စင်္ကာပူအခြေစိုက် အိမ်ခြံမြေ developer က ဂျာမာန် developer ဖြစ်သော Alpha Industrial ထံမှ စက်မှုဆိုင်ရာ အဆောက်အအုံ ၂၂ ခုကို ကန်ဒေါ်လာ ၃၅၃ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
4986 Views

စင်္ကာပူအခြေစိုက် အိမ်ခြံမြေ developer က ဂျာမာန် developer ဖြစ်သော Alpha Industrial ထံမှ စက်မှုဆိုင်ရာ အဆောက်အအုံ ၂၂ ခုကို ကန်ဒေါ်လာ ၃၅၃ သန်းဖြင့် ဝယ်ယူ

စင်္ကာပူအခြေစိုက် အိမ်ခြံမြေ developer- Frasers Property က ဂျာမာန် developer ဖြစ်သော Alpha Industrial ထံမှ စက်မှုဆိုင်ရာ အဆောက်အအုံ ၂၂ ခုကို ယူရို ၂၈၅ ဒသမ ၂ သန်း (ကန်ဒေါ်လာ ၃၅၃ သန်း) ဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက် တစ်ခု တွင် ဖော်ပြသည်။

Frasers Centrepoint ဟု ယခင်က အမည်ပေးထားသည့် စင်္ကာပူကုမ္ပဏီသည် ဥရောပတွင် ပိုင်ဆိုင်မှုများ ချဲ့ထွင်လိုက်နိုင်ခြင်းလည်း ဖြစ်သည်။
Alpha Industrial သည် ဂျာမနီကုမ္ပဏီတစ်ခုဖြစ်ပြီး ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အဆောက်အအုံများ အဓိကဆောက်လုပ်သည့် ကုမ္ပဏီဖြစ်သည်။

“စီးပွားရေး မဟာဗျူဟာရှုထောင့်ကကြည့်မယ်ဆိုရင် Alpha Industrial မှာ တိုးတက်ဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီး အလေးထားတဲ့ မဟာဗျူဟာရှိတယ်။
အထူးသဖြင့် စွန့်ပစ်အဆောက်အအုံ မြေနေရာတွေကို ခေတ်မီထောက်ပံ့ရေးနဲ့ စက်မှုအဆောက်အအုံတွေအဖြစ် ပြောင်းလဲ တည်ဆောက်တဲ့ဘက်မှာ ဖြစ်ပါတယ်” ဟု Frasers Property ၏ အမှုဆောင်အရာရှိချုပ် ပါနိုတီ သီရိဝဒနဘက်ဒီက ပြောကြားသည်။

ဝယ်ယူလိုက်သည်များမှာ ဆောက်လုပ်ပြီးစီးပြီဖြစ်သည့် ထောက်ပံ့ရေးနှင့် အပေါ့စားစက်မှုအဆောက်အအုံ ၁၆ ခုနှင့် အခြားစီမံကိန်း ၆ ခု ဖြစ်သည်။
ဂျာမနီတွင် စီမံကိန်း ၁၂ ခုနှင့် သြစထရီးယားတွင် ၄ ခုတို့ဖြစ်ပြီး စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းမီတာ ၃၉၃၈၀၀ ခန့် ရှိသည်။
ဝယ်ယူလိုက်သည့် စက်မှုအဆောက်အအုံများမှာ ကိုလုန်း၊ ဖရန့်ဖတ်နှင့် ဗီယန်နာတို့တွင် ဖြန့်ကျက်တည်ရှိသည်။

Asian Investors Continue to Shop for European Warehousesမကြာသေးမီနှစ်များအတွင်း အာရှရင်းနှီးမြှုပ်နှံသူတို့သည် ဥရောပအိမ်ခြံမြေဈေးကွက်တွင် အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာလျက်ရှိသည်။

ယခင်နှစ် အောက်တိုဘာလအတွင်း စင်္ကာပူအခြေစိုက် Global Logistic Properties ကုမ္ပဏီသည် Brookfield ထံမှ အဆောက်အအုံများ ကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံဖိုးခန့် ဝယ်ယူကာ ဥရောပတွင် ခြေချခဲ့သည်။

လွန်ခဲ့သော ၄ လခန့်ကလည်း တရုတ်ရင်းနှီးမြှုပ်နှံရေးကော်ပိုရေးရှင်း (CIC) သည် Blackstone ထံမှ ဥရောပအိမ်ခြံမြေ အဆောက်အအုံများ ယူရို ၁၂ ဘီလီယံ (ကန်ဒေါ်လာ ၁၃ ဒသမ ၄ ဘီလီယံ)ဖိုးခန့် ဝယ်ယူခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စင်္ကာပူအခြေစိုက် အိမ်ခြံမြေ developer က ဂျာမာန် developer ဖြစ်သော Alpha Industrial ထံမှ စက်မှုဆိုင်ရာ အဆောက်အအုံ ၂၂ ခုကို ကန်ဒေါ်လာ ၃၅၃ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
စင်္ကာပူအခြေစိုက် အိမ်ခြံမြေ developer က ဂျာမာန် developer ဖြစ်သော Alpha Industrial ထံမှ စက်မှုဆိုင်ရာ အဆောက်အအုံ ၂၂ ခုကို ကန်ဒေါ်လာ ၃၅၃ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
kt
platinum-garden

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service