တရုတ်ပြည်မကြီး လုပ်ငန်းရှင်တို့က ဟောင်ကောင်ရှိ ရုံးခန်းတာဝါ အဆောက်အအုံကြီးတစ်ခုကို ကမ္ဘာကျော်သူဌေးကြီး လီရှောက်ကီထံမှ ဟောင်ကောင်ဒေါ်လာ ၁၀ ဘီလီယံနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
2650 Views

တရုတ်ပြည်မကြီး လုပ်ငန်းရှင်တို့က ဟောင်ကောင်ရှိ ရုံးခန်းတာဝါ အဆောက်အအုံကြီးတစ်ခုကို ကမ္ဘာကျော်သူဌေးကြီး လီရှောက်ကီထံမှ ဟောင်ကောင်ဒေါ်လာ ၁၀ ဘီလီယံနီးပါးဖြင့် ဝယ်ယူ

တရုတ်ပြည်မကြီး လုပ်ငန်းရှင်တို့က ကျောထောက်နောက်ခံပေးထားသည့် ကုမ္ပဏီတစ်ခုသည် ဟောင်ကောင်ရှိ ရုံးခန်းတာဝါ အဆောက်အအုံကြီးတစ်ခုကို ကမ္ဘာကျော်သူဌေးကြီး လီရှောက်ကီပိုင် Henderson Land Development ထံမှ ဟောင်ကောင်ဒေါ်လာ ၉ ဒသမ ၉၅ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၂၇ ဘီလီယံ) ဖြင့် ဝယ်ယူရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆောက်အအုံတည်နေရာမှာ ဟောင်ကောင်ရှိ နာမည်ကျော် North Point အရပ်တွင် တည်ရှိပြီး Fans Group လိမိတက်က ဝယ်ယူမည် ဖြစ်သည်။

ယခုအရောင်းအဝယ်မှာ ဟောင်ကောင်အရှေ့ပိုင်းတွင် တန်ဖိုးအကြီးမားဆုံး အိမ်ခြံမြေအရောင်းအဝယ်တစ်ခုအဖြစ် မှတ်တမ်းတင်တော့မည် ဖြစ်သည်။

ဝယ်လက်ဖြစ်သော Fans Group လိမိတက်သည် တရုတ်ပြည်မကြီးအခြေစိုက် China Create Capital က ရာနှုန်းပြည့်ပိုင်ဆိုင်ထားသည့် ကုမ္ပဏီခွဲတစ်ခုလည်း ဖြစ်သည်။

ပြည်မကြီးကုမ္ပဏီများသည် ဟောင်ကောင်ရှိရုံးခန်းအဆောက်အအုံများကို ဆက်တိုက်ဝယ်ယူမှုများ ပြုလုပ်လာရာ ယခုအရောင်းအဝယ်မှာ နောက်ဆုံးပေါ်ပေါက်လာသည့် ခြေလှမ်းဖြစ်ပြီး တစ်စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၃၀၁၇၀ ( ကန်ဒေါ်လာ ၃၈၅၉ ) ဈေးဖြင့် အရောင်းအဝယ်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဟောင်ကောင်တွင် ရုံးခန်းနေရာ ဝယ်လိုအားအလွန်မြင့်တက်လာမှုနှင့်အတူ ဟောင်ကောင်သည် ကမ္ဘာပေါ်တွင် ရုံးခန်းနေရာ တန်ဖိုးအကြီးမားဆုံးဒေသအဖြစ် စံချိန်တင်လာခဲ့သည်။

သူဌေးကြီး လီရှောက်ကီ၏ Henderson Land Development သည် ယခုရုံးခန်းအဆောက်အအုံကြီးကို ၂၀၀၅ ခုနှစ်အတွင်း ဟောင်ကောင်ဒေါ်လာ သန်း ၆၂၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခင်က အဆိုပါ ၂၂ ထပ် အဆောက်အအုံကြီးကို ဟောင်ကောင်ဒေါ်လာ ၁၁ ဘီလီယံဖြင့် ရောင်းချရန် စီစဉ်ခဲ့သည်ဟူသော သတင်းများရှိရာ ယခုအရောင်းအဝယ်ဖြစ်ခဲ့သည့် ၉ ဒသမ ၉၅ ဘီလီယံမှာ ဈေးနှုန်းလျှော့ချပေးခဲ့ခြင်းလည်း ဖြစ်တန်ရာချေရှိသည်။

Henderson Land Development သည် အဆိုပါအဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် နှစ်စဉ်ကြေးများအတွက် ဟောင်ကောင်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ (ကန်ဒေါ်လာ သန်း ၅၉၀) ခန့် ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဆိုသည်။

Henderson Land Development သည် ယခုအရောင်းအဝယ်တွင် ဟောင်ကောင်ဒေါ်လာ ၅ ဒသမ ၃၅ ဘီလီယံခန့် မြတ်စွန်းခဲ့သည်။

ဟောင်ကောင်မြို့လယ်သည် လက်ရှိအားဖြင့် ငှားရမ်းခမှာ တစ်စတုရန်းပေကို တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၂၀၀ (ကန်ဒေါ်လာ ၂၅ ဒသမ ၆၃ ) ခန့်အထိ ပေါက်ဈေးရှိရာ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးနေရာဖြစ်လာသည်။

မကြာသေးမီကာလများအတွင်း ပြည်မကြီးရင်းနှီးမြှုပ်နှံသူများသည် ဟောင်ကောင်တွင် ဆက်တိုက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာလျက်ရှိရာ လီကာရှင်းပိုင် The Center အမည်ရှိ ၇၃ ထပ်မိုးမျှော်တိုက်ကြီးကို ဟောင်ကောင်ဒေါ်လာ ၄၀ ဒသမ ၂ ဘီလီယံဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်း၊ ကမ်းခြေအဆောက်အအုံကြီးတစ်ခုကို ရှန်းဇန်အခြေစိုက် LVGEM (China) Real Estate Investment ကုမ္ပဏီက ဟောင်ကောင်ဒေါ်လာ ၉ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ) ဖြင့် ဝယ်ယူခဲ့ခြင်း၊ China Everbright ကုမ္ပဏီက Dah Sing Financial Centre ကို ဟောင်ကောင်ဒေါ်လာ ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၂၉ ဘီလီယံ) ဖြင့် ဝယ်ယူခဲ့ခြင်း၊ Evergrande Real Estate က Mass Mutual တာဝါကို ဟောင်ကောင်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်းတို့ ပါဝင်လေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်မကြီး လုပ်ငန်းရှင်တို့က ဟောင်ကောင်ရှိ ရုံးခန်းတာဝါ အဆောက်အအုံကြီးတစ်ခုကို ကမ္ဘာကျော်သူဌေးကြီး လီရှောက်ကီထံမှ ဟောင်ကောင်ဒေါ်လာ ၁၀ ဘီလီယံနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service