အမည်ပေါက်ဆီက ဝယ်မှာလား၊ တစ်ဆင့်ဂရန်ဆီက ဝယ်မှာလား - Property Knowledge in Myanmar from iMyanmarHouse.com
11898 Views

အမည်ပေါက်ဆီက ဝယ်မှာလား၊ တစ်ဆင့်ဂရန်ဆီက ဝယ်မှာလား

Knowledge | Posted by Si Thu Aung

အိမ်ခြံမြေဝယ်သူအများစုက အမှန်တကယ်နေထိုင်ဖို့ ဝယ်သူတွေဖြစ်ပြီး အိမ်ခြံမြေဝယ်တဲ့အခါ သိထားသင့်တဲ့အရာတချို့ ရှိပါတယ်။

+++ အမည်ပေါက်ဆီက ဝယ်ရင် +++

ဂရန်နာမည်ပေါက်ဆီက ဝယ်ရင် အလုပ် မရှုပ်တော့ပါဘူး။ နာမည်ပေါက်က ဂရန်မြေပုံကူးယူ၊ မြေပုံကို စည်ပင်ကရလာတဲ့နေ့မှာ ကျန်ငွေကို ပေးချေရတယ်။ ပြီးတော့ ရောင်းသူက ဝယ်သူကို အထူးကိုယ်စားလှယ်လွှဲစာ မှတ်ပုံတင်ရုံးမှာ လုပ်ပေးလိုက်ရင် ကိစ္စက ပြီးသွားပါတယ်။ ဝယ်သူက နောက်မှ
အေးအေးဆေးဆေး အမည်ပေါက်ကိစ္စကို ဆောင်ရွက်နိုင်ပါတယ်။

+++ တစ်ဆင့်ဂရန်ဝယ်ရင် +++

တစ်ဆင့်ဂရန်ကနေ ဝယ်မယ်ဆိုရင် တကယ်တမ်း ရောင်းသူမှတ်ပုံတင်နဲ့ တိုက်ဆိုင် စစ်ဆေးကြည့်တဲ့အခါမှာ ပြန်ရောင်းချခဲ့လို့ သူတို့ လက်ရှိဝယ်နေတာ၊ အထူးကိုယ်စားလှယ်လွှဲစာယူထားပြီး နာမည်မပြောင်းရသေးတာ၊ ပိုပြီး ခက်ခဲတာကတော့ ပါဝါလက်ခံထားသူက သေသွားပြန်တာ၊ အဲဒီတော့ သူတို့
လက်ထဲမှာရှိတဲ့ ကိုယ်စားလှယ်လွှဲစာက သုံးမရပြန်ဘူး။ ဒါကြောင့် အသစ်ပြန်လုပ်ရင် အလုပ်ပိုရှုပ်နိုင်ပါတယ်။ အသစ်ပြန်လုပ်မယ်ဆိုရင် အရန် ဂရန်အမည်ပေါက်ခေါ် အထူးကိုယ်စားလှယ်လွှဲစာထပ်ယူ အမည်ပြောင်းတဲ့အထိ သွားရပါတယ်။

+++ ပွဲစား +++

အိမ်ခြံမြေဝယ်တဲ့အခါ စည်ကားတဲ့ရပ်ကွက်၊ မြို့နယ်အတွင်းမှာ ဝယ်ကြတာ ဖြစ်တယ်။ ဒါကြောင့်မြို့သစ်တွေမှာ ဝယ်မယ်ဆိုရင် ကြုံတွေ့ရတာက ပွဲစားဖြစ်တယ်။ ပွဲစားတွေမှာ မြေပြင်မှာ တွေ့ရတဲ့ပွဲစားနဲ့ အွန်လိုင်းပေါ်မှာတွေ့ရတဲ့ ပွဲစားတွေ ရှိပါတယ်။ မြေနဲ့အိမ်ဝယ်ဖို့ အွန်လိုင်းပေါ်မှာတွေ့ပြီးတာနဲ့
အွန်လိုင်းက ပွဲစားနဲ့ဝယ်မယ်ဆိုရင် နေရာလိုက်ပြ၊ ကြိုက်ရင် ရောင်းဈေးပြောတယ်။ ဝယ်မယ်ဆိုရင် ရောင်းမယ့်သူနဲ့ ရောင်းမယ့်အိမ်မှာ လက်ရှိနေတဲ့ပိုင်ရှင်ကို ကိုယ်တိုင်တွေ့ဆုံကာ အကောင်းဆုံး ဖြစ်ပါတယ်။

+++ စရန်ငွေပေးရင် +++

စရန်ငွေပေးတော့မယ်ဆိုရင် ဝယ်သူက စာချုပ်ပေးဖို့ ရှေ့နေ ရှာသင့်တယ်။ ရှေ့နေက စရန်ငွေမချခင် ဝယ်ချင်သူဘက်ကနေ ရောင်းသူကိုယ်တိုင်လား ဂရန်အမည်ပေါက် ဟုတ်ရဲ့လား၊ အက်(စ်)ပီ၊ ဂျီပီကိုယ်စားလှယ်လွှဲစာ ကိုင်ထားသူလား မေးကြည့်ပြီးမှ စရန်ငွေချတဲ့နေ့မှာ ပိုင်ဆိုင်မှုမှန်မမှန် စစ်ဆေး
ပေးပါတယ်။ အဲဒီလို ကြိုတင်ပြင်ဆင်ထားတာမှ ရောင်းသူက ထုတ်ပြတဲ့ စာချုပ်အဆက်အစပ်ကို စစ်ဆေးပေးမှ အံဝင်ခွင်ကျ ဖြစ်ပါမယ်။

ဒါကြောင့် အိမ်ခြံမြေဝယ်မယ်ဆိုရင် အွန်လိုင်းပွဲစားနဲ့ ဝယ်ဝယ်၊ မြေပြင်အကျိုးဆောင်နဲ့ဝယ်ဝယ်၊ မြေနဲ့ အိမ်ရာဇဝင်ကို သေသေချာချာ စစ်ဆေးပြီးမှ ဝယ်သင့်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service