စက်မှုဇုန်သစ် ၁၁ ခု၏ တင်ဒါလုပ်ငန်းများ ပွင့်လင်းမြင်သာစေရန် ဒေသခံများအား ဦးစီးလုပ်ကိုင်စေမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
2579 Views

စက်မှုဇုန်သစ် ၁၁ ခု၏ တင်ဒါလုပ်ငန်းများ ပွင့်လင်းမြင်သာစေရန် ဒေသခံများအား ဦးစီးလုပ်ကိုင်စေမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး တွင် ဖော်ဆောင်မည့် စက်မှုဇုန် ၁၁ ခုအတွက် တင်ဒါခေါ်ယူခြင်း လုပ်ငန်းများ၌ ပွင့်လင်းမြင်သာ မှုရှိစေရန် ဒေသခံများကို ဦးစီး လုပ်ကိုင်စေမည်ဟု ရန်ကုန်တိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရက စည်ပင်သာယာနယ်နိမိတ် ပြင်ပရှိ ၁၁ မြို့နယ်တွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ ဖော်ဆောင်မည့် အစီရင်ခံစာနှင့်ပတ်သက်၍ လွှတ်တော်ကိုယ် စားလှယ်များက ဆွေးနွေးခဲ့မှုများ အပေါ် ဝန်ကြီးက ဇွန်လ ၂၀ ရက်၌ ပြုလုပ်သည့် တိုင်းဒေသကြီး လွှတ်တော်တွင် ပြန်လည်ရှင်းလင်းစဉ် ထည့်သွင်းပြောကြား သည်။

စက်မှုဇုန်စီမံကိန်းများအ တွက် မြေယာသိမ်းယူခြင်း၊ တင်ဒါခေါ်ယူခြင်းများတွင် ပွင့်လင်း မြင်သာမှုရှိရန် လုပ်ဆောင်မည်ဖြစ်ပြီး ဒေသခံများ ဦးဆောင် လုပ်ကိုင်စေမည့်စနစ် ဖော်ဆောင် မည်ဟု ဦးမောင်မောင်စိုးက ဆို သည်။

‘‘တင်ဒါကလည်း တစ်နည်း ပြောရရင် ဒေသခံအဖွဲ့ကပဲ ဦးစီး ပြီးတော့ လုပ်တာပိုကောင်းပါ တယ်။ ဘာကြောင့်လဲဆိုတော့ ဒေသဖွံ့ဖြိုးဖို့အတွက် တာဝန်အရှိ ဆုံးလူဟာ ဒေသက လူတွေပဲဖြစ် ပါတယ်။ သူ့ဒေသတိုးတက်ဖွံ့ဖြိုး ဖို့ ပေါ်လစီဂိုက်လိုင်း အစိုးရက ချပေးပြီး အကောင်အထည်ဖော် ရမှာ ဒေသတွင်းက လူတွေဖြစ်ပါ တယ်’’ဟု ၎င်းက ပြောသည်။

သို့သော် ဒေသခံများကို မည်ကဲ့သို့ ဖွဲ့စည်းတာဝန်ပေးမည်ဆို သည်ကို ဦးမောင်မောင်စိုးက အ သေးစိတ်ရှင်းလင်းပြောကြားခြင်း မရှိပေ။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရက စည်ပင်သာယာနယ်နိမိတ် ပြင်ပရှိ မြို့နယ်များကို ဖွံ့ဖြိုးစေ ရန်ဆိုကာ စက်မှုဇုန် ၁၁ ခု ဖော်ဆောင်ရန် လွှတ်တော်သို့ ကနဦးအစီရင်ခံစာတင်သွင်းခဲ့ သည်။

ယင်းစီမံကိန်းသည် ဒေသ ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေသဖြင့်ထောက်ခံသည့် လွှတ်တော်ကိုယ်စားလှယ်များရှိသကဲ့သို့ လက်ရှိတွင် စက်မှုဇုန် ၁၁ ခုစလုံး တစ်ပြိုင်တည်းဖော်ဆောင်ရန် မသင့်ဟုဆိုကာ ကန့်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ်များလည်းရှိသည်။

ရန်ကုန်မြို့တွင် လက်ရှိဖွင့် လှစ်ထားသည့် စက်မှုဇုန် ၂၉ ခု ကို ဖွံ့ဖြိုးအောင် ဦးစွာဆောင်ရွက် သင့်ပြီး လျှပ်စစ်မီးအပါအဝင် အခြေခံလိုအပ်ချက်များ ပြည့်စုံ လာမှသာ အခြားစက်မှုဇုန်အသစ် များ ဖော်ဆောင်သင့်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာ ရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက အကြံပြုထားသည်။

အစိုးရအနေဖြင့် မကြာမီ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဝေ ပေးနိုင်မည့် စီမံကိန်းများ ဆောင် ရွက်နေခြင်းကြောင့် စက်မှုဇုန်အသစ်များ လျှပ်စစ်ဓာတ်အားလို အပ်ချက်ကို ဖြေရှင်းနိုင်မည်ဟု ဦးမောင်မောင်စိုးက ဆိုသည်။

ထို့အပြင် ဖွံ့ဖြိုးရေးလုပ်ငန်း များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသဖြင့် စက်မှုဇုန် ၁၁ ခုကို အချိန်ခွဲလုပ်ကိုင်ရန် မဖြစ်နိုင်ဘဲ တစ်ပြိုင်တည်းဆောင်ရွက်မှသာ အဆင်ပြေနိုင်မည်ဟု ၎င်းက ပြောသည်။

စက်မှုဇုန် ၁၁ ခု ဖော်ဆောင် မည့် အစီရင်ခံစာကို ဝန်ကြီး ဦးမောင်မောင်စိုးက ပြန်လည်ရှင်း လင်းပြီးနောက် လွှတ်တော်၏ သဘောထား တောင်းခံရာ ကန့်ကွက်သူမရှိ၍ မှတ်တမ်းတင် ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထိုသို့ မှတ်တမ်းတင်ခြင်း သည် စီမံကိန်းလုပ်ကိုင်ခွင့်ပြုခြင်း မဟုတ်ဘဲ စီမံကိန်းလုပ်ကိုင်မည် ဆိုပါက အသေးစိတ်အချက်အ လက်များကို လွှတ်တော်သို့ ထပ်မံ တင်ပြ ခွင့်ပြုချက်ရယူရမည်ဖြစ် သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

From 03 Jun To 30 Jun

AREA ONE Online Sales Event

myat-ingyin
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service