ပထမဆုံးအကြိမ်ရွှေ့ပြောင်းနေထိုင်သူများအတွက် ဈေးအကြီးဆုံးမြို့များ အာရှပစိဖိတ်တွင် အများဆုံးတည်ရှိ - Property News in Myanmar from iMyanmarHouse.com
2911 Views

ပထမဆုံးအကြိမ်ရွှေ့ပြောင်းနေထိုင်သူများအတွက် ဈေးအကြီးဆုံးမြို့များ အာရှပစိဖိတ်တွင် အများဆုံးတည်ရှိ

ရွှေ့ပြောင်းနေထိုင်သည့် ပထမဆုံးလနေထိုင်မှုကုန်ကျစရိတ်များအရ ကမ္ဘာ့ဈေးအကြီးဆုံးမြို့များအနက် အာရှပစိဖိတ်မြို့များက အများဆုံးဖြစ်ကြောင်း
Nestpick ကမ္ဘာတစ်ဝန်းရှိ အသင့်ပြင်ဆင်ပြီးသားအငှားတိုက်ခန်း ရှာဖွေရေး ဝက်ဘ်ဆိုက်ဒ်၏ သုတေသနလေ့လာမှုတစ်ရပ်အရ သိရသည်။

ကမ္ဘာတစ်ဝန်း ဒုတိယဈေးအကြီးဆုံးနှင့် ဆဋ္ဌမဈေးအကြီးဆုံးမြို့များမှာ အော်ကလန်နှင့် ဆစ်ဒနီတို့ဖြစ်ကြသည်။ ၎င်းမြို့များသို့ ရွှေ့ပြောင်းနေထိုင်သူ
များသည် ပထမဆုံးလတွင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၄၀၀၂ ဒသမ ၇၆ နှင့် အမေရိကန်ဒေါ်လာ ၃၀၀၀ ဒသမ ၂၇ အသီးသီး ကုန်ကျနိုင်ပေသည်။

အိမ်ငှားခဈေးနှုန်းများ၊ ဗီဇာနှုန်းထားများ၊ ပို့ဆောင်ရေးစရိတ်များ၊အစားအသောက်စရိတ်များနှင့် အင်တာနက်ခများ အပါအဝင် အမျိုးမျိုးသော မက်ထရစ်များအပေါ် အခြေခံ၍ ကမ္ဘာတစ်ဝန်း မြို့ကြီး ၈၀ ကို လေ့လာခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်နှင့် စင်္ကာပူတို့က ဈေးအကြီးဆုံးမြို့ နံပါတ် ၁၂ နှင့် ၁၅ နေရာတို့တွင် ဖော်ပြခံခဲ့ကြရသည်။ ဟောင်ကောင်သို့ ရွှေ့ပြောင်းနေထိုင်သူများ
သည် ပထမလတွင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၆၅၄ ဒသမ ၃၁ ဒေါ်လာနှင့် စင်္ကာပူသို့ ရွှေ့ပြောင်းနေထိုင်သူများက ပထမလတွင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၃၉၀ ဒသမ ၇၀ ကုန်ကျကြကြောင်း သိရသည်။

ဒူဘိုင်းက ယင်းသို့ ပထမဆုံးလရွှေ့ပြောင်းနေထိုင်မှုကုန်ကျစရိတ် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၄၂၅၁ ဒသမ ၆၈ ကုန်ကျနိုင်မှုဖြင့် ပထမဆုံးအကြိမ်
ရွှေ့ပြောင်းနေထိုင်သူများအတွက် ကမ္ဘာ့ဈေးအကြီးဆုံးမြို့ ဖြစ်ကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။

ကွာလာလမ်ပူက အမေရိကန်ဒေါ်လာ ၁၀၁၄ ဒသမ ၅၆ နှင့် ပထမဆုံးအကြိမ်ရွှေ့ပြောင်းနေထိုင်သူများအတွက် ကုန်ကျစရိတ်အသက်သာဆုံးအာရှမြို့
ဖြစ်ခဲ့သည်။ ထို့အပြင် ပထမလအတွက် ပျမ်းမျှအိမ်ငှားစရိတ်တွင်လည်း အမေရိကန်ဒေါ်လာ ၃၇၈ ဒသမ ၄၃ ဖြင့် အာရှဈေးအသက်သာဆုံးဖြစ်ခဲ့သည်။

အခြားဈေးသက်သာသော အာရှမြို့များအဖြစ် ရှန်ဟိုင်းက စာရင်း၏ နံပါတ် ၄၄ နေရာတွင်လည်းကောင်း ဘန်ကောက်က နံပါတ် ၆၂ နေရာတွင်လည်းကောင်း အသီးသီးဖော်ပြခံခဲ့ရကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service