ကမ္ဘာ့အမြင့်ဆုံးကွန်ဒို နယူးယောက်တွင် ပုံပေါ်လာတော့မည် - Property News in Myanmar from iMyanmarHouse.com
3998 Views

ကမ္ဘာ့အမြင့်ဆုံးကွန်ဒို နယူးယောက်တွင် ပုံပေါ်လာတော့မည်

ကမ္ဘာ့အမြင့်ဆုံးကွန်ဒိုမီဒီယံအဆောက်အအုံသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ခေါ် နယူးယောက်စီးတီးမြို့တွင် တည်ဆောက်ပြီးစီးရန် နီးကပ်လာပြီဖြစ်သည်။

Central Park Tower ဟု အမည်ပေးထားသည့် ၎င်းကွန်ဒိုသည် ပေပေါင်း ၁၅၅၀ မြင့်မည်ဖြစ်ကာ အထပ် ၉၅ ထပ် ပါဝင်မည် ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၂၀၁၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးရန် ခန့်မှန်းထားကာ ၂၀၂၀ ပြည့်နှစ်တွင် ဖွင့်လှစ်မည် ဖြစ်သည်။

ထိုကွန်ဒိုစီမံကိန်းကို ဇိမ်ခံအိမ်ခြံမြေဆောက်လုပ်ရောင်းချရေးကုမ္ပဏီ Extell က Shanghai Municipal Investment ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းလက်အောက်ခံ ကုမ္ပဏီ SMI USA နှင့်အတူ ပူးပေါင်းတည်ဆောက်နေခြင်းဖြစ်သည်။ တည်ဆောက်မှုခန့်မှန်းစရိတ် အမေရိကန်ဒေါ်လာ ၄ ဘီလျံကျော် သတ်မှတ်ထားပြီး နယူးယောက်တွင် ဈေးအကြီးဆုံးကွန်ဒိုစီမံကိန်းဖြစ်သည်။

ရှန်ဟိုင်းအစိုးရပိုင် Shanghai Municipal Investment သည် ကမ္ဘာ့ဒုတိယအမြင့်ဆုံးအဆောက်အအုံဖြစ်သည့် Shanghai Tower တည်ဆောက်မှုကိုလည်း ပံ့ပိုးပေးခဲ့သည်။

"နယူးယောက်မှာ ဒီလိုမျိုး တအားမြင့်တဲ့ကွန်ဒို မရှိသေးပါဘူး။ ဒီလိုထူးခြားတဲ့ ထုတ်ကုန်တစ်ခုကို ကျွန်တော်တို့ရဲ့မိတ်ဖက်လုပ်ငန်းနဲ့အတူ ဖော်ဆောာင်ခွင့်ရတဲ့အတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်" ဟု Extell ကုမ္ပဏီ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဂယ်ရီဘားနက်က ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျရှိ Kingdom Tower နှင့် ဒူဘိုင်းရှိ ဘာ့ဂ်ျခါလီဖာအဆောက်အအုံတို့ကဲ့သို့ ကမ္ဘာ့ထိပ်တန်းအဆောက်အအုံများကို ဒီဇိုင်းရေးဆွဲပေးခဲ့သည့် Adrian Smith + Gordon Gill ဗိသုကာကုမ္ပဏီက ယင်းကွန်ဒိုအတွက် ဒီဇိုင်းပိုင်းအား တာဝန်ယူရေးဆွဲခဲ့ခြင်းဖြစ်သည်။

အလွန်တရာမြင့်မားသော်လည်း ၎င်း Central Park Tower သည် နေအိမ် ၁၇၉ ခန်းသာ ပေးစွမ်းမည်ဖြစ်ပြီး တစ်ခန်းလျှင် ပျမ်းမျှရောင်းဈေး အမေရိကန်ဒေါ်လာ ၂၂ သန်း ဝန်းကျင် ရှိမည်ဖြစ်ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ

Upcoming Property Events

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

From 18 Oct To 19 Oct

INNO CITY

MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service