ဆောက်လုပ်ရေးတင်ဒါနဲ့ အငှားအိမ်ရာ လျှောက်လွှာခေါ်ယူ - Property News in Myanmar from iMyanmarHouse.com
1554 Views

ဆောက်လုပ်ရေးတင်ဒါနဲ့ အငှားအိမ်ရာ လျှောက်လွှာခေါ်ယူ

သည်တစ်ပတ်အတွင်းမှာ ခေါ်ယူနေတဲ့ တင်ဒါတွေ ရှိနေပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက အိတ်ပိတ်တင်ဒါ ခေါ်ယူနေပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ပြည်တော်သစ်အိမ်ရာရှိ ခြောက်ခန်းတွဲ လေးထပ်အဆောက်အအုံတစ်လုံးကို ဖြိုဖျက်ရှင်းလင်းရေးအတွက် အိတ်ပိတ်တင်ဒါသွင်းဖို့ ဖိတ်ခေါ်နေပါတယ်။

လေလံလျှောက်လွှာကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ကနေ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့အထိ ရုံးချိန်အတွင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွန်ကြားရေးမှူးရုံး၊ အမှတ်(၂၂၈/၂၃၄) ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်မှာ တင်သွင်းရမှာဖြစ်ပါတယ်။ တင်ဒါတင်သွင်းရမယ့်ရက်မှာ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၄ ရက် ရုံးချိန်အတွင်း တင်သွင်းနိုင်ပြီး အသေးစိတ်အချက်အလက်ကို ဖုန်း ၀၁၈-၃၇-၅၀၃၇ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လျှောက်လွှာတွေကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်၊ ၁၀:၀၀ နာရီကနေ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၀ ရက် ၄:၀၀ အထိ ရောင်းချမှာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက် ၁၀:၀၀ သြဂုတ်လ ၁၃ ရက် ၄:၀၀ အထိ ဧရာဝတီတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်သာ၊ ပုသိမ်မြို့မှာ တင်သွင်းနိုင်ပါတယ်။ ဖုန်း ၀၄၂-၂၃၇၇၄ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ မုံရွာအကျဉ်းထောင်မှာ ခြောက်ခန်းတွဲ နှစ်ထပ် ဝန်ထမ်းနေအိမ်တစ်လုံး ဆောက်လုပ်မှာ ဖြစ်တဲ့အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် တင်ဒါအဆိုပြုလွှာကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ကစပြီး အကျဉ်းဦးစီးဌာန၊ မုံရွာအကျဉ်းထောင်မှာ ဝယ်ယူနိုင်ပါတယ်။
ကုမ္ပဏီပရိုဖိုင်နဲ့အတူ ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၆ ရက်ကစတင်သွင်းဖို့ ဖိတ်ခေါ်ထားပြီး အသေးစိတ်ကို ဖုန်း ၀၇၁-၂၁၀၀၇ ကို ဆက်သွယ်နိုင်ကြောင်း မုံရွာအကျဉ်းထောင် အကျဉ်းဦးစီးဌာန တင်ဒါရွေးချယ်ရေးဦးစီး ကော်မတီက သိရပါတယ်။

+++ အငှားအိမ်ရာ +++

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၄)ရပ်ကွက်၊ ဥမ္မာဒန္တီမှာ ဆောက်လုပ်ပြီးစီးတဲ့ ရှစ်ခန်းတွဲ လေးထပ် အဆောက်အအုံတစ်လုံးက အိမ်ခန်း ၃၂ ခန်းနဲ့ လေးခန်းတွဲ ငါးထပ် အဆောက်အအုံက အိမ်ခန်းလွတ် သုံးခန်း စုစုပေါင်း ၃၅ ခန်းမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း နေထိုင်ရေး အခက်အခဲရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ အငြိမ်းစားဝန်ထမ်းတွေနဲ့ ဝင်ငွေနည်း အများပြည်သူတွေကို စိစစ်ပြီး ငါးနှစ်ငှားရမ်းနေထိုင်ခွင့်နဲ့ အငှားချထားပေးမှာ ဖြစ်တာကြောင့် လျှောက်ထားလိုသူတွေ ကိုယ်တိုင် နိုင်ငံသားစီစစ်ကတ်ပြားမူရင်းတင်ပြီး အိမ်ခန်းလျှောက်လွှာတွေကို ဝယ်ယူလျှောက်ထားနိုင်ပါတယ်။

လျှောက်လွှာတွေကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက် ၁၀:၀၀ နာရီကနေ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၀ ရက် ၄:၀၀ နာရီအထိ ရောင်းချမှာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက် ၁၀:၀၀ နာရီကနေ သြဂုတ်လ ၁၃ ရက် ၄:၀၀ နာရီအထိ ဧရာဝတီတိုင်းဒေသကြီး၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်သာ၊ ပုသိမ်မြို့မှာ တင်သွင်းနိုင်ပါတယ်။ ဖုန်း ၀၄၂-၂၃၇၇၄ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

From 03 Jun To 30 Jun

AREA ONE Online Sales Event

myat-ingyin
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service