ရန် သင့်၊မသင့် ဇုန်အလိုက်မြေနေရာခွဲခြားသတ်မှတ်ထားပြီး ရန်ကုန်စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်အတွင်း မြို့တွင်းခြောက်မြို့နယ် နှင့် စမ်းချောင်း၊ဗဟန်း၊ကမာရွတ်၊ဒဂုံ၊မင်္ဂလာတောင်ညွှန့်၊ရန်ကင်း၊တာမွေ၊ကြည့်မြင်တိုင်၊အလုံ နှင့် မရမ်းကုန်းမြို့နယ်များတွင် အထပ်မြင့်တည်ဆောက်မှုကို ထိန်းချုပ်ထားကြောင်း ရန်ကုန်စည်ပင်အင်ဂျင်နီယာ ဌာန(ယာ/အုံ)မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားကြောင်း သိရသည်။

 

Credit :News Watch

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service