ကမ္ဘာ့ရွေဈေးကျဆင်းလာ၍ မြန်မာ့အခေါက်ရွှေဈေး အနည်းငယ်ပြန်ကျ - Property News in Myanmar from iMyanmarHouse.com
4718 Views

ကမ္ဘာ့ရွေဈေးကျဆင်းလာ၍ မြန်မာ့အခေါက်ရွှေဈေး အနည်းငယ်ပြန်ကျ

ကမ္ဘာ့ရွှေဈေးကျဆင်းလာသဖြင့် ဒီဇင်ဘာ ဒုတိယပတ်တွင်း မြန်မာ့အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၉၁၆,ဝ၀ဝ သို့ ကျဆင်းလာကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ ဒီဇင်ဘာ ၁၀ ရက်၌ သိရသည်။

ကျဆင်း

ကမ္ဘာ့ရွှေဈေးကျဆင်းလာသဖြင့် ဒီဇင်ဘာ ဒုတိယပတ်တွင်း မြန်မာ့အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၉၁၆,ဝ၀ဝ သို့ ကျဆင်းလာကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ ဒီဇင်ဘာ ၁၀ ရက်၌ သိရသည်။

ကျဆင်း

မြန်မာ့အခေါက်ရွှေသည် နိုဝင်ဘာအတွင်း တစ်ကျပ်သားလျှင် ကျပ် ၉၃၀,ဝ၀ဝ ဝန်းကျင်ရှိခဲ့ရာမှ ဒီဇင်ဘာပထမပတ်အတွင်း ကျပ် ၉၁၀,ဝ၀ဝ ဝန်းကျင်သို့ ကျဆင်းခဲ့သေးကြောင်း သိရသည်။

"ကမ္ဘာ့ရွှေဈေးကျနေလို့ မြန်မာ့ရွှေဈေးကျလာတာပဲဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရွှေဈေးသဘောတရားက သူ့သတ်မှတ်ချက် တစ်ခုကို ကျပြီးရင် ပြန်မြင့်တက်တဲ့ သဘောမှာလည်းရှိနေတယ်" ဟု အောင်သမာဓိရွှေဆိုင်မှ အထွေထွေမန်နေဂျာ ဦးမော်မော်က ပြော ဆိုသည်။

ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာအတွင်း တစ်အောင်စလျှင် ဒေါ်လာ ၁,၃၀ဝ ဝန်းကျင် ရှိရာမှ ဒီဇင်ဘာအတွင်း တစ်အောင်စလျှင် ဒေါ်လာ ၁ç၂၅၀သို့ ကျဆင်းလာခဲ့သည်။

အမြင့်ဆုံးရောက်ခဲ့

မြန်မာ့ရွှေဈေးသည် ယခုနှစ်အတွင်း တစ်ကျပ်သားလျှင် ကျပ် ကိုးသိန်းခွဲကျော်အထိဖြင့် အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့ပြီး ယခုနှစ် အစောပိုင်းက ကိုးသိန်းဝန်းကျင်သာရှိခဲ့ကြောင်း သိရသည်။

"ဈေးက ခန့်မှန်းရခက်ပါတယ်။ လက်ရှိအနေအထားမှာ ကမ္ဘာ့ ဈေးက ငြိမ်နေပါပြီ။ ဒီ့ထက်ဈေးကျဖို့ဆိုတာတော့ ပြောဖို့မလွယ်ပါ ဘူး။ အရောင်းအဝယ်တွေကတော့ ပုံမှန်ပါပဲ" ဟု တိတ်စိန်ရွှေဆိုင် ပိုင်ရှင် ဦးဇော်အောင်က ပြောဆိုသည်။

ဒီဇင်ဘာ ၁၁ ရက်တွင် မြန်မာ့အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၁၆,ဝ၀ဝ၊ ကမ္ဘာ့ ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁,၂၅၀ နှင့် ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာ လျှင် ၁,၃၅၅ ကျပ် ဈေးပေါက်နေကြောင်း သိရသည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service