ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ကြုံတွေ့ရသည့်မူဝါဒဆိုင်ရာကိစ္စများကို MCEA ကြားခံဖြေရှင်းမည် - Property News in Myanmar from iMyanmarHouse.com
2974 Views

ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ကြုံတွေ့ရသည့်မူဝါဒဆိုင်ရာကိစ္စများကို MCEA ကြားခံဖြေရှင်းမည်

နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အခက်အခဲကြုံ တွေ့ရသည့် ဆောက်လုပ်ရေးကဏ္ဍမှ လုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ရှင်များအသင်း (MCEA)က အစိုးရနှင့်ဆက်သွယ်ကာ ကြားခံအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း MCEA ၏ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ဇူလိုင် ၁၀ ရက်က ပြောသည်။

ထို့ပြင် ဈေးကွက်ကျဆင်းနေသည့် ဆောက်လုပ်ရေးလောကအတွင်း အလုပ်အကိုင်ရရှိရေးအတွက် လည်း MCEA အနေဖြင့် အသင်းဝင်များအားလုံးကို လစဉ်ပုံမှန်တွေ့ဆုံကာ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“စည်ပင်ဥပဒေနဲ့ပတ်သက်လို့သော်လည်းကောင်း၊ တခြားဖြစ်ပြီး သား
အမိန့်ကြော်ငြာစာနဲ့ပတ်သက်ပြီးတော့လည်းကောင်း၊ အခက်အခဲရှိတဲ့ကန်ထရိုက်တာတွေ၊ လုပ်ငန်းရှင် တွေ အားလုံးကို ဒီနေ့ကစပြီး ဖိတ်ခေါ်ထားပါတယ်။ MCEA ကိုလာပြီးတော့ ခက်ခဲတဲ့ကိစ္စ၊ အားလုံးကို စာတင် ပြီး အကူအညီတောင်းခံနိုင်ပါတယ်။ တင်ပြလာတဲ့စာတွေပေါ်မူတည်ပြီး EC ထိုင်ပြီး မှန်ကန်ပြီး ခွင့်ပြုသင့်တယ်၊ တကယ်နစ်နာတယ်ဆိုတဲ့ကိစ္စရပ်တွေအားလုံးကို စုပေါင်းပြီးတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်မှာ လစဉ်အစည်းအဝေးလုပ်ဖို့ ရှိပါတယ်။ လတိုင်း တစ်ဦးတစ်ယောက်ချင်းမဖြေရှင်းဘဲနဲ့ အသင်းက ကြားခံအနေ နဲ့ တစ်ဦးတစ်ယောက်ချင်းကိစ္စရပ်တွေအဆင်ပြေသွားဖို့ အစိုးရနဲ့လုပ်ငန်းရှင် ကြားထဲမှာ ရင်ကြားစေ့လုပ် ဆောင်သွားဖို့ ရှိပါတယ်” ဟု ဦးရှိန်ဝင်းကပြောသည်။

မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၅ခုမှ အသင်း ၀င်များအပါအ၀င် အသင်းဝင်ပေါင်း ၂၇၇၇ ဦးရှိပြီး အင်ဂျင်နီယာများ၊ ကန်ထရိုက်တာများ၊ လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးပစ္စည်းရောင်းချသူများ၊ ထုတ်လုပ်သူများနှင့် လက်သမား၊ ပန်းရန်၊ သံချည်သံကွေးအစရှိသည့် အခြေခံလုပ်သားများအထိပါ ပါဝင်ကြောင်း ၊ ထို အသင်းဝင်အားလုံး၏ အလုပ်အကိုင်များအဆင်ပြေချောမွေ့ေ၇းအတွက် MCEA က တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Credit: Pyi Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်

Upcoming Property Events

mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service