တိုကျိုမြို့တွင် ဆောက်လုပ်မည့် ၃၅၀ မီတာ အမြင့်ရှိ ကမ္ဘာ့အမြင့်ဆုံး သစ်သားမိုးမျှော်တိုက် - Property News in Myanmar from iMyanmarHouse.com
5158 Views

တိုကျိုမြို့တွင် ဆောက်လုပ်မည့် ၃၅၀ မီတာ အမြင့်ရှိ ကမ္ဘာ့အမြင့်ဆုံး သစ်သားမိုးမျှော်တိုက်

ဂျပန် သစ်တောရေးရာ ကုမ္ပဏီတစ်ခုဖြစ်သည့် ဆူမီတိုမို ကုမ္ပဏီ သည် ၂၀၄၁ ခုနှစ်တွင် ကျရောက်မည့် ကုမ္ပဏီနှစ် ၃၅၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အတွက် ကမ္ဘာ့အမြင့်ဆုံး သစ်သားမိုးမျှော် တိုက် ကိုဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးမျှော်တိုက်သည် အထပ်ပေါင်း ၇၀ ရှိမည်ဖြစ်ပြီး သစ် သား ၉၀ ရာခိုင်နှုန်းဖြင့် တည်ဆောက် မည် ဖြစ်သည်။ ကုမ္ပဏီ၏ ပြောကြားချက်အရ W 350 ဟု အမည်ပေးထားသော ၃၅၀ မီတာ အမြင့်ရှိ အဆိုပါ မိုးမျှော်တိုက်တွင် ၁၈၅,၀၀၀ ကုဗယူနစ်ရှိ ပျဉ်များဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး ကုန်ကျ စရိတ်မှာ ဂျပန် ယန်း ဘီလီယံ ၆၀၀ (အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံ) ကုန်ကျမည်ဖြစ်သည်။ W 350 တွင် ရုံးခန်းများ၊ စတိုးဆိုင်များ၊ ဟိုတယ်များနှင့် လူနေအိမ် ၈,၀၀၀ လည်း ပါဝင်မည်ဖြစ်သည်။ ထို့အပြင် အထပ်တိုင်းတွင် လသာဆောင် များနှင့် အလှစိုက်ထားသော သစ်ပင်ပန်းပင်များလည်း ရှိမည် ဖြစ်ကြောင်း သိရသည်။

ဆူမီမိုတိုကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ အဆောက် အအုံ၏အတွင်းပိုင်းကို သစ်သားအစစ်များဖြင့် ဆောက်လုပ်မည်ဖြစ် သောကြောင့် အေးဆေးတည်ငြိမ်သော နေရာအကျယ်အ၀န်း၊ နူးညံ့သိမ်မွေ့မှုနှင့် နွေးထွေးမှုတို့ကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။ လသာဆောင်များသည် မိုးမျှော်တိုက်၏ လေးဖက်လေးတန်တွင် ရှိမည်ဖြစ် သောကြောင့် အဆိုပါ မိုးမျှော်တိုက်တွင် အလုပ်လုပ်သူများနှင့် နေထိုင်သူများအနေဖြင့် လတ်ဆတ်သော လေကောင်းလေသန့်များနှင့် အစိမ်းရောင် သစ်ရွက်များကို ဖြတ်ပြီး ၀င်ရောက်လာသည့် နေရောင် ခြည်တို့ကို ခံစားနိုင်မည်ဖြစ်သည်။

ဆူမီမိုတိုက W350 ၏ ရည်ရွယ် ချက်မှာ သစ်သားဗိသုကာ တိုးမြှင့်သုံးစွဲခြင်းမှတစ်ဆင့် သဘာဝပတ် ၀န်းကျင်နှင့် ဖော်ရွေပြီး သစ်သားဖြင့် ဆောက်လုပ်သည့် မြို့တော် ကြီးများ ဖန်တီးရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ၏ သုံးပုံ နှစ်ပုံ သည် သစ်တောများဖြင့် ဖုံးအုပ်လျက်ရှိပြီး ပြည်တွင်း၌ ထုတ်လုပ် သည့် သစ်များအား မိမိဘာသာထောက်ပံ့မှုနှုန်းသည် ၃၀ ရာခိုင်နှုန်းသာ ရှိသည်။

Credit: Tomorrow

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service