တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်၏ အရေးပါသော အချက်အခြာနေရာများတွင် အဆောက်အအုံများကို မီတာ ၁၀၀ ထက် ပိုမိုမြင့်မားစွာ ဆောက်လုပ်ခြင်းမပြုရန် တားမြစ် - Property News in Myanmar from iMyanmarHouse.com
5596 Views

တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်၏ အရေးပါသော အချက်အခြာနေရာများတွင် အဆောက်အအုံများကို မီတာ ၁၀၀ ထက် ပိုမိုမြင့်မားစွာ ဆောက်လုပ်ခြင်းမပြုရန် တားမြစ်

တရုတ်အစိုးရသည် ပေကျင်းမြို့ တော်၏ အချက်အခြာ စီးပွားရေးခရိုင်တွင်
ဆောက်လုပ်မည့် အဆောက်အအုံများကို အမြင့်ပေကန့်သတ်ချက်များ ကန့်သတ်သည့်အမိန့်တစ်ရပ်ထုတ်ပြန်လိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေ
သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါဒေသများတွင် အဆောက်အအုံများ၏ အမြင့်ကို မီတာ ၁၀၀ ထက်မကျော်လွန်စေရန် ကန့်သတ်လိုက်ခြင်းဖြစ်သည်။

ယခုကန့်သတ်ချက်ကြောင့် ထိုဒေသအတွင်း လွန်ခဲ့သည့် ၇ နှစ်ခန့်က ယွမ်ငွေ ၈ ဒသမ ၆ ဘီလီယံဖိုးခန့် (ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ) မြေနေရာဝယ်ယူထားခဲ့ကြသည့် developer တို့မှာ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ရုပ်သိမ်းကြဖွယ်ရှိသည်ဟု ခန့်မှန်းချက်များလည်း ထွက်ပေါ်နေသည်။

အစိုးရ၏ မူဝါဒသစ်ကြောင့် ထိခိုက်မှုရှိမည့် စီမံကိန်း ၈ ခုရှိနေပြီး HSBC Holdings, CICC, Hongkong Land နှင့် Anbang Insurance Group တို့မှ အကောင်အထည်ဖော်နေသည့် ရုံးခန်းအဆောက်အအုံစီမံကိန်းများ ဖြစ်သည်။

မူဝါဒသစ်ကို နှုတ်မိန့်ဖြင့် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး developer တို့အနေဖြင့် အဆောက်အအုံဒီဇိုင်းများ ပြန်လည်ရေးဆွဲကြရတော့မည် ဖြစ်သည်။

ပေကျင်းမြို့ တော်၏ လူဦးရေကို ကန့်သတ်ထိန်းချုပ်ရန် တရုတ်အာဏာပိုင်တို့က စီစဉ်လျက်ရှိချိန်တွင် ယခုကဲ့သို့ အဆောက်အအုံ အမြင့်ပေကန့်သတ်ချက်များ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

ကန့်သတ်ချက် သက်ရောက်မည့်နေရာများမှာ ပေကျင်းမြို့ ၏ စီးပွားရေးခရိုင်ဖြစ်သော Jianguomen Outer လမ်းမြောက်ဘက်၊ ကောက်မော်ကူးသန်းရောင်းဝယ်ရေးဇုန်အတွင်းရှိ Third Ring လမ်းမကြီး၏ အရှေ့ ခြမ်း၊ ပေကျင်း၏အထင်ကရ CCTV Tower ၏ တောင်ဘက်တို့ ဖြစ်ကြသည်။

ယခုလမ်းညွှန်ချက်ကို ပေကျင်းမြို့ တော်အုပ်ချုပ်ရေးအရာရှိများက developer များထံ နှုတ်မိန့်ဖြင့် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး တရားဝင် အမိန့်စာထုတ်ပြန်ရဦးမည်ဖြစ်ကြောင်း ပေကျင်းအခြေစိုက် အိမ်ခြံမြေကုမ္ပဏီများမှ အကြီးအကဲတို့က ထုတ်ဖော်ပြောကြားခဲ့ကြသည်ဟု ဆိုသည်။

“ဒီစီမံကိန်းတွေ အပြီးသတ်မယ့်ကာလကို တစ်နှစ်လောက် ရွှေ့ ဆိုင်းရတော့မှာ ဖြစ်ပါတယ်။ ဒီဇိုင်းပြန်လည်ရေးဆွဲတာနဲ့ အစိုးရရဲ့  အတည်ပြုချက်ရဖို့တွေက အချိန်ယူရဦးမှာပါ” ဟု Colliers International ၏ တရုတ်ပြည်မြောက်ပိုင်းဆိုင်ရာ သုတေသနအကြီးအကဲ အင်မလီ ကောက်က ပြောကြားသည်။ အဆိုပါ စီမံကိန်းများမှာ ယခုအမိန့်သစ်ကြောင့် ၂၀၂၂-၂၃ ခန့်တွင်မှ အပြီးသတ်နိုင်တော့မည်ဖြစ်ကြောင်းလည်း အင်မလီကောက်က ဆက်လက်ပြောကြားသည်။

ယခုအမိန့်သစ်ကြောင့် ရုံးခန်းရောင်းလိုအားဖြည့်တင်းနိုင်မှုမှာ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဖြစ်ကြောင်းလည်း အင်မလီကောက်က ခန့်မှန်းသည်။
ချွင်းချက်အနေဖြင့်မူ ကန့်သတ်အမြင့်ထက် ကျော်လွန်ပြီးဖြစ်သည့် ဆောက်လုပ်ဆဲ စီမံကိန်းများကိုမူ ခွင့်ပြုထားသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်၏ အရေးပါသော အချက်အခြာနေရာများတွင် အဆောက်အအုံများကို မီတာ ၁၀၀ ထက် ပိုမိုမြင့်မားစွာ ဆောက်လုပ်ခြင်းမပြုရန် တားမြစ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service