သွေးစုပ်ဖုတ်ကောင် ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ကြသည့် အမေရိကန်သရုပ်ဆောင်ဇနီးမောင်နှံက ဆန်တာမိုနီကာရှိ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
6230 Views

သွေးစုပ်ဖုတ်ကောင် ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ကြသည့် အမေရိကန်သရုပ်ဆောင်ဇနီးမောင်နှံက ဆန်တာမိုနီကာရှိ နေအိမ်ကို အရောင်းဈေးကွက်တင်

သွေးစုပ်ဖုတ်ကောင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အမေရိကန်သရုပ်ဆောင် အလက်ဇစ် ဒန်းနီဆော့ဖ်နှင့် ဇနီး အဲလစ်ဆင် ဟန်းနစ်ဂင်တို့သည် ဆန်တာမိုနီကာရှိ ၎င်းတို့၏နေအိမ်ကို အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အလက်ဇစ်တို့ ဇနီးမောင်နှံသည် အဆိုပါနေအိမ်ကို လွန်ခဲ့သော ၁၀ နှစ်ခန့်က ကန်ဒေါ်လာ ၂ သန်းနီးပါးဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အလက်ဇစ် ဒန်းနီဆော့ဖ်တို့ ဇနီးမောင်နှံသည်“Buffy the Vampire Slayer” သွေးစုပ်ဖုတ်ကောင် ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ရင်း တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ဇနီးဖြစ်သူ အဲလစ်ဆင် ဟန်းနစ်ဂင်သည် Buffy the Vampire ဖြင့် နာမည်ရသွားပြီးနောက် လူငယ်ဇာတ်ကားများ ဆက်လက်ပါဝင်သရုပ်ဆောင်ခဲ့ရာတွင်လည်း အောင်မြင်မှုများစွာရရှိခဲ့ရာ American Pie (၁၉၉၉), Boys and Girls (၂၀၀၀), American Pie 2 (၂၀၀၁), and American Wedding (၂၀၀၃) တို့မှာ နာမည်ကျော်သည်။

ယခုရောင်းချမည့်နေအိမ်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာမိုနီကာမြို့ကလေးတွင် တည်ရှိပြီး စပိန်ရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ အလက်ဇစ်တို့က ကန်ဒေါ်လာ ၅ ဒသမ ၁ သန်းဈေးခေါ်ထားသည်။
ဆန်တာမိုနီကာ၏ မြောက်ဘက်တွင် တည်ရှိပြီး အိပ်ခန်း ၅ ခန်းပါဝင်ကာ၊ ခြံဝန်းအတွင်း ပန်းဥယျာဉ်များ၊ စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သည့် မီးဖိုဆောင်၊ ညစာစားခန်း၊ ထုတ်တန်းမျက်နှာကြက်များပါရှိသည့် အထူးအိပ်ခန်း၊ လသာဆောင်တစ်ခု၊ ရေကူးကန်တစ်ခုတို့ ပါဝင်ကြောင်း အရောင်းဈေးကွက်တင်သည့် Pacific Union International ကုမ္ပဏီက ထုတ်ပြန်ထားသည်။
ယခင်က အဆိုပါနေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၁၇၅၀၀ ဖြင့် အငှားဈေးကွက်တင်ခဲ့ဖူးသည်။

အလက်ဇစ်တို့ ဇနီးမောင်နှံက ၂၀၀၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၉၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
အလက်ဇစ်သည် ဝယ်ယူပြီးနောက်ပိုင်း ဒီဇိုင်နာ ခရစ္စတန် ပါနစ်ခ်ျကို ခေါ်ယူကာ နေအိမ်ကို မွမ်းမံခြင်း၊ အဆင့်မြှင့်ခြင်းနှင့် ချဲ့ထွင်ခြင်းများ ပြုလုပ်ခဲ့သည်။

အဲလစ်ဆင်နှင့် အလက်ဇစ်တို့ လုပ်ဆောင်ခဲ့သည်မှာ အလွန်ကောင်းမွန်ကြောင်း၊ အခြား အိမ်ခြံမြေ developer များဆိုလျှင် ရှေးခေတ်ဟောင်းနေအိမ်များကို ဝယ်ယူပြီးပါက ဖြိုချကာ အဆောက်အအုံသစ်သာ ဆောက်လုပ်လေ့ရှိကြောင်းလည်း Pacific Union International ကုမ္ပဏီက ဆိုသည်။

အလက်ဇစ်တို့ဇနီးမောင်နှံသည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် လော့စ်အိန်ဂျလိမြို့၊ ဘရန့်ဝုဒ်အရပ်တွင် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၇ ဒသမ ၈၉ သန်းဖြင့် ဝယ်ယူခဲ့ကာ ၂၀၁၇ နှစ်စပိုင်းတွင် ကန်ဒေါ်လာ ၈ ဒသမ ၁၅ သန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။

တစ်ချိန်တည်းဆိုသလိုပင် ကယ်လီဖိုးနီးယားပြည်နယ်၊ အန်စီနိုရှိ ၃ ဧကကျယ်ဝန်းသော ခြံဝန်းတစ်ခုကို ကန်ဒေါ်လာ ၇ ဒသမ ၉၅ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သွေးစုပ်ဖုတ်ကောင် ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ကြသည့် အမေရိကန်သရုပ်ဆောင်ဇနီးမောင်နှံက ဆန်တာမိုနီကာရှိ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
သွေးစုပ်ဖုတ်ကောင် ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ကြသည့် အမေရိကန်သရုပ်ဆောင်ဇနီးမောင်နှံက ဆန်တာမိုနီကာရှိ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
သွေးစုပ်ဖုတ်ကောင် ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ကြသည့် အမေရိကန်သရုပ်ဆောင်ဇနီးမောင်နှံက ဆန်တာမိုနီကာရှိ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
သွေးစုပ်ဖုတ်ကောင် ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ကြသည့် အမေရိကန်သရုပ်ဆောင်ဇနီးမောင်နှံက ဆန်တာမိုနီကာရှိ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
သွေးစုပ်ဖုတ်ကောင် ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ကြသည့် အမေရိကန်သရုပ်ဆောင်ဇနီးမောင်နှံက ဆန်တာမိုနီကာရှိ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
သွေးစုပ်ဖုတ်ကောင် ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ကြသည့် အမေရိကန်သရုပ်ဆောင်ဇနီးမောင်နှံက ဆန်တာမိုနီကာရှိ နေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ

Upcoming Property Events

shwe-hninsi
ponnami

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service