ကမ္ဘာ့ရွှေဈေး ငါးရက်ဆက်တိုက် မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေး ကျပ် ၉၀၀၀၀၀ နီးပါးသို့ ပြန်ရောက်လာ - Property News in Myanmar from iMyanmarHouse.com
1101 Views

ကမ္ဘာ့ရွှေဈေး ငါးရက်ဆက်တိုက် မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေး ကျပ် ၉၀၀၀၀၀ နီးပါးသို့ ပြန်ရောက်လာ

ဇူလိုင် ၁၈ ရက်တွင် ကမ္ဘာ့ရွှေဈေး ငါးရက် ဆက်တိုက်အဖြစ် ပြန်လည် မြင့် တက်ခဲ့ပြီး ပြည်တွင်းရွှေဈေး ကျပ် ၉၀၀၀၀၀ နီးပါးသို့ ပြန်လည် ရောက် ရှိ လာကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ဇူလိုင်လဆန်းပိုင်းက ကမ္ဘာ့ရွှေဈေး ကျဆင်းခဲ့ခြင်းကြောင့် ဇူလိုင် ၃ ရက်မှ စတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အောက်ပြန်ရောက်ခဲ့ပြီး ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ ကျပ် ၈၉၀၀၀၀ အောက်အထိ ကျဆင်းခဲ့ကာ ဇူလိုင် ၁၂ ရက်တွင် ၈၉၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့သည်။ ပြီးခဲ့သည့်လ ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ဇွန် ၁ ရက်တွင် ၁၂၆၆ ဒေါ်လာဝန်းကျင် ရှိသော ကမ္ဘာ့ရွှေဈေးနှုန်းသည် ဇွန်လအတွင်း အ မြင့်ဆုံးနှုန်းအဖြစ် ဇွန် ၆ ရက်တွင် ၁၂၉၄ ဒေါ် လာအထိ မြင့်တက်ခဲ့ပြီး ဇွန်လလယ်တွင်ဈေး နှုန်ြး ပန်ကျလာရာ ဇွန်လအတွင်း အနိမ့်ဆုံးနှုန်းအဖြစ် ဇွန် ၂၆ ရက်တွင် ၁၂၄၀ေ ဒါ် လာ အထိ ဈေးကျဆင်းခဲ့ကာ ဇွန် ၃၀ ရက်တွင် ၁၂၄၂ ဒေါ်လာ ၀န်း ကျင် ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ဇူလိုင်လအတွင်း ဆက်တိုက်အားပျော့ခဲ့ပြီး ဇူလိုင် ၃ ရက်တွင် ၁၂၃၅ ဒေါ်လာ၊ ဇူလိုင် ၄ ရက်တွင် ၁၂၁၇ ဒေါ်လာ၊ ဇူလိုင် ၅ ရက်တွင် ၁၂၂၀ ဒေါ်လာ၊ ဇူလိုင် ၆ ရက်တွင် ၁၂၂၂ ဒေါ်လာ၊ ဇူလိုင် ၇ ရက်တွင် ၁၂၀၈ ဒေါ်လာအထိ ကျဆင်းခဲ့ကာ ဇူလိုင် ၁၀ ရက်တွင် ၁၂၁၂ ဒေါ်လာ၊ ဇူ လိုင် ၁၁ ရက်တွင် ၁၂၁၀ ဒေါ်လာအထိ ရောက်ခဲ့ သည်။ ထို့နောက် ဇူလိုင် ၁၂ ရက်တွင် ၁၂၂၀ ဒေါ်လာအထိ ပြန်တက်ခဲ့ပြီး ဇူလိုင် ၁၄ ရက်တွင် ၁၂၂၆ ဒေါ်လာ၊ ဇူလိုင် ၁၇ ရက်တွင် ဒေါ်လာ ၁၂၃၂ ဒေါ်လာ၊ ဇူလိုင် ၁၈ ရက်တွင် ၁၂၃၆ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးနှုန်းသည် ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လ တစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၄၀ ခန့်မှ ဒေါ်လာ ၈၀ ခန့် အထိကွာခြားလျက်ရှိသည်။ ပြီးခဲ့သည့် ဇွန်လအတွင်း အမြင့်ဆုံးနှုန်း သည် ၁၂၉၄ ဒေါ်လာဖြစ်ပြီး အနိမ့်ဆုံးနှုန်းသည် ၁၂၄၀ ဒေါ်လာဖြစ်ခြင်းေ ကြာင့် ဒေါ်လာ ၅၀ ကျော် ကွာဟခဲ့သည်။

ပြီးခဲ့သော ဧပြီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်းသည် ကျပ် ၈၉၄၇၀၀ (ဧပြီ ၃ ရက်) ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၁၁၈၀၀ (ဧပြီ ၁၈ ရက်) ဖြစ်သည်။ မေလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်းသည် ကျပ် ၈၉၁၂၀၀ ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၁၁၀၀၀ ဖြစ်ခဲ့သည်။

ပြည်တွင်းရွှေဈေးနှုန်းသည် မေ ၁၆ ရက် မှစပြီး ဇူလိုင် ၂ ရက်အထိ ကျပ် ၉၀၀၀၀၀ အထက်သို့ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းကြောင့် ဇွန် ၇ ရက်တွင် ပြည် တွင်းရွှေဈေး ကျပ် ၉၁၃၄၀၀ အထိ စံချိန် တင်ခဲ့ပြီးေ နာက် ဈေးပြန်ကျခဲ့ရာ ဇွန် ၂၉ ရက်တွင် ကျပ် ၉၀၄၄၀၀ ဇွန် ၃၀ ရက်တွင် ၉၀၀၆၀၀ အထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၃ ရက် တွင် မေ ၁၆ ရက် နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ကျပ် ၉၀၀၀၀၀ အောက်အထိ ကျဆင်းခဲ့ကြောင်း သိရသည်။ ဇူလိုင် ၁၇ ရက်တွင် ကျပ် ၈၉၆၀၀၀ ၀န်းကျင်၊ ဇူလိုင် ၁၈ ရက် တွင် ကျပ် ၈၉၈၁၀၀ ၀န်းကျင်သို့ ရောက်ရှိလာကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service