ထရမ့်တာဝါတွင် အခန်းငှားရေးအတွက် ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးရာတွင် ဈေးမတည့်သောကြောင့် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့မှာ အဆောက်အအုံအောက်ရှိ ကားပါကင်မှ လုံခြုံရေးရယူပေးရလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
1235 Views

ထရမ့်တာဝါတွင် အခန်းငှားရေးအတွက် ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးရာတွင် ဈေးမတည့်သောကြောင့် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့မှာ အဆောက်အအုံအောက်ရှိ ကားပါကင်မှ လုံခြုံရေးရယူပေးရလျက်ရှိ

နယူးယောက်မြို့၊ ပဉ္စမရိပ်သာလမ်းရှိ နာမည်ကျော်ထရမ့်တာဝါတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မကြာခဏ လာရောက်လေ့ ရှိသော သူနေထိုင်ခဲ့ရာ အခန်းရှိသည်။

လျှို့ဝှက်ထောက်လှမ်းရေးတပ်ဖွဲ့သည် ယခင်က ထရမ့်၏ အခန်း၏ အောက်ထပ်ကို ငှားရမ်းကာ လုံခြုံရေးရယူပေးခဲ့သည်။
ယခုအခါတွင်မူ အဆောက်အအုံ၏ ပြင်ပတွင် ရပ်နားထားသော ဗန်ကားများပေါ်မှတစ်ဆင့် လုံခြုံရေးကိစ္စများ စီမံဆောင်ရွက်ရလျက်ရှိသည်
ဟု ဆိုသည်။

လျှို့ဝှက်ထောက်လှမ်းအဖွဲ့သည် သင့်လျော်သည့်နေရာတစ်ခု မတွေ့သေးသည့်အထိ ကားနောက်တွဲ trailer များကို အသုံးပြုကာ အခြေပြုရာနေရာအဖြစ် အသုံးပြုကာ လုံခြုံရေးရယူပေးသွားမည်ဟု ဆိုသည်။

လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ကို ငှားရမ်းထားသော အခန်းငှားခ၊ စာချုပ်ပါစကားရပ်များနှင့် စပ်လျဉ်း၍ သဘောထားကွဲလွဲမှုကြောင့် Trump Organisation က အငှားချထားမှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“အလေးအနက် သုံးသပ်ပြီးနောက်ပိုင်း တခြားတစ်နေရာရာမှာ ငှားရမ်းတာက လျှို့ဝှက်ထောက်လှမ်းရေးအတွက် ကုန်ကျစရိတ် သက်သာစေမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ပြောရေးဆိုခွင့်ရ အမျိုးသမီး အာမန်ဒါ မစ်လာက The Washington Post သို့ ပေးပို့သည့် အီးမေးလ်တွင် ဖော်ပြထားသည်
ဟု ဆိုသည်။

ပြီးခဲ့သောဇန်နဝါရီလအတွင်းဒေါ်နယ်ထရမ့်သမ္မတတာဝန်စတင်ရယူခဲ့သည့်အချိန်မှစကာ ထရမ့်တာဝါတွင် လျှို့ဝှက်ထောက်လှမ်းရေး က စတင်အခန်းငှားရမ်းကာ လုံခြုံရေးရယူပေးခဲ့သည်ဟု ဆိုသည်။

ဒေါ်နယ်ထရမ့်သည် ယင်းတာဝါသို့ သွားရောက်ခြင်း နည်းပါးသော်လည်း First Lady မီလာနီယာထရမ့်နှင့် သားဖြစ်သူ ဘာရွန်တို့ကမူ အိမ်ဖြူတော်သို့ မပြောင်းမီတွင် အဆိုပါအခန်းတွင် လပေါင်းများစွာ နေထိုင်ခဲ့ကြသည်။

အခြားအမေရိကန်သမ္မတများနည်းတူ အိမ်ဖြူတော်အပြင်ရှိ အဓိကနေအိမ်ကို သမ္မတ၏ အမြဲတမ်းနေအိမ်အဖြစ် သတ်မှတ်လေ့ရှိကြရာ ယင်းနေအိမ်အတွက် လုံခြုံရေးတင်းကြပ်ပေးရန်လည်း လိုအပ်လာသည်။

ထရမ့်တာဝါတွင် စောင့်ကြပ်နေသည်မှာ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့သာမကဘဲ ပင်တဂွန်သည်လည်း တစ်လလျှင် ကန်ဒေါ်လာ ၁၃၀၀၀၀ဖြင့်အခန်းငှားရမ်းထားပြီးစစ်ရုံးအဖြစ်ဖွင့်လှစ်ထားသည်။

အဆိုပါ ငှားရမ်းခမှာ ထရမ့်တာဝါရှိ အခြားအခန်းများထက် ဈေးနှုန်းမြင့်မားလျက်ရှိသည်ဟု ဆိုသည်။ပင်တဂွန်က ဖွင့်လှစ်ထားသည့် အဆိုပါစစ်ရုံးသည် အနုမြူလက်နက်ဖြင့် တိုက်ခိုက်မှုများကို တိုက်ရိုက်အမိန့်ပေးနိုင်သော nuclear football ဟုခေါ်သည့် သမ္မတ၏ လျှို့ဝှက်လက်ဆွဲအိတ်ကိုစောင့်ရှောက်မှုပေးရသည်ဟု ဆိုသည်။

ပင်တဂွန်နှင့် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့တို့သည် ထရမ့်၏အဆောက်အအုံကို စောင့်ရှောက်မှုပေးနိုင်ရန်အတွက် ငွေကြေးများစွာ သုံးစွဲရလျက်ရှိသည်။

မကြာသေးမီကပင် လျှို့ဝှက်ထောက်လှမ်းရေးက ထရမ့်၏နယူးယောက်အဆောက်အအုံနှင့် ကလေးငယ်များကို စောင့်ရှောက်ရသည့် ကုန်ကျစရိတ်ကာမိနိုင်ရန် ကန်ဒေါ်လာ ၂၆ ဒသမ ၈ သန်း ထပ်မံတောင်းခံထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ထရမ့်တာဝါတွင် အခန်းငှားရေးအတွက် ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးရာတွင် ဈေးမတည့်သောကြောင့် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့မှာ အဆောက်အအုံအောက်ရှိ ကားပါကင်မှ လုံခြုံရေးရယူပေးရလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ထရမ့်တာဝါတွင် အခန်းငှားရေးအတွက် ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးရာတွင် ဈေးမတည့်သောကြောင့် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့မှာ အဆောက်အအုံအောက်ရှိ ကားပါကင်မှ လုံခြုံရေးရယူပေးရလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ထရမ့်တာဝါတွင် အခန်းငှားရေးအတွက် ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးရာတွင် ဈေးမတည့်သောကြောင့် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့မှာ အဆောက်အအုံအောက်ရှိ ကားပါကင်မှ လုံခြုံရေးရယူပေးရလျက်ရှိ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service