ရန်ကုန် စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ ဝင်ငွေခွန်ငါးရာခိုင်နှုန်း သက်သာခွင့်ရထားသော်လည်း နှစ်စဉ်ရရှိရန် အာမခံချက်မရှိ - Property News in Myanmar from iMyanmarHouse.com
785 Views

ရန်ကုန် စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ ဝင်ငွေခွန်ငါးရာခိုင်နှုန်း သက်သာခွင့်ရထားသော်လည်း နှစ်စဉ်ရရှိရန် အာမခံချက်မရှိ

တစ်နှစ် တစ်ကြိမ် ပြန်လည် ရေးဆွဲလေ့ရှိသည့် ပြည်ထောင်စု အခွန်အေ ကာက် ဥပဒေတွင် ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများအား ဝင်ငွေခွန် ငါးရာခိုင်နှုန်း သက်သာခွင့်ပေး ခြင်းနှင့်ပတ်သက်ပြီး မပါဝင်ခဲ့ေ သ်ာလည်း ယခုလအတွင်း အမိန့်ကြော် ငြာစာထုတ်ပြန်၍ သက်သာခွင့်ေ ပးခဲ့ရာ အဆိုပါသက်သာခွင့်ကိုနှစ်စဉ် ရရှိရန်မှာ အာမခံချက် မရှိေ ကြာင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ စတော့ဈေးကွက် ဖွံ့ဖြိုးလာစေရေးနှင့် စတော့အိတ်ချိန်း စာ ရင်းဝင်ကုမ္ပဏီအရေအတွက် များ ပြားလာစေရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယခုသြဂုတ် လပထမအပတ်တွင် စတော့ အိတ် ချိန်း စာရင်းဝင် အများပိုင်ကုမ္ပဏီများအား ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ဝင်ငွေခွန် ငါးရာခိုင်နှုန်းသက်သာ ခွင့်ပြုလိုက်ပြီး သက်သာခွင့်ပြုလိုက် ခြင်းေ ကြာင့် စတော့အိတ်ချိန်းစာရင်း ဝင် အများပိုင်ကုမ္ပဏီများအနေဖြင့် ပြည်ေ ထာင်စု အခွန်အကောက် ဥပဒေအရ ဝင်ငွေခွန် ၂၅ရာခိုင်နှုန်း ပေးဆောင်ရ မည့်အစား ၂ဝ ရာခိုင် နှုန်းသာ ပေးဆောင်ရတော့မည်ဖြစ် ကြောင်း သိရ သည်။

ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ''ပြည်ေ ထာင်စုအခွန်အကောက်ဥပဒေက တစ်နှစ်တစ်ခါပြန်လည်ရေးဆွဲတဲ့ အ တွက်ကြောင့် အဲ့ဒီအခွန်အကောက် ဥပဒေမှာ သူတို့ကိုအခွန်ကင်းလွတ် ခွင့်ပြုတာနဲ့ပတ်သက်ပြီး ထည့်သွင်း ဖော်ပြထားတဲ့အချိန်ထိ အခွန်သက်သာ ခွင့်ပြုသွားမှာဖြစ်ပါတယ်''ဟု သြဂုတ် ၁၉ရက်က ပြောသည်။

ယင်းကဲ့သို့ စတော့အိတ်ချိန်း စာရင်းဝင် အများပိုင်ကုမ္ပဏီများကို ဝင်ငွေခွန် ငါးရာခိုင်နှုန်းသက်သာခွင့် ပေးခြင်းနှင့်အတူ အဆိုပါကုမ္ပဏီများ အနေဖြင့် ပြီးခဲ့သည့်နှစ်နှစ်အတွက် ဝင်ငွေအမှန်ဖော်ထုတ်ကာ အခွန်ထမ်း ဆောင်ခွင့်၊ ယင်းကဲ့သို့ အခွန်ထမ်း ဆောင်ရန်ပျက်ကွက်မှုအပေါ် ဝင်ငွေ ခွန်ဥပဒေအရ ဒဏ်တပ်ရိုက်မှုနှင့် တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်စသည့် အခွင့်အရေးများ ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီအရေအတွက် များပြားလာ စေရန် အ တွက် ယင်းကဲ့သို့ဝင်ငွေခွန် သက်သာခွင့်များဖြင့် ကုမ္ပဏီများအား ဆွဲေ ဆာင်နေသော်လည်း ယင်းကဲ့သို့ အခွန်သက်သာခွင့်ရရှိမည့် အချိန် ကာလ တစ်ခုကို တိတိကျကျသတ်မှတ် ပြီး ထုတ်ပြန်သင့်ကြောင်း ရန်ကုန် စတော့ အိတ်ချိန်းမှ Executive Senior Manager ဦးသက်ထွန်းဦး က ဆိုသည်။

ဦးသက်ထွန်းဦးက ''စာရင်းဝင် ကုမ္ပဏီအသစ်တွေ ထပ်ရောက်လာဖို့ အ တွက်ကိုတော့ အခွန်ငါးရာခိုင်နှုန်း တော့လျော့ပေးပြီးသွားပြီပေါ့၊ ဘယ် နှစ်နှ စ်လောက် ပေးသွားမလဲဆိုတဲ့ အာမခံချက်တော့မရှိသေးဘူး။ အဲ့ဒီလို ဘယ်နှ စ်နှစ်ဆက်တိုက်ပေးမလဲ ဆိုတာကို ပြည်တွင်းအခွန်များဦးစီး ဌာနအနေနဲ့ လည်း တိတိကျကျထုတ် ပြန်ပေးသင့်တယ်။ အဲ့ဒီလိုတိတိကျကျ မသိသေးတဲ့ အတွက် တချို့ ကုမ္ပဏီ တွေ ကလည်း စောင့်ကြည့်နေကြတဲ့ သဘောရှိ တယ်''ဟု သြဂုတ် ၁၈ရက် က ရန်ကုန်စတော့အိတ်ချိန်းတွင်ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လက်ရှိရန်ကုန်စတော့အိတ်ချိန်း တွင် စာရင်းဝင်ကုမ္ပဏီများအဖြစ် MTSH, FMI, MCB နှင့် MTSH, FMI, MCB စသည့် အများပိုင်ကုမ္ပဏီလေးခုဖြင့်သာ အရောင်းအဝယ်များပြုလုပ်နေပြီး ယခုဘဏ္ဍာနှစ်အတွင်း MAPCO ဂရိတ်ေ ဟ်ာခမ်းနှင့် တာမိုးညဲကုမ္ပဏီ တို့သည် စာရင်းဝင်ကုမ္ပဏီဖြစ်လာ ရန်မျှော်မှန်း ထားပြီး သတ်မှတ်လုပ်ငန်း စဉ်များနှင့်အညီစိစစ်နေကြောင်း သိ ရသည်။

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

myat-ingyin
yatanar-mall

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service