ရန်ကုန်နဲ့ မန္တလေးမြို့ရှိ တိုက်ခန်းကွန်ဒိုတွေရဲ့ ပြီးစီးမှုနဲ့ ငွေပေးချေမှုစနစ် - Property News in Myanmar from iMyanmarHouse.com
1518 Views

ရန်ကုန်နဲ့ မန္တလေးမြို့ရှိ တိုက်ခန်းကွန်ဒိုတွေရဲ့ ပြီးစီးမှုနဲ့ ငွေပေးချေမှုစနစ်

ရန်ကုန်မြို့နဲ့ မန္တလေးမြို့ရဲ့ ဆောက်လုပ်ဆဲ တိုက်ခန်းတွေရဲ့ ဆောက်လုပ်ပြီးစီးမှုနဲ့ အရစ်ကျ ငွေပေးချေမှုပုံစံတွေကို ဖော်ပြပေးပါမယ်။ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရဲ့ ရွှေဂွမ်းရုံအိမ်ရာ အဆင့်မြင့် ကြိုပွိုင့်တိုက်ခန်းတွေကို (၃)နှစ် အရစ်ကျနဲ့ ဝယ်ယူနိုင်ပါတယ်။

ရွှေဂွမ်းရုံအိမ်ရာကို Thanti Thitsar Construction က ဆောက်လုပ်ပြီး အခန်းအကျယ်တွေက (၄၂၉)စတုရန်းပေကနေ (၅၆၁) စတုရန်းပေ အထိ ကျယ်ဝန်းပါတယ်။ Hall Type အမျိုးအစားဖြစ်ပြီး မြေညီထပ်၊ ကားပါကင် ပါဝင်ပါတယ်။ အခန်းဈေးနှုန်းတွေက ပထမထပ်(မြောက်ဘက်) သိန်း (၄၀၀၊ ၄၅၀)၊ ဒုတိယထပ်(မြောက်ဘက်) သိန်း (၃၇၀)နဲ့ (၄၁၀)၊ တတိယထပ်(မြောက်ဘက်) သိန်း (၃၄၀)နဲ့ (၃၇၅)၊ စတုတ္ထထပ်(မြောက်ဘက်) သိန်း (၃၀၀)နဲ့ (၃၃၅) သိန်း ဖြစ်ပါတယ်။ ပထမထပ်(တောင်ဘက်) သိန်း (၃၈၀၊ ၄၂၀)၊ ဒုတိယထပ်(တောင်ဘက်) သိန်း (၃၅၀)နဲ့ (၃၉၀)၊ တတိယထပ်(တောင်ဘက်) သိန်း (၃၂၀)နဲ့ (၃၆၀)၊ စတုတ္ထထပ်(တောင်ဘက်) သိန်း (၂၉၀)နဲ့ (၃၂၀) ဖြစ်ပါတယ်။ RC ခင်း၊ ကိုယ်ပိုင်မီတာ၊ ကိုယ်ပိုင်မော်တာ၊ ရေ၊ မီး၊ မီးဖိုခုံ၊ ဘေစင်ကြွေပြားကပ်ပါဝင်ပြီး အနီးနား ထင်ရှားတဲ့နေရာတွေက ဂွမ်းရုံဈေး၊ ကျောင်း၊ ဈေးအနီး တည်ရှိပြီး စိန်ပန်းလမ်းမပေါ် တည်ရှိတာကြောင့် သွားလာရလွယ်ကူ အဆင်ပြေပါတယ်။

 

အမှတ်(၂၄၃)

အမှတ်(၂၄၃)၊ စကားဝါ Apartment ကို (၃၀)ရာခိုင်နှုန်း ပေးချေပြီး ကျန်ငွေကို ကမ္ဘောဇဘဏ် ဒါမှမဟုတ် စီဘီဘဏ်နဲ့ ချိတ်ဆက်ပြီး (၅)နှစ်အရစ်ကျနဲ့ ဝယ်ယူနိုင်ပါတယ်။ ပရောဂျက်ကို Sun Myat Tun Construction က လုပ်ပြီး (၂၀၁၉)ခုနှစ် ပြီးစီးမှာ ဖြစ်ပါတယ်။ အခန်းအကျယ်မှာ (၁၂x၅၀)ပေ ကျယ် ဝန်းပြီး ကျပ်သိန်း (၂၁၀)ကနေ ကျပ်သိန်း (၆၅၈)သိန်း အထပ်မြင့်ပေါ်မူတည်ပြီး ကွာခြားပါတယ်။ အမှတ်(၂၄၃) စကားဝါ (၃)လမ်းနဲ့ သဒ္ဒါလမ်းထောင့်၊ ဒေါပုံမြို့နယ်မှာ တည်ရှိပါတယ်။

 

Modernized Apartment

ဒေါပုံမြို့နယ် ဗိုလ်ဆွန်ပတ်လမ်းရှိ Modernized Apartment ကို ကမ္ဘောဇဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်ယူနိုင်ပါတယ်။ စာချုပ်ချုပ်ဆိုတဲ့နေ့မှာ (၃၀)ရာခိုင်နှုန်း ပေးသွင်းရမှာဖြစ်ပြီး မိမိယူလိုတဲ့ နှစ်ရှည်ပမာဏပေါ်မူတည်ပြီး ဆောက်လုပ်ရေးကုမ္ပဏီကို သွင်းစရာမလိုဘဲ ဘဏ်ကို အရစ်ကျပေးချေရမှာ ဖြစ်ပါတယ်။ Sun Myat Tun Construction က တာဝန်ယူဆောက်လုပ်မှာဖြစ်ပြီး Hall Type အမျိုးအစား ဖြစ်ပါတယ်။

 

ရေချိုးခန်း၊ ကြမ်းခင်းနဲ့ နံရံအမြင့် (၅)ပေအထိ ကြွေပြားကပ်၊ ရေချိုးခန်းအတွင်း ရေပန်းနဲ့ ရေတိုင်ကီ တပ်ဆင်ပေးထားပြီး အိမ်သာကြမ်းခင်းနဲ့ ကြွေပြားခင်းနဲ့ နံရံအမြင့် (၅)ပေ ကြွေပြားကပ်ပေးခြင်း၊ အိမ်သာဘိုထိုင်တပ်ပေးခြင်း၊ (၃)ပေ အမြင့် မီးဖိုခုံ ပြုလုပ်ပေးခြင်း၊ မီးဖိုခုံမျက်နှာပြင်နဲ့ မီးဖိုခုံနံရံ (၃)ပေအမြင့်အထိ ကြွေပြားကပ်ပေး၊ မီးဖိုခန်းကြမ်းခင်းကြွေပြားခင်း၊ နံရံကပ်ဘေစင် တပ်ဆင်ပေးခြင်း၊ မြေအောက်ရေကန်ထားရှိပေးခြင်း၊ ကိုယ်ပိုင်မီတာ၊ ကိုယ်ပိုင်မော်တာ၊ စာတိုက်ပုံး ပါရှိပါတယ်။ ဈေးနှုန်းတွေက (၅)လွှာ သိန်း (၂၀၀)၊ (၃)လွှာ သိန်း (၂၅၀)၊ (၂)လွှာ သိန်း (၂၈၀)၊ (၁)လွှာ သိန်း (၅၅၀) ဖြစ်ပါတယ်။

 

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin

Upcoming Property Events

shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service