မြောက်ဦးဒေသမှ ကျူးကျော်အဆောက်အအုံများကို ပြောင်းရွှေ့မည် - Property News in Myanmar from iMyanmarHouse.com
4058 Views

မြောက်ဦးဒေသမှ ကျူးကျော်အဆောက်အအုံများကို ပြောင်းရွှေ့မည်

၂၀၁၈ခုနှစ်၌ ယူနက်စကို တင်သွင်းရန် စီစဉ်ထားသော မြောက်ဦးယဉ်ကျေးမှု နယ်မြေအတွင်းမှ ကျူးကျော် အဆောက်အအုံများကို မြောက်ဦးဒေသ မြောက်ဘက်ရှိ မြေဧက ၆၀ဝ သို့ ပြောင်းရွှေ့နေရာချပေးရန် စီစဉ်ထားကြောင်း အဆိုပါမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။

မြောက်ဦးယဉ်ကျေးမှုဒေသသည် ကီလိုမီတာ ၅၀ ခန့် ကျယ်ဝန်းပြီး ဧရိယာအတွင်း ကျူးကျော် တည်ဆောက်ထားသော ဌာနဆိုင်ရာ အဆောက်အအုံ အပါအဝင် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ ပါဝင်နေခြင်းကြောင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့သို့ အပြီးသတ် တင်ပြရာ၌ အဟန့်အတား မဖြစ်စေရန် ဒေသခံများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဦးထွန်းသာစိန်က ဆက်လက်ပြောကြားသည်။

“မြို့သစ်ကတော့ မဖြစ်မနေ ဖော်ထုတ်ရမယ်။ လောလောဆယ် ပြောင်းရွှေ့၊ နေရာချထားတာတော့ မလုပ်ရသေးဘူး။ ဒေသခံတစ်ထောင်ကျော် နားလည်ဖို့ တန်ဖိုးထားတတ်ဖို့ ရှင်းပြရမယ်။ ပြီးမှ ပြောင်းရွှေ့မယ့် အစီအစဉ်ကို အိုးအိမ်၊ ထွေအုပ်အဖွဲ့တွေနဲ့ ပူးပေါင်း လုပ်ဆောင်မှာပါ”ဟု ၎င်းက ဆိုသည်။

ထို့သို့ ပြောင်းရွှေ့ရန် ရွေးချယ်လိုက်သော မြေနေရာသည် မြောက်ဦးမြို့နယ်၊ မြောက်ဘက်ရှိ မော်ဖီကန်နှင့် အုတ်ခေါ်ကန် ကျေးရွာအနီးတွင်ဖြစ်ပြီး မြေဧက ၆၀ဝ အနက် ယဉ်ကျေးမှုဧရိယာနှင့် နီးစပ်သော မြေဧက ၁၀ဝ ပေါ်၌ အဆောက်အအုံများကို အထပ်အမြင့် တည်ဆောက်ခွင့်ပြုမည် မဟုတ်ဘဲ ကျန်ရှိသော မြေဧက ၅၀ဝ ပေါ်တွင်မူ လွတ်လပ်စွာ တည်ဆောက်ခွင့်ပြုမည် ဖြစ်ကြောင်း မြောက်ဦးခရိုင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကြီးတန်း တာဝန်ရှိတစ်ဦးက ဆိုသည်။

“ရွေးချယ်လိုက်တဲ့ ယာယီနေရာက အဆင်ပြေပေမယ့် ကမ္ဘာ့အမွေအနှစ်အပေါ် ထိခိုက်မှု ရှိနိုင်လား၊ မရှိနိုင်လား နိုင်ငံတကာ ပညာရှင်တွေ ဖိတ်ခေါ်ဆန်းစစ်ပြီးမှ အတည်ပြုမှာပေါ့။ လက်ရှိနေရာ လက်ရှိနေရာလည်း ဖြစ်ချင် ဖြစ်သွားနိုင်မှာပဲ”ဟု ၎င်းက ဆိုသည်။

လက်ရှိ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ယူနက်စကို တင်သွင်းရာတွင် စေတီ၊ ပုထိုးများ၏ စာရင်းနှင့် အနုပညာလက်ရာ ပြောင်မြောက်မှုတို့ကို အသေးစိတ် မှတ်တမ်းတင်ပြုစု၍ အဆိုပြုလွှာ ရေးသားလျက်ရှိပြီး ရရှိလာသော အချက်အလက် အဆိုပြုလွှာကို ၂၀၁၈ခုနှစ် စက်တင်ဘာလအတွင်း အပြီးသတ် ပေးပို့ရမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service