ဒေါ်လာဈေးမြင့်တက်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ကြမ်းဈေးကွက် ၁၅ရာခိုင်နှုန်းခန့် မြင့်တက် - Property News in Myanmar from iMyanmarHouse.com
3721 Views

ဒေါ်လာဈေးမြင့်တက်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ကြမ်းဈေးကွက် ၁၅ရာခိုင်နှုန်းခန့် မြင့်တက်

မြန်မာငွေကျဆင်းမှုပြသနာများကြောင့်ပြည်ပမှတင်သွင်းသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းအားလုံးဈေးနှုန်း၁၅ရာခိုင်နှုန်းခန့်မြင့်တက်သွားကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ထံမှ သိရသည်။

"အခုကဆောက်လုပ်ရေးပစ္စည်းဈေးတွေကဒေါ်လာဈေးတက်တော့ ပြည်ပကတင်သွင်းတဲ့ပစ္စည်းတွေကတက်တယ် အဲ့ဒီတော့ဈေးကွက်ထဲမှာကကုန်ဈေးနှုန်းတွေတက်လာရင်အကုန်လိုက်တက်တော့ သဲတွေကျောက်တွေပါတက်လာတာ အခုဆိုရင်ဆောက်လုပ်ရေးပစ္စည်းအားလုံးခြုံကြည့်ရင်၁၅ရာခိုင်နှုန်းလောက်တက်သွားတယ်''လို့ ရွှေဥဒေါင်းမင်းဆောက်လုပ်ရေးလုပ်ငန်းမှမန်နေဂျင်းဒါရိုက်တာဦးနိုင်ဝင်းကပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့်ဈေးကွက်များမှာ နိုင်ငံခြားမှတိုက်ရိုက်တင်သွင်းသည့် သံဈေးကွက်တွင်တစ်တန်ကို ယခင်ကကျပ်၆သိန်းဝန်းကျင်မှ ယခုရက်ပိုင်းအတွင်ကျပ်၈သိန်းလောက်အထိမြင့်တက်သွားပြီးပြည်တွင်းမှရရှိသည့် အုတ်ဈေးမှာလည်း တစ်လုံးကို၂၀လောက်အထိမြင့်တက် သွားကြောင်းသိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းအများစုမှာ လုံးငန်းမရပ်တန့်ရန်ပုံမှန်အတိုင်းလည်ပတ်နေသော်လည်း ကန်ထရိုက်တိုက်အများစုမှာ အမြတ်ရရှိဖို့ထက်အရင်ကိုက်ရရှိရန် ကြိုးစားနေရကြောင်းဈေးကွက်အတွင်း သိရသည်။

ဒါအပြင်စတီးနှင့်သံပန်းတံခါးဈေးကွက်မှာလည်း နစ်ပေပတ်လည်ကို ကျပ်တစ်သောင်းဝန်းကျင်မှကျပ်သောင်းသုံးထောင်ဝန်းကျင်အထိဈေးမြင့်တက်မှုများဖြစ်ပေါ်နေပြီး သုံးစွဲသူများအဆင်ပြေစေရန်ပစ္စည်းအမျိုးအစားကို အရည်အသွေးပိုင်းအနည်းငယ်လျော့ချကာဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

ruby
yatanar-mall

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service