မွန်ဘိုင်းမြို့တွင် ငါးထပ်တိုက်တစ်လုံးပြိုကျရာ လူအနည်းဆုံး ၁၇ ဦးသေဆုံး - Property News in Myanmar from iMyanmarHouse.com
1473 Views

မွန်ဘိုင်းမြို့တွင် ငါးထပ်တိုက်တစ်လုံးပြိုကျရာ လူအနည်းဆုံး ၁၇ ဦးသေဆုံး

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ ဂတ်ကိုပါ ဆင်ခြေဖုံးဒေသတွင် ငါးထပ်တိုက်တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၁၇ ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသတွင်း အာဏာပိုင်တို့က ပြောကြားသည်ဟု စီအင်န်အင်န်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

သေဆုံးသူများတွင် အမျိုးသမီး ၁၁ ဦးနှင့် ၃ လအရွယ်ကလေးငယ်တစ်ဦး ပါဝင်သည်။အဆောက်အအုံ အပျက်အစီးများကြားမှ လူပေါင်း ၂၈ ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း ပိတ်မိနေသူများ ရှိနေဆဲဖြစ်ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦးဖြစ်သူ ဗီလက်စ် မဟာဒက်ဗ် ဂျာဒက်ဗ်က ပြောကြားသည်။

မြေညီထပ်အခန်းကို တရားမဝင် ပြုပြုင်မွမ်းမံမှုများ ပြုလုပ်ရာမှတစ်ဆင့် အဆောက်အအုံပြိုကျမှု ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
မြေညီထပ်ကို ပိုင်ဆိုင်သူမှာ ဒေသတွင်း ရှစ်ဗ်ဆီနာပါတီခေါင်းဆောင် ဆူနေးလ် ရာမက်ရှ် ရှီတက်ပ်ဖြစ်ပြီး အဆောက်အအုံပြိုကျမှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ရှစ်ဗ်ဆီနာဟူသည်မှာ မာရသီဘာသာစကားဖြင့် အမည်ပေးထားခြင်းဖြစ်ပြီး “သီဝလိ၏ တပ်မတော်” ဟု အဓိပ္ပာယ်ရသည်။
ရှစ်ဗ်ဆီနာကို အချို့က အစွန်းရောက်မျိုးချစ်၊ အကြမ်းဖက်ဝါဒီ၊ ဖက်ဆစ်ပါတီဟု သတ်မှတ်ကြသည်။

ရာမက်ရှ် ရှီတက်ပ်ကို အသက်အန္တရာယ်ထိခိုက်စေမှု၊ အပြင်းအထန်ဒဏ်ရာရစေမှုများဖြင့် စွဲချက်တင်ထားသည်။
“သံသယရှိရတဲ့သူက ဒီအဆောက်အအုံမှာ တရားမဝင်ပြုပြင်မွမ်းမံမှုတွေ လုပ်ခဲ့တယ်ဆိုတာ ပေါ်ပေါက်ပါတယ်” ဟု မွန်ဘိုင်း ရဲအရာရှိတစ်ဦးဖြစ်သူ ဒီဗန် ဘာတီက ပြောကြားသည်။

“ဒီနေ့ မနက်ကတော့ တကယ်ကို ဝရုန်းသုန်းကားပါ။ လူတွေက အော်ဟစ်ပြေးလွှားနေကြတယ်။ အဆောက်အအုံကြီးက ပြိုမကျမီမှာ ခဏကြာလှုပ်နေတာကို တွေ့ရတယ်လို့ အနီးဝန်းကျင်မှာရှိခဲ့သူတွေ ပြောကြတယ်” ဟု ဒေသတွင်းရဲအရာရှိတစ်ဦးဖြစ်သူ အက်စ်-ဂန်ဒိုတီက ပြောကြားသည်။

ယင်းအဆောက်အအုံတွင် မိသားစု ၁၂ စုနေထိုင်ကြောင်း မွန်ဘိုင်းပြည်သူ့ဆက်ဆံရေးအရာရှိ ဗီဂျေး ခါဗာလီက ပြောကြားသည်။
အိန္ဒိယတွင် အဆောက်အအုံပြိုကျမှုများမှာ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး သင့်လျော်သည့်စောင့်ကြပ်ကွပ်ကဲမှုနှင့် လုံခြုံရေးဆိုင်ရာ ထိန်းချုပ်မှုများ မရှိခြင်းကြောင့်ဖြစ်ကြောင်း ဝေဖန်ကြသည်။

ပြီးခဲ့သော မေလအတွင်း မင်္ဂလာဆောင်တစ်ခုတွင် နံရံပြိုကျမှုဖြစ်ပွားရာ အနည်းဆုံးလူ ၂၄ ဦးသေဆုံးခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။
လွန်ခဲ့သော ၂၀၁၆ ခုနှစ်အတွင်းကလည်း တံတား ၂ စင်းပြိုကျမှုဖြစ်ပွားခဲ့ရာ တစ်ခုမှာ ကိုလ်ကာတားတွင်ဖြစ်ပြီး အခြားတစ်ခုမှာ မွမ်ဘိုင်းမှ ဂိုအာသို့ ဆက်သွယ်သည့် အဝေးပြေးလမ်းပေါ်ရှိတံတားဖြစ်ပြီး ဖြစ်ရပ်နှစ်ခုလုံးတွင် လူပေါင်းများစွာ သေဆုံးခဲ့ကြရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မွန်ဘိုင်းမြို့တွင် ငါးထပ်တိုက်တစ်လုံးပြိုကျရာ လူအနည်းဆုံး ၁၇ ဦးသေဆုံး - Property News in Myanmar from iMyanmarHouse.com
မွန်ဘိုင်းမြို့တွင် ငါးထပ်တိုက်တစ်လုံးပြိုကျရာ လူအနည်းဆုံး ၁၇ ဦးသေဆုံး - Property News in Myanmar from iMyanmarHouse.com
မွန်ဘိုင်းမြို့တွင် ငါးထပ်တိုက်တစ်လုံးပြိုကျရာ လူအနည်းဆုံး ၁၇ ဦးသေဆုံး - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service