မန္တလေးတိုင်းရှိ ဟိုတယ်နှင့်တည်းခိုခန်းများ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှသာ လိုင်စင်သက်တမ်းတိုးပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
5074 Views

မန္တလေးတိုင်းရှိ ဟိုတယ်နှင့်တည်းခိုခန်းများ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှသာ လိုင်စင်သက်တမ်းတိုးပေးမည်ဟုဆို

မန္တလေးတိုင်းအတွင်း ဟိုတယ်အသစ်ဆောက်ခြင်းများ နှင့် ဟိုတယ်၊ တည်းခိုရိပ်သာများ လိုင်စင်သက်တမ်းတိုးခြင်းများအတွက် ယခု ဖေဖော်ဝါရီကစ၍ အ ခွန်ကင်းရှင်းကြောင်း ထောက်ခံ ချက်ပါရှိမှသာခွင့်ပြုပေးမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ် ငန်းရှင်များအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးမင်းနိုင်က ပြောကြား ခဲ့သည်။

‘‘တိုင်းဒေသကြီး ဘဏ္ဍာအ ခွန်ဝန်ကြီးက ညွှန်ကြားချက်နဲ့အ တူ ပေးပို့လာတဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မန္တလေးတိုင်းအတွင်းက ဟိုတယ်လုပ်ငန်းရှင်တွေ သိအောင် ခေါ်ယူပြီး ဆွေးနွေးမှု တွေ၊ အသိပေးမှုတွေ ပြုလုပ်ပြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ လိုင်စင်သက်တမ်း တိုးတာပဲဖြစ်ဖြစ်၊ ဟိုတယ်အသစ် ဆောက်တာပဲ ဖြစ်ဖြစ် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ရှိမှပဲ ခွင့်ပြုချက်ရရှိတော့မှာ ဖြစ်ပါတယ်’’ဟု ဦးမင်းနိုင်က ပြောသည်။

ယခင်က ဟိုတယ်အသစ် တည်ဆောက်ခြင်းနှင့် လိုင်စင် သက်တမ်း တိုးခြင်းတို့အတွက် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင် များအသင်း (မန္တလေးဇုန်)၏ ထောက်ခံချက်ဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြလျှောက်ထားနိုင် သော်လည်း နောက်ပိုင်းတွင် ပြည်တွင်း အခွန်များ ဦးစီးဌာနသို့ အခွန်များ ပေးဆောင်ပြီးကြောင်း ထောက်ခံချက်ပါရှိမှသာ လုပ်ငန်းဆောင်ရွက်ခွင့် ရရှိမည်ဖြစ် သည်။

‘‘အခု စပြီးတော့ လုပ်နေပါ ပြီ။ သက်တမ်းတိုးရမယ်ဆိုရင် အ ခွန်ပေးဆောင်ပြီးကြောင်း ပြေစာ တွေပြရပါမယ်။ ဟိုတယ်အသစ် ဆောက်ရင်လည်း ရင်းနှီးမြှုပ်နှံမှု ပေါ်မှာ ဆောင်ထားပြီးကြောင်းပြမှ အခွန်ဦးစီးဌာနကနေ အခွန်ကင်းရှင်းကြောင်း စာရွက်ထုတ် ပေးလိုက်မယ်။ အဲဒါတွေပြီးမှ ဟိုတယ်ခရီးက လိုင်စင်ထုတ်ပေး မှာ ဖြစ်ပါတယ်’’ဟု ဦးမင်းနိုင်က ပြောသည်။

ခရီးသွားလုပ်ငန်းများ စနစ် တကျ ဖွံ့ဖြိုးရေးနှင့် အခွန်ကြီးကြပ်ရေးကိစ္စများ စနစ်တကျ ဆောင်ရွက်နိုင်ရေး ဖေဖော်ဝါရီ ၁၉ ရက်က ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန အထက် မြန်မာပြည်ရုံးခွဲ တာဝန်ခံနှင့် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင် များအသင်း (မန္တလေးဇုန်)မှ လုပ် ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ သည်။

မန္တလေးတိုင်းအတွင်း ၂၀၁၇နှစ်ကုန်ပိုင်းအထိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက တရားဝင်လိုင်စင် ထုတ်ပေးထား သည့် ဟိုတယ်နှင့် တည်းခိုခန်း ၂၀၈ ခုရှိကြောင်း ထုတ်ပြန်ထား သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service