ရန်ကုန်၏ အရေးကြီး အဆောက်အအုံ ၆၀ကျော်ကို ငလျင်ဒဏ်ခံနိုင်မှု ရှိမရှိ လေ့လာတိုင်းတာမှုများလုပ်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
6112 Views

ရန်ကုန်၏ အရေးကြီး အဆောက်အအုံ ၆၀ကျော်ကို ငလျင်ဒဏ်ခံနိုင်မှု ရှိမရှိ လေ့လာတိုင်းတာမှုများလုပ်ဆောင်မည်

ရန်ကုန်မြို့ရှိ အရေးကြီးအဆောက်အအုံ ၆၀ကျော်ကို မြေငလျင်ဒဏ်ခံနိုင်မှုရှိမရှိ ပြန်လည် လေ့လာတိုင်းတာမှုများစတင်ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဓိက သမိုင်းဝင်အရေးကြီးအဆောက်အအုံများ လူနေထူထပ်ပြီး ကြံ့ခိုင်မှုအားနည်းနေသော အဆောက်အဦးများကိုစစ်ဆေးနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ထုတ်ပြန်လိုက်သည်။

အထူးသဖြင့် ၄င်းအဆောက်အအုံများသည် နှစ်ပေါင်းအားဖြင့် ၁၀၀ကျော် သက်တမ်း အတွင်းဝင်လာသော အဆောက်အအုံအချို့ ဖြစ်ပြီး အချို့ သော အဆောက်အအုံများမှာလည်း ၁၉၈၀ ၀န်းကျင်ကတည်ဆောက်ခဲ့သော အထပ်မြင့် အဆောက်အဦးများလည်း ပါဝင်ကြောင်း မြေငလျင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကရှင်းပြသည်။

ရန်ကုန်တွင် ငလျင်ဒဏ် အတွက် မိမိ လက်ရှိ နေထိုင်သည့် အထပ်မြင့်အဆောက်အအုံများကို သံသယရှိပါကကျွမ်းကျင် အင်ဂျင်နီယာပညာရှင်များဖြင့် စစ်ဆေးသင့်ကြောင်း အထက်ပါ တာဝန်ရှိသူကဆိုသည်။

ရန်ကုန်တွင် ၁၉၈၀ မှ ၂၀၁၃ အထိ ဆောက်လုပ်ခဲ့သော အထပ်မြင့် အဆောက်အအုံအများ စုမှာ ငလျင်ဒဏ်ခံထည့်သွင်း တွက်ချက်ပြီး တည်ဆောက်ခဲ့ခြင်းမရှိကြောင်း မြေငလျင်ကော်မတီ မှပြုစုထားသော အချက်အလက်များကဆိုသည်။

ပြီးခဲ့သည့်အပတ်က ရန်ကုန်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အထပ်မြင့်နေထိုင်သူများသည် ငလျင်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျှက်ရှိသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service