ကမ္ဘာကျော် အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုက် amazon.com ၏ ဒုတိယမြောက်ရုံးချုပ် အဆောက်အအုံကိုကန်ဒေါ်လာ ၅ ဘီလီယံအကုန်အကျခံဆောက်လုပ်သွားမည် - Property News in Myanmar from iMyanmarHouse.com
6170 Views

ကမ္ဘာကျော် အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုက် amazon.com ၏ ဒုတိယမြောက်ရုံးချုပ် အဆောက်အအုံကိုကန်ဒေါ်လာ ၅ ဘီလီယံအကုန်အကျခံဆောက်လုပ်သွားမည်

ကမ္ဘာကျော် အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုက် amazon.com သည် ဒုတိယမြောက်ရုံးချုပ် အဆောက်အအုံကို ကန်ဒေါ်လာ ၅ ဘီလီယံအကုန်အကျခံ ဆောက်လုပ်သွားရန်အတွက် ဆောက်လုပ်မည့်နေရာရွေးချယ်လျက်ရှိကြောင်း လော့စ်အိန်ဂျလိအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အမေဇုန်၏ ရုံးချုပ်အဆောက်အအုံ ဆောက်လုပ်ရေးအတွက် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့ရှိနေရာပေါင်း ၂၃၈ နေရာမှ ကမ်းလှမ်းချက်များရှိခဲ့သည်။

အမေဇုန်သည် ယခုအခါ အဆိုပါကမ်းလှမ်းချက်များမှ နေရာပေါင်း ၂၀ ကိုဇကာတင်စာရင်းအဖြစ် ရွေးချယ်လိုက်ပြီဖြစ်ကာလော့စ်အိန်ဂျလိမြို့လည်းပါဝင်သည်ဟုဆိုသည်။

ဇကာတင် နေရာ ၂၀ တွင် လော့စ်အိန်ဂျလိပါဝင်လာခြင်းမှာအတန်ငယ် အံ့အားသင့်ဖွယ်ကောင်းလေသည်။အဘယ်ကြောင့်ဆိုလျှင် အမေဇုန်၏ ရုံးချုပ်သည် ဆီယက်တဲလ်တွင် တည်ရှိရာ ဒုတိယမြောက်ရုံးချုပ်ကိုတည်ဆောက်ရာတွင် အနောက်ဘက်ကမ်းရိုးတန်းဒေသကိုရွေးချယ်လိမ့်မည်မဟုတ်ဟူသည့် ခန့်မှန်းချက်များရှိခဲ့သောကြောင့် ဖြစ်သည်။

အမေဇုန်ကဇကာတင်ရွေးချယ်ထားသည့် နေရာများမှာအတ္တလန္တာ၊ သြစတင်၊ တက္ကဆပ်၊ ဘော့စတွန်၊ ချီကာဂို၊ ဒါးလက်စ်၊ ဒင်ဗာ၊ အင်ဒီယာနာပိုလစ်၊ လော့စ်အိန်ဂျလိ၊ မီယာမီ၊ နယူးယောက်၊ ဖီလာဒဲလ်ဖီးယား၊ တိုရွန်တို၊ ဝါရှင်တန်၊ ပစ္စဘာ့ဂ်ျ၊ ရလေးဂ်ျ၊ နက်ရှ်ဗီး၊ နီဝါ့ခ်၊ ကိုလံဘတ်စ်နှင့် အိုဟိုင်းအိုးတို့ ဖြစ်ကြသည်။
ဗာဂျီးနီးယားမြောက်ပိုင်းနှင့် မေရီလန်းပြည်နယ် မောင်ဂိုမာရီခရိုင်တို့ကိုလည်း ဖြစ်တန်ရာချေရှိသည့်နေရာများအဖြစ် ရွေးချယ်ထားသည်။

လာမည့်လများတွင် ဇကာတင်ရွေးချယ်ထားသည့် နေရာများနှင့် စပ်လျဉ်း၍ အလေးအနက်ဆွေးနွေးသွားမည်ဖြစ်ပြီးယခုနှစ်မကုန်မီအပြီးသတ်ဆုံးဖြတ်ချက် ချမှတ်သွားရန် ရည်မှန်းထားသည်။

ဇကာတင်စာရင်းတွင် ပါဝင်သည့်နေရာများနှင့် စပ်လျဉ်း၍ အဘယ်ကြောင့်ရွေးချယ်ရသည်ကိုမူအမေဇုန်ကထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိချေ။ဒုတိယမြောက် ရုံးချုပ်ဖွင့်လှစ်ရန် စီမံကိန်းကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်းကထုတ်ဖော်ကြေညာခဲ့ခြင်း ဖြစ်သည်။

ယခုရုံးချုပ်သစ်ကအလုပ်အကိုင်နေရာပေါင်း ၅၀၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဟုအမေဇုန်ကထုတ်ပြန်ထားသည်။ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း လုပ်ငန်းခွန်မြင့်မားမှုနှင့် အိမ်ခြံမြေဈေးနှုန်း မြင့်မားမှုတို့ကြောင့် ကုမ္ပဏီများစွာ၏ ရုံးချုပ်များရွှေ့ပြောင်းသွားခဲ့ကြသည့် လော့စ်အိန်ဂျလိကမူအမေဇုန်ရုံးချုပ်ဖွင့်လှစ်လာမည်ကိုဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိသည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service