ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ရွှေဆိုင်များတွင် ကုန်သွယ်လုပ်ငန်းခွန် ကောက်ယူနိုင်ရန် အခွန် အမှတ်တံဆိပ်များ ဖြန့်ဝေထား - Property News in Myanmar from iMyanmarHouse.com
1134 Views

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ရွှေဆိုင်များတွင် ကုန်သွယ်လုပ်ငန်းခွန် ကောက်ယူနိုင်ရန် အခွန် အမှတ်တံဆိပ်များ ဖြန့်ဝေထား

ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်များအားလုံးတွင် ဇူလိုင် ၁ ရက်မှ စတင်၍ ရွှေထည်လက်ဝတ်ရတနာများဝယ်ယူသူများထံမှ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံနိုင်ရန် အခွန်အမှတ်တံဆိပ်များကို သက်ဆိုင်ရာ မြို့နယ်ရုံးများမှ တဆင့် ရွှေဆိုင်များသို့ဖြန့်ဝေထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီးပြည်တွင်း အခွန်များဦးစီးဌာနမှ သိရှိရသည်။

၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုအခွန်အကောက် ဥပဒေ၊ ပုဒ်မ ၁၄(ဇ)အရ ရွှေထည်များကို တစ်ရာခိုင်နှုန်းကောက်ခံ ပြီး လက်ဝတ်ရတနာများတွင်ပါသော ကျောက်မျက်ပစ္စည်းတန်ဖိုးတို့၏ ငါးရာခိုင်နှုန်းအား ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

“သတ်မှတ်ရက်ကစပြီး ကောက်ခံနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်တွေကို အခွန်အမှတ်တံဆိပ်တွေ ဖြန့်ဝေ ပေးပြီးပါပြီ။ ရွှေဆိုင်မှာ ရွှေဝယ်ယူသူက ကျပ်ငါးသိန်းဖိုးဝယ်ရင် တစ်ရာခိုင်နှုန်း၊ ငါးထောင် အခွန်ပေးဆောင်ရ မှာပါ။ ရွှေအရောင်းဘောက်ချာမှာ အဲဒီတန်ဖိုးနဲ့ညီတဲ့အခွန်အမှတ်တံဆိပ် ကပ်ပေးရမှာပါ။ သက်ဆိုင်ရာ ရွှေ ဆိုင်လုပ်ငန်းရှင်တွေကိုတော့ ခေါ်ယူပြီးရှင်းပြတာ နှစ်ကြိမ်တော့ ရှိသွားပါပြီ။ ရွှေဆိုင်တွေက သက်ဆိုင်ရာမြို့ နယ်အခွန်ဦးစီးဌာနမှာ အခွန်ပြေစာထုတ်ယူလို့ရပါပြီ။”ဟု ပဲခူးတိုင်းဒေသကြီးပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဆွေက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ အခွန်ပေးဆောင်ရမည်ဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၁ အရ ပြေစာ(သို့မဟုတ်)ငွေလက်ခံရရှိကြောင်း အထောက်အထားကို ထား ရှိသော်လည်း ဝယ်ယူသူ(သို့မဟုတ်)ဝန်ဆောင်မှုရယူသူထံသို့ ထုတ်ပေးရန်ပျက်ကွက်ခြင်း၊ အခွန်အမှတ်တံ ဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ခြင်းတို့ရှိပါက ကျသင့်ခွန်၏ (၁၀၀)ရာခိုင်နှုန်းပေးဆောင်ရမည့်အပြင် ပထမအကြိမ် ပျက်ကွက်ပါက ကျပ်နှစ်သိန်း၊ ဒုတိယအကြိမ်ပျက်ကွက်ပါက ကျပ်ငါးသိန်း၊ တတိယအကြိမ်ပျက်ကွက်ပါက ကျပ်ခုနှစ်သိန်း၊ တတိယအကြိမ်နှင့် အထက် ပျက်ကွက်ခြင်းအတွက် တစ်ကြိမ်လျှင် ကျပ်ဆယ်သိန်းအထိ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

Credit: Yangon Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service