ရန်ကုန်နဲ့ မကွေးမြို့ရှိ ဆောက်လုပ်ဆဲ တိုက်ခန်းတွေရဲ့ တည်ဆောက်ပြီးစီးမှုနဲ့ ငွေပေးချေမှုစနစ် - Property News in Myanmar from iMyanmarHouse.com
1489 Views

ရန်ကုန်နဲ့ မကွေးမြို့ရှိ ဆောက်လုပ်ဆဲ တိုက်ခန်းတွေရဲ့ တည်ဆောက်ပြီးစီးမှုနဲ့ ငွေပေးချေမှုစနစ်

ရန်ကုန်မြို့နဲ့ မကွေးမြို့ရဲ့ ဆောက်လုပ်ဆဲ တိုက်ခန်းတွေရဲ့ ဆောက်လုပ်ပြီးစီးမှုနဲ့ အရစ်ကျငွေပေးနိုင်တဲ့ ရောင်းဝယ်မှုပုံစံကို ဖော်ပြပေးလိုက်ပါတယ်။

+++ အမှတ် (၄၆) +++
အမှတ်(၄၆) Apartment ကို ငွေပေးချေမှုစနစ်သုံးမျိုးနဲ့ ရွေးချယ်ဝယ်နိုင်ပါတယ်။ ပထမတစ်မျိုးမှာ လက်ငင်းပေးချေစရာမလိုဘဲ (၂၄)လ အရစ်ကျ၊ ဒုတိယတစ်မျိုးမှာ (၂၀)ရာခိုင်နှုန်း အရင်ပေးချေပြီး (၂၄)လ အရစ်ကျ၊ တတိယတစ်နည်းမှာ (၃၀)ရာခိုင်နှုန်း အရင်ပေးချေပြီး (၁၂)လ အရစ်ကျနဲ့ ဝယ်နိုင်မှာ ဖြစ်ပါတယ်။ ပရောဂျက်ကို Zey Min Paing Construction က ဆောက်လုပ်ပြီး (၄၀)ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ပါတယ်။ အထပ်ပေါင်း (၅)ထပ်ရှိပြီး (၁)လွှာမှာ (၂)ခန်းပါဝင်ကာ Hall Type အမျိုးအစား ဖြစ်ပါတယ်။

အခန်းပေအကျယ်မှာ (၁၂.၆x၅၀)ရှိပြီး အခန်းတွေ အမြင့်မှာမှာ (၉)ပေရှိပြီး မြေညီထပ်အခန်းအမြင့်မှာ (၁၂)ပေ ရှိပါတယ်။ အခန်းဈေးနှုန်းမှာ ကျပ်သိန်း (၂၆၀)ကနေ ကျပ်သိန်း (၅၂၀)အထိ ရှိပြီး အထပ်မြင့်ပေါ် မူတည်ပါတယ်။ Apartment မှာ ဘုရင့်နောင်လမ်း၊ ဗမာအေးရပ်ကွက်၊ ဒေါပုံမြို့နယ်မှာ တည်ရှိကြောင်း Myanmar Builders Guide က သိရပါတယ်။.

+++ အမှတ် (၆၆၇) +++
အမှတ် (၆၆၇)၊ မင်းစေတီလမ်း ရွာမအနောက်၊ အင်းစိန်မြို့နယ် တိုက်ခန်းတွေကို ဝယ်ယူနိုင်ပါပြီ။ (၁၂.၅ပေx၅၀ပေ)ကျယ်ဝန်းတဲ့ (၃)ထပ်တိုက်အဆောက်အအုံဖြစ်ပြီး Besto Construction က တာဝန်ယူဆောက်လုပ်ပါတယ်။ အခန်းဈေးနှုန်းတွေမှာ သိန်း (၂၉၂၊ ၅၄၃) သိန်း ရှိပါတယ်။ ကိုယ်ပိုင်မီတာ၊ ကိုယ်ပိုင်မော်တာ၊ ရေ၊ မီး၊ မြေအောက်ရေကန်၊ အမိုးပေါ်ရေကန်၊ Power and Lighting Line ပါရှိပြီး ကားအဝင် အဆင်ပြေတဲ့နေရာတစ်ခု ဖြစ်ပါတယ်။

+++ မကွေးဧရာဝတီ အဆင့်မြင့် အိမ်ရာစီမံကိန်း +++
မကွေးဧရာဝတီ အဆင့်မြင့် အိမ်ရာစီမံကိန်းကို ဝယ်ယူနိုင်မယ့်ပုံစံမှာ မိမိဝယ်ယူလိုတဲ့ အခန်းတန်ဖိုးကို (၂၄)နဲ့ စားပြီး လစဉ်သွင်းပြီးရင် ဘဏ်နဲ့ ချိတ်ဆက်ပြီး (၅)နှစ်ခွဲဆပ်နိုင်မယ့် စနစ်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ မကွေးဧရာဝတီ အဆင့်မြင့်အိမ်ရာစီမံကိန်းကို Magaway Ayeyarwady Business Group က ဆောက်လုပ်ပါတယ်။ အခန်းအကျယ်မှာ (၁၂၂၀)နဲ့ (၈၇၆)စတုရန်းပေ ကျယ်ဝန်းပြီး တိုက်ခန်းတိုင်းမှာ Master Bedroom ပါရှိပါတယ်။

ကားပါကင် ပါရှိပါတယ်။ အခန်းဈေးနှုန်းမှာ (၂)ခန်းတွဲ မြေညီထပ်ကို သိန်း (၄၄၀)၊ ပထမထပ်ကို (၄၃၅) သိန်း၊ ဒုတိယထပ်ကို သိန်း (၄၃၀)၊ တတိယထပ်ကို (၄၂၅) သိန်း၊ စတုတ္ထထပ်ကို သိန်း (၄၂၀) ဖြစ်ပါတယ်။ (၄)ခန်းတွဲ မြေညီထပ်ကို သိန်း (၃၄၀)၊ ပထမထပ်ကို (၃၃၅) သိန်း၊ ဒုတိယထပ်ကို သိန်း (၃၃၀)၊ တတိယထပ်ကို (၃၂၅) သိန်း၊ စတုတ္ထထပ်ကို သိန်း (၃၂၀) ဖြစ်ပါတယ်။

RC ခင်း၊ ပိုင်ဖောင်ဒေးရှင်း၊ ရေ၊ မီး၊ ဘိုထိုင်အိမ်သာ၊ Power and Lighting Line အမိုးပေါ်ရေကန်နဲ့မြေအောက်ရေကန်ပါရှိပြီး ကျောင်း၊ ဈေး၊ ကားဂိတ်အနီး တည်ရှိပါတယ်။

Credit: Myanmar Builders Guide

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအာ
ကုန်သည်များ မှာယူထားသော ပမာဏထက် အာလူးပေါင်ချိန် (၁၂) သန်းခန့် ပိုလျှံနေသောကြောင့် စိုက်ခင်းရှင် လယ်သမားကြီးက အာလူးများအာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ

Upcoming Property Events

shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service