ရွှေဈေး ကျပ် ၉၃ဝဝဝဝ ကျော်ဖြင့် အမြင့်ပိုင်းတွင်ရှိနေသော်လည်း အရောင်းပြန်တက် - Property News in Myanmar from iMyanmarHouse.com
5030 Views

ရွှေဈေး ကျပ် ၉၃ဝဝဝဝ ကျော်ဖြင့် အမြင့်ပိုင်းတွင်ရှိနေသော်လည်း အရောင်းပြန်တက်

မြန်မာ့ရွှေ ဈေးအမြင့်ပိုင်းတွင်ရှိနေဆဲဖြစ် သော်လည်း ဈေးကွက်အတွင်း အရောင်းပြန်တက်လာကြောင်းရွှေလုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။

မြန်မာ့အခေါက်ရွှေ တစ်ကျပ် သားလျှင် ကျပ်ကိုးသိန်းကျော်မြင့် တက်နေသည့်အတွက် အောက်တို ဘာလကုန်အထိ ရွှေအရောင်းအ ဝယ်ဈေးကွက်မှာ အေးစက်နေခဲ့ ပြီး ယခုအခါရွှေဈေးမှာ ကျပ်ကိုး သိန်းအောက်သို့ ရောက်ရှိခြင်းမ ရှိသော်လည်း အရောင်းဈေးကွက် မှာ ပြန်လည်မြင့်တက်လာကြောင်း ဦးထုံရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

""ဈေးကွက်ကမိုးတွင်းတုန်း ကထက်စာရင်တော့ ခုကောင်းလာ တယ်။ မင်္ဂလာဆောင်တွေ၊ အလှူ ပွဲအချိန်တွေဖြစ်လာတော့ရွှေဈေး ကမကျပေမယ့်လည်း အဝယ်ပြန် လိုက်လာတယ်။ ပုံမှန်ပြန်ဖြစ်လာ တယ်လို့ပြောလို့ရပါတယ်""ဟု ၄င်း က ပြောသည်။မြန်မာ့ရွှေဈေးအတက် အကျ သည်ကမ္ဘာ့ရွှေဈေးအတက်အကျ ပေါ်မူတည်၍ ဈေးကွက်တစ်ခုဖြစ် ပေါ်နေခြင်းဖြစ်ကြောင်းရွှေလုပ် ငန်းအသိုင်းအဝိုင်းမှ သိရသည်။

ကမ္ဘာ့ရွှေဈေးအတက်အကျ သည် အမေရိကန်နိုင်ငံဗဟိုဘဏ် ကချမှတ်သည့်မူဝါဒ၊ နိုင်ငံတကာစီးပွားရေးအခြေအနေ၊နိုင်ငံတကာစတော့အိတ်ချိန်းဈေးကွက်တို့ ပေါ်မူတည်ကာ ဈေးကွက်ပေါက် ဈေးဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းမှ အထွေထွေအတွင်းရေး မှူး ဦးကျော်ဝင်းက သုံးသပ်ပြော သည်။""တစ်နည်းပြောရရင် အမေ ရိကန်နိုင်ငံရဲ့ဗဟိုဘဏ်မူဝါဒပေါ်မူတည်ပြီး ရွှေဈေးအတက်အကျဖြစ် တာပေါ့။သူ့နိုင်ငံမှာ
သူရောင်းချင်ရင်ဈေးကစားတယ်။ ဘာရောင်း ရောင်းသူ့ဒေါ်လာကိုသုံးရတယ်။ သူ့ငွေကိုသူထုတ်တော့ သူလိုချင် သလိုကစားတာပေါ့ ""ဟု၎င်းက ပြောသည်။

ပွင့်လင်းရာသီရောက်နေပြီ ဖြစ်ခြင်းကြောင့် ရွှေအရောင်း အဝယ်ဈေးကွက်တွင်ဝယ်သူများ သည် မိုးရာသီထက်ပိုများကာ အရောင်းအဝယ်ပုံမှန်ပြန်ဖြစ်နေ ကြောင်း သိရသည်။

အောက်တိုဘာလအတွင်း က ကမ္ဘာ့ရွှေတစ်အောင်စလျှင် ကန်ဒေါ်လာ ၁၃ဝဝ ကျော်ခဲ့သည့် အတွက် မြန်မာ့မီးလင်းအခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ်ကိုး သိန်းခြောက်သောင်းကျော်အထိ ဈေးမြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၃ ရက်တွင် ကမ္ဘာ့ရွှေတစ်အောင်စကို ကန်ဒေါ်လာ ၁၂ဝဝ ကျော်ဖြစ်နေ ကာ မြန်မာ့မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ကိုးသိန်း သုံးသောင်းငါးထောင်ဖြင့် ဈေး ကွက်အတွင်းအရောင်းအဝယ်ဖြစ် နေကြောင်း သိရသည်။

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service