ရန်ကုန်အနောက်ပိုင်းမြို့သစ်စီမံကိန်းတွင် ဒလမြို့နယ်ကိုပါထည့်သွင်း၊ မြို့နယ်သုံးခု၊ မြေဧကလေးသောင်းကျော်ဖြင့် စီမံကိန်းရေးဆွဲထားဟု ဆောက်လုပ်ရေးဒုဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
3447 Views

ရန်ကုန်အနောက်ပိုင်းမြို့သစ်စီမံကိန်းတွင် ဒလမြို့နယ်ကိုပါထည့်သွင်း၊ မြို့နယ်သုံးခု၊ မြေဧကလေးသောင်းကျော်ဖြင့် စီမံကိန်းရေးဆွဲထားဟု ဆောက်လုပ်ရေးဒုဝန်ကြီးပြော

ရန်ကုန် အနောက်ပိုင်းမြို့သစ်စီမံကိန်းတွင် ဒလမြို့နယ်ကိုပါထည့်သွင်းထားပြီး မြို့နယ်သုံးခု၊ မြေဧကလေးသောင်း ကျော်ဖြင့် စီမံကိန်းရေးဆွဲထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြော သည်။

နိုဝင်ဘာ ၂ ရက်နေ့ ဒုတိယ အကြိမ်ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ဒလမြို့ သစ်စီမံကိန်းဖော်ဆောင်ရန် သိမ်း ယူခဲ့သောမြေများအနက် ဆောင်ရွက် မှုမရှိသေးသော(၁၁/၁၄)ရပ်ကွက်၊ အံ့ကြီးအနောက်ရပ်ကွက်၊ (၆)နံပါတ် ရပ်ကွက်များရှိမြေများအား အနာ ဂတ်စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ရန် မည်သည့်အ ချိန်တွင်စတင်မည်၊ မည်မျှအချိန် ကြာမြင့်မည်၊ မည်သို့ဆက်လက် ဆောင်ရွက်မည်ကိုသိလိုကြောင်း မေးမြန်းမှုအပေါ် ဒုတိယ၀န်ကြီးက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒလမြို့နယ်တွင် ရပ်ကွက် ပေါင်း ၂၃ ရပ်ကွက်ရှိသည့်အနက် ၁၉၉၁ ခုနှစ်က မြို့ကွက်သစ်စီမံ ကိန်းအတွက် ဧက ၁၀၀၀ ကျော် သိမ်းခဲ့ပြီး ရပ်ကွက် ၂၀ မှာ မြို့ကွက် သစ်ဖြစ်လာပြီး ကျန်သုံးရပ်ကွက် မှာ မြို့ကွက်သစ်ဖော်ဆောင်သေး ခြင်းမရှိသဖြင့် မြေဧကများ ကျန်ရှိနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာစိန်မြအေးက ပြောသည်။

" မြို့ကွက်သစ်မှာ ချပေးဖို့ ပြည်သူတွေ တောင်းဆိုနေတာ ကျွန်တော်တို့အစိုးရအပါအ၀င် အစိုးရသုံးဆက်ရှိပါပြီ။ ဘာမှထူး ခြားလာခြင်းမရှိပါဘူး။ ပြည်သူ လူထုက ကျွန်တော်တို့အစိုးရလက် ထက်မှာ ဆုံးရှုံးနေတဲ့အခွင့်အရေး တွေကို ပြန်ရမယ်လို့ မျှော်လင့်နေ ကြပါတယ်" ဟု ဒေါက်တာစိန်မြ အေးကဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်လင်းက စီမံ ကိန်းအကောင်အထည်ဖော်ရန် ကျန်ရှိသောရပ်ကွက်သုံးခုကို ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ရန်ကုန်မြို့တော်ဖွံ့ ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက် ရေးကော်မတီ၏ အနာဂတ်မြို့ပြ ဖွံ့ဖြိုးမှုအပေါ်မူတည်ပြီး Master Plan ရေးဆွဲကာ ဆောင်ရွက်သွား မည်ဟုဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှဖော်ဆောင်မည့် ရန်ကုန် မြို့သစ်စီမံကိန်းတွင် ဒလမြို့နယ် လည်းအပါအ၀င်ဖြစ်ကြောင်း ဒုတိ ယ၀န်ကြီးက ထပ်လောင်းပြော သည်။

"ဒလမြို့နယ်အပါအ၀င် ဒလ မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် နဲ့ကြည့်မြင်တိုင်တစ်ဖက်ကမ်း အေး ရွာတည်ရှိတဲ့ လှိုင်သာယာမြို့နယ်၊ ဒီမြို့နယ်သုံးခုကိုပူးပေါင်းပြီးတော့ မှ အဲဒီမှာ မြေဧကလေးသောင်း ကျော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆောက်လုပ်ရေးဝန် ကြီးဌာနတို့ပူးပေါင်းပြီး Master Plan ရေးဆွဲထားပါတယ်။ ရန်ကုန် အနောက်ပိုင်းမြို့ သစ်စီမံကိန်းဆိုပြီး ရေးဆွဲထားပြီးတော့။ အခုရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က အ ကောင်အထည်ဖော်မယ့် Project အထဲမှာ ဒလမြို့ကလည်း အပါအ ၀င်ဖြစ်ပါတယ် " ဟု ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောသည်။

စီမံကိန်းစတင်မည့်ရက်ကိုမူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့နှင့်ညှိနှိုင်းပြီး ပြန်ကြားသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီးက ပြော ကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ၂၀၁၄ ခုနှစ် ပထမအကြိမ်ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်အထူး အစည်းအဝေးတွင် ယခင်ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ် စား ရန်ကုန်မြို့တော်ဝန်ကဖော်ဆောင်ရေးအဆိုတင်သွင်းခဲ့ခြင်း ဖြစ်ပြီး စီမံကိန်းများနှင့်ပတ်သက် ၍ ဝေဖန်မှုများ ထွက်ပေါ်လာပြီး နောက် အဆိုကိုပြန်လည်ရုပ်သိမ်း ခဲ့သည်။

ယင်းပထမအအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်သက် တမ်း ၂၀၁၅ ခုနှစ် ဇွန်လတွင်ပြု လုပ်သော ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေး၌ ကြည့်မြင်တိုင်မြို့ နယ်အမှတ်(၂) လွှတ်တော်ကိုယ် စားလှယ် ဦးမြင့်လွင်ကရန်ကုန်မြို့ သစ်စီမံကိန်း အမြန်အကောင် အထည်ဖော်ရေးအဆိုကို တင်သွင်း ပြီး လွှတ်တော်ကအတည်ပြုခဲ့ သည်။

ယင်းအတည်ပြုချက်နှင့်ပတ် သက်ပြီး လက်ရှိရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက်မှုအခြေအနေကို ယခု နှစ် ဇူလိုင်လ ၁၀ ရက်နေ့ လွှတ် တော်၌ လျှစ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရှင်းလင်းခဲ့ရာ မူလချုပ်ဆိုခဲ့သောကုမ္ပဏီသုံးခု ကိုခေါ်ယူညှိနှိုင်းမှုအရ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့သစ်မှ ရာနှုန်းပြည့် ကြီးကြပ်ကွပ်ကဲဆောင် ရွက်ရန်၊ ရန်ကုန်မြို့သစ်တည် ဆောက်ရေးလုပ်ငန်းစဉ်ကော်မတီ ကို တာဝန်ပေးထားပြီး အနောက် တောင်မြို့သစ်စီမံကိန်းအဖြစ် ကြည့် မြင်တိုင်တစ်ဖက်ကမ်းတွင် ဖော် ဆောင်မည်ဟုသာ ရှင်းလင်းထား ကြောင်းသိရသည်။

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service