တိုးတက်ဖို့လိုနေတဲ့ ဂိုဒေါင်ဈေးကွက် - Property News in Myanmar from iMyanmarHouse.com
2556 Views

တိုးတက်ဖို့လိုနေတဲ့ ဂိုဒေါင်ဈေးကွက်

အိမ်ခြံမြေလုပ်ငန်းဆိုရင် အိမ်ခန်းတွေ၊ ဆိုင်ခန်းတွေနဲ့ ရုံးခန်းတွေလောက်သာ အများက ပြေးမြင်ကြပေမဲ့ ဒီလုပ်ငန်းထဲမှာ အရေးပါတဲ့ ဂိုဒေါင်ခေါ် သိုလှောင်ရုံလုပ်ငန်းကိုတော့ သိပ်ပြီး တွင်တွင်ကျယ်ကျယ် မသိကြသေးပါဘူး။

ဒီနယ်ပယ်ထဲမှာ ကျင်လည်နေသူတချို့သာသိကြပြီး သူ့ရဲ့အရေးပါမှုကတော့ စက်မှုလုပ်ငန်းတွေအပြင် အခြားကုန်ထုတ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်ပါ အရေးပါနေပါတယ်။

မြေနေရာအလွတ်တွေပေါ်မှာ ဂိုဒေါင်တွေ ဆောက်လုပ်ပြီး နှစ်ရှည်ငှားရမ်းနိုင်မယ်၊ လုံခြုံရေးနဲ့ ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်တဲ့ ဂိုဒေါင်လုပ်ငန်းတွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးကဏ္ဍမှာ အရေးတကြီး လိုအပ်နေပြီလို့ ဈေးကွက်အတွင်းက သတင်းရင်းမြစ်များက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

''တခြားနိုင်ငံတွေမှာတော့ Logistic လုပ်ငန်းဟာ အကြီးအကျယ် စနစ်တကျလုပ်ကြတဲ့လုပ်ငန်းပေါ့။ ဒီမှာတော့ တစ်နိုင်တစ်ပိုင် ငှားရမ်းကြတဲ့အဆင့်လောက်ပဲ ရှိပါသေးတယ်''လို့ ရန်ကုန်က ရွှေလင်ပန်းစက်မှုဇုန်ရဲ့ ဥက္ကဠ ဦးအေးသောင်းက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာက ကုန်ပစ္စည်းတွေကို အဓိကတင်သွင်းနေတဲ့ နိုင်ငံဖြစ်တာကြောင့် ဒီလုပ်ငန်းတွေဟာ နောက်ပိုင်းမှာ ပိုပြီးများပြားဖွံ့ဖြိုးလာမယ့်လုပ်ငန်းတွေဖြစ်တဲ့အတွက် စက်မှုဇုန်တွေနဲ့ပတ်သက်ပြီး အစိုးရက တင်းကျပ်ထားတဲ့ ဥပဒေတွေကို အမြန်ဆုံးပြင်ဆင်သင့်တယ်လို့လည်း ဦးအေးသောင်းက ဆိုပါတယ်။

''စက်မှုဇုန်တွေမှာ ဂိုဒေါင်တွေ မဆောက်ရဘူးဆိုတာတွေကို အမြန်ဆုံးပြင်သင့်တယ်။ မြေတွေကို စနစ်တကျ အသုံးပြုနေတဲ့အတွက် ဒီလုပ်ငန်းတွေက တိုင်းပြည်ရဲ့အကျိုးကို တစ်ဖက်တစ်လမ်းက အကျိုးပြုနေတယ်။ စက်မှုဇုန်နဲ့ ဂိုဒေါင်နဲ့ဝေးတော့ ကုန်ကျစရိတ်က သပ်သပ်ပိုကုန်တယ်''လို့ ၄င်းကဆက်ပြောပါတယ်။

သိုလှောင်ရုံလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာဖို့အတွက် တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အဓိက လိုအပ်နေတယ်လို့လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောပါတယ်။

ဂိုဒေါင်တွေကို ငှားရမ်းတဲ့အခါမှာ ဂိုဒေါင်တစ်ခုလုံးကို ငှားရမ်းတာ ရှိသလို အစိတ်အပိုင်းတစ်ခုလောက်၊ သတ်မှတ်နေရာတစ်ခုလောက်ပဲ ငှားရမ်းကြ တာလည်း ရှိပါတယ်။ ငှားရမ်းတဲ့နေရာအပြင် ငှားတဲ့အချိန်ကာလနဲ့ ဈေးနှုန်းတွေကလည်း ဝန်ဆောင်မှုအပေါ်မူတည်ပြီး ကွဲပြားမှုရှိပါတယ်။

ငှားရမ်းတဲ့ကာလတွေကတော့ တစ်လ၊ ခြောက်လ၊ တစ်နှစ်ကနေ နှစ် ၃ဝ အထိ ငှားရမ်းတာတွေရှိပါတယ်။ ပုဂ္ဂလိကအနေနဲ့ကတော့ အများဆုံး ငါးနှစ်လောက်ထိပဲ ငှားရမ်းနိုင်ပြီး အစိုးရအနေနဲ့ ရန်ကုန်မြို့ပြင်မှာဆို နှစ် ၃ဝ အထိ ငှားရမ်းပေးတာတွေရှိတယ်လို့ ဦးနေလင်းဇင်က ပြောပါတယ်။

ငှားရမ်းခတွေအနေနဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ လုံခြုံရေး၊ လျှပ်စစ်မီး၊ ထားရှိတဲ့ပစ္စည်းအပေါ်မူတည်ပြီး အပူအအေးပေးနိုင်မှု၊ လုံခြုံရေး ကင်မရာထားရှိပေးမှုနဲ့ ဂိုဒေါင်ရဲ့တည်နေရာအပေါ်မူတည်ပြီး တစ်ပေပတ်လည်ကို တစ်လ ကျပ် ၃ဝဝ ကနေ ၅ဝဝ ထိ ရှိနေပါတယ်။

ဒါပေမဲ့ မြို့လယ်နဲ့အလှမ်းဝေးပြီး သွားလာရခက်ခဲတဲ့ ဒဂုံဆိပ်ကမ်းလို နေရာမျိုးမှာဆိုရင်တော့ ဂိုဒေါင်ငှားရမ်းခတွေဟာ ကာလပေါက်ဈေး တစ်ပေပတ်လည်ကို တစ်လ ကျပ် ၁၅ဝ နဲ့ ၂ဝဝ ကြားရှိတယ်လို့ ဦးအေးသောင်းက ပြောပါတယ်။

''တချို့ကျတော့ ဂိုဒေါင်မဆောက်နိုင်လို့ မြေကြီးကိုပဲ ငှားလိုက်တယ်။ငါးနှစ်ငှားလိုက်ပြီးရင် သူ့မှာ ဂိုဒေါင်တစ်လုံးပိုင်သွားပြီ။ ဒါမျိုးကျတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေတာပေါ့''လို့ ဦးအေးသောင်းက ဆိုပါတယ်။

ဒါ့ပြင် ထားတဲ့ပစ္စည်းအပေါ် မူတည်ပြီးတော့လည်း ဈေးနှုန်းတွေက ကွာခြားမှုရှိတယ်လို့ သိရပါတယ်။ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ အလှကုန်ပစ္စည်းတွေ၊ လူနဲ့ တင်ချလို့ရတဲ့ စားသောက်ကုန်ခြောက်တွေအတွက် ငှားရမ်းရတာ ပိုလွယ်ကူပြီး ဓာတ်မြေသြဇာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေအတွက်ကတော့ ဂိုဒေါင်ပိုင်ရှင်တွေနဲ့ ည§ိနှိုင်းရလေ့ရှိတယ်လို့လည်း သိရ ပါတယ်။

ဒီပစ္စည်းတွေဟာ လူနဲ့ တင်ချလို့မရဘဲ စက်ယန္တရားတွေနဲ့ တင်ချရပြီး သယ်ယူရခက်ခဲတဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက် လူနေထူထပ်တဲ့ မြို့နဲ့နီးတဲ့နေရာတွေမှာထားဖို့ ခက်ခဲလေ့ရှိပါတယ်။

အခုနောက်ပိုင်းမှာတော့ ဂိုဒေါင်တွေဆောက်ပြီး ပစ္စည်းအပ်လက်ခံတာနဲ့ ဖြန့်ချိတာကိုပါ လုပ်ပေးတဲ့ နိုင်ငံခြားကုမ္ပဏီတွေ ဝင်ရောက်လာတဲ့အတွက် လုပ်ငန်းလုပ်ကိုင်ရတာ ပိုမိုလွယ်ကူလာတယ်လို့လည်း ဦးအေးသောင်းက ဆိုပါတယ်။

ဂျပန်နိုင်ငံက ဒိုင်ဇန်လိုသိုလှောင်ရုံကဲ့သို့သော လုပ်ငန်းများ၊ ကိုရီးယား နိုင်ငံမှ သိုလှောင်ရုံလုပ်ငန်းများ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ကာ လုပ်ကိုင် နေပြီဖြစ်သည်။

''တချို့ဆိုရင် နိုင်ငံခြားကပစ္စည်းသွင်းလာပြီး တစ်ခါတည်း အဲဒီကုမ္ပဏီတွေကို အပ်လိုက်တော့တာပဲ။ ဒီလိုပစ္စည်းအပ်တာ စိတ်ချရတဲ့အပြင် ဖြန့်ချိရေးကိုပါ လုပ်ပေးတဲ့ ကုမ္ပဏီကြီးတွေ ဝင်လာတာ ကြိုဆိုသင့်တဲ့အရာပဲ''လို့ ဦးအေးသောင်းက မှတ်ချက်ပြုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ဂိုဒေါင်လုပ်ငန်းဟာ တွင်ကျယ်မှုမရှိသေးဘဲ လုပ်ငန်းမျိုးစုံအတွက် ဂိုဒေါင်လိုအပ်ချက်နဲ့ စနစ်တကျရှိတဲ့ သိုလှောင်ရုံငှားရမ်းတဲ့ လုပ်ငန်းတွေဟာ ပိုပြီးဖွံ့ဖြိုးလာဖို့ လိုအပ်နေသေးတယ်လို့ ဦးနေလင်းဇင်က ဆိုပါတယ်။

''စက်မှုဇုန်ဟာ စက်မှုလုပ်ငန်းပဲ လုပ်ရမယ်ဆိုပြီး အစိုးရကလည်း မှားယွင်းနားလည်နေတာ။ တစ်ခါတလေ စက်မှုဇုန်မှာ စက်မှုလုပ်ငန်းတွေလည်း ရှိဖို့လိုသလို တခြားလုပ်ငန်းတွေလည်း ရှိနေဖို့လိုပါတယ်''လို့ ဦးနေလင်းဇင်က ပြောပါတယ်။

စက်မှုလုပ်ငန်းတွေအပြင် အခြားပြင်ပလုပ်ငန်းတွေ တော်တော်များများ မှာပါ ဂိုဒေါင်တွေကို အရေးကြီးတဲ့ကဏ္ဍတစ်ခုအနေနဲ့ကို လိုအပ်နေပါတယ်။ ဂိုဒေါင်(သိုလှောင်ရုံ)တွေဟာ စက်မှုဇုန်တွေအတွက်သာမက ရေချိုးခန်းသုံး ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆန်၊ ပဲနဲ့ ကောက်ပဲသီးနှံတွေ အတွက်လည်း သိုလှောင်ရုံတွေက မရှိမဖြစ်လိုအပ်နေတယ်လို့ ၄င်းက ဆိုပါတယ်။

''ဂိုဒေါင်တွေကို ငှားရမ်းတဲ့အခါမှာ စက်မှုဇုန်ရဲ့နေရာအပေါ်မူတည်ပြီး ဂိုဒေါင်ရဲ့နေရာဟာလည်း အရေးကြီးပါတယ်။ ဥပမာဆိုရင် သာကေတမှာရှိတဲ့ City Mart အတွက် သာကေတမှာ သိုလှောင်ရုံရမှ အဆင်ပြေသလိုမျိုးပေါ့''လို့ ဦးနေလင်းဇင်က ဆိုပါတယ်။

လူနေရပ်ကွက်တွေထဲမှာရှိနေတဲ့ ဂိုဒေါင်တွေဟာ ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့နေရာမှာ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ တချို့ပစ္စည်းတွေဟာ ကွန်တိန်နာနဲ့ သယ်ရတဲ့အတွက် လမ်းတွေကျဉ်းနေရင်၊ လူနေထူထပ်ပြီး ကားကြီးတွေ ဝင်လို့မရတဲ့နေရာတွေဆိုရင် အခက်အခဲရှိတယ်လို့ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။ ဒါကြောင့် စက်မှုဇုန်တွေမှာ စက်မှုလုပ်ငန်းတွေအပြင် သိုလှောင်ရုံလုပ်ငန်းတွေလည်း လုပ်ဖို့လိုအပ်နေတယ်လို့ ဦးနေလင်းဇင်က ထောက်ပြပါတယ်။

စက်မှုကုန်ထုတ်လုပ်ငန်းတွေအတွက်သာမက ကုန်ကြမ်းတွေရောင်းချတဲ့လုပ်ငန်းတွေ၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအတွက်လည်း သိုလှောင်ရုံတွေက မရှိမဖြစ်ကို အရေးတကြီးလိုအပ်နေပါတယ်။


'''စိုက်ပျိုးရေးကဏ္ဍရော၊ သားငါးကဏ္ဍရော၊ စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍတွေမှာပါ သိုလှောင်ရုံတွေဟာ မရှိမဖြစ်ကို အရေးကြီးပါတယ်''လို့ဦးနေလင်းဇင်က ဆိုပါတယ်။

ဒါကြောင့် သွားလာရေးလွယ်ကူတဲ့ နေရာတွေမှာ သယ်ယူပို့ဆောင်ရေးဧရိယာတွေ သတ်မှတ်ပြီးတော့ စနစ်တကျ လုပ်ဆောင်လာမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍဖွံ့ဖြိုးဖို့အတွက် အထောက်အကူဖြစ်စေနိုင်တယ်လို့လည်း ၄င်းကဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ စက်မှုလုပ်ငန်းတွေနဲ့ အခြားကုန်ထုတ် လုပ်ငန်းတွေအတွက် သိုလှောင်ရုံတွေက လိုအပ်တဲ့ အရေအတွက်အလိုက် ဈေးကွက်ထဲမှာ ရှာဖွေရလွယ်ကူနေပြီး ရှားပါးနေတာမျိုး မရှိတဲ့အတွက် သိုလှောင်ရုံလိုအပ်ချက်နဲ့ သိုလှောင်ရုံအရေအတွက်ကတော့ မျှခြေမှာရှိနေ တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တကယ်အရည်အသွေးမြင့် စနစ်ကျတဲ့ သိုလှောင်ရုံတွေကတော့ အများကြီး လိုအပ်နေသေးတယ်လို့ ဦးနေလင်းဇင်က ပြောပါတယ်။

ဒီလိုမရှိမဖြစ်လိုအပ်နေတဲ့ သိုလှောင်ရုံတွေကို အိမ်ခြံမြေဈေးကွက်ထဲမှာ တော့ အိမ်ခန်းနဲ့ ရုံးခန်းတွေကို ငှားရမ်းသလိုမျိုး တွင်တွင်ကျယ်ကျယ် ငှားရမ်းနေတာမျိုး မတွေ့ရဘဲ မြေပြင်မှာ ပိုင်ရှင်နဲ့အဆင်ပြေသလို ငှားရမ်းနေကြတာကို တွေ့ရပါတယ်။

''အွန်လိုင်းပေါ်က အိမ်ခြံမြေဝက်ဘ်ဆိုက်တွေမှာ အခြားအဆောက်အအုံတွေ ငှားရမ်းရတာနဲ့ယှဉ်ရင် ဂိုဒေါင်တွေကို ငှားရမ်းတဲ့သူရော ရှာဖွေတဲ့သူရောက ငါးရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်''လို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောပါတယ်။

ရန်ကုန်မြို့မှာတော့ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ လှိုင်သာယာနဲ့ သာကေတမြို့နယ်တွေမှာ ဂိုဒေါင်တွေ အများဆုံးငှားလေ့ရှိတယ်လို့လည်း သူကဆိုပါတယ်။

ဂိုဒေါင်တွေအပြင် လူနေအိမ်ခန်းကို သိုလှောင်ရုံအဖြစ် ငှားတာတွေလည်းရှိနေပြီး အနိမ့်ဆုံး တစ်လကို ကျပ်ငါးသိန်းခန့် ပေးရတယ်လို့လည်း ဦးနေမင်းသူက ပြောပါတယ်။

သိုလှောင်ရုံလုပ်ငန်းဟာ သိုလှောင်ရုံတစ်ခုတည်းရှိနေရုံနဲ့ မပြီးဘဲ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီးနဲ့ ဖြန့်ချိရေးတွေကိုပါ သေချာစနစ်တကျ လုပ်ဆောင်နိုင်ဖို့လည်း လိုအပ်နေပါသေးတယ်။

ဒီလုပ်ငန်းတွေကို လုပ်ဆောင်ပေးနိုင်ဖို့ မြန်မာနိုင်ငံ စက်မှုအသင်းချုပ် ဒုတိယဥက္ကဠ ဦးရဲမင်းအောင်က ယခုလ ၂ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့အဖွဲ့နဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲမှာ အရည်အသွေးကောင်းမွန်တဲ့ သိုလှောင်ရုံတွေ တည်ဆောက်ပေးဖို့ တင်ပြတောင်းဆိုခဲ့ပါတယ်။

ဒါ့ပြင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်မယ့် လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်နဲ့ အလယ်ရွာအနီးမှာရှိတဲ့ logistics Zone & Jetty linK Dry Port Project အတွက် ကနဦးတွေ့ဆုံဆွေးနွေးမှုကိုလည်း ယခုလ ၄ ရက်က ပြုလုပ်ခဲ့ပါတယ်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service