ပုဂ္ဂလိကကုမ္ပဏီတစ်ခုက သိန်း၁၅၀ဖြင့် တန်ဖိုးနည်းတိုက်ခန်းများ ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
2006 Views

ပုဂ္ဂလိကကုမ္ပဏီတစ်ခုက သိန်း၁၅၀ဖြင့် တန်ဖိုးနည်းတိုက်ခန်းများ ရောင်းချမည်

ကျပ်သိန်း ၁၅၀ ခန့်ဖြင့် တန်ဖိုးနည်းတိုက်ခန်းများကို
အရစ်ကျ စနစ်ဖြင့် တည်ဆောက် ရောင်းချနိုင်ရန် iGreen ဆောက်လုပ်ရေးကုမ္ပဏီက အစိုးရအဖွဲ့ သို့ တင်ပြရန် စီစဉ်နေသည်။

‘‘စီမံကိန်း Proposal ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို သင်္ကြန်မတိုင်ခင် တင်ပါ့မယ်။ ကျွန်တော်တို့ ကုမ္ပဏီပိုင်မြေမှာ တည်ဆောက်မှာပါ’’ဟု iGreen Development & Engineering ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုကျော်ကျော်နိုင်က ပြောသည်။

ပထမ ၂ နှစ်အတွင်း ၇၅ သိန်း ကနဦးပေးချေရမည်ဖြစ်ပြီး အခန်းသော့အပ်ပြီးပါက ကျန်လ ပေါင်း ၁၀၀ (ရှစ်နှစ်ကျော်) ကို အရစ်ကျစနစ်ဖြင့် တစ်လလျှင် ကျပ် ၇၅,၀၀၀ ပေးသွင်းရမည်ဖြစ် ကြောင်း ကိုကျော်ကျော်နိုင်က ဆို သည်။ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချလိုသော်လည်း ဆောက်လုပ်မှုကုန်ကျစရိတ်သည် ခေတ် စနစ် အခြေအနေအရ သိန်း ၈၀ ရှိသောကြောင့် မြေဖိုးအတိုးနှုန်းများပင် ထည့်မတွက်ရသေးကြောင်း
၎င်းကဆိုသည်။စတုရန်းပေ ၄၀၀ အကျယ် အဝန်း ခြောက်ထပ် တိုက်ခန်းပေါင်း ၃,၀၀၀ကျော် တည်ဆောက်နိုင်ရန် ကနဦး iGreen က ရည်ရွယ်ထားသည်။

စီမံကိန်း တည်နေရာကို မကြာမီရက်ပိုင်းအတွင်း ကြေညာပေးမည်ဖြစ်ကာ ရန်ကုန်မြို့တွင်းနှင့် ၁၀ မိုင်ခန့်
အကွာ၌ တည်ဆောက်မည်ဖြစ်ကြောင်း ကိုကျော်ကျော်နိုင်ကဆိုသည်။

စီမံကိန်းတွင် ကားပါကင် နေရာကို အနည်းငယ်ထည့်သွင်း မည်ဖြစ်ပြီး တန်ဖိုးနည်းတိုက်ခန်း နေသူများ အဆင်ပြေစေရန် သယ်ယူပို့ဆောင်ရေးအတွက် ကြိုပို့ဘတ်စ်ကားများပင် စီစဉ်ပေးရန် ရည်ရွယ်ထားသည်။
တန်ဖိုးကြီး ကွန်ဒိုတိုက်ခန်း များကို အရစ်ကျစနစ်ဖြင့် ရောင်း ချရာတွင် ဆောက်လုပ်ရေး လော က၌ နာမည်ကြီးသည့် iGreen ကုမ္ပဏီသည် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မှုသည် ၎င်းတို့ ကုမ္ပဏီအတွက် ပွဲဦးထွက် စီမံ ကိန်းဖြစ်သည်။ စီမံကိန်းကိုဘဏ် များနှင့်ချိတ်ဆက်၍ ရပါက ယခု ထက်ပိုမိုပြီး တိုက်ခန်းတန်ဖိုးကို လျှော့ချရန် စီစဉ်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရ လက်ထက်၌ တော်ဝင် ဆောက်လုပ်ရေးကုမ္ပဏီက အစိုး ရထံ မြေတောင်းပြီး ကျပ်သိန်း ၆၀ ခန့်ဖြင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ တည်ဆောက်မည် ဟု ကြေညာခဲ့သော်လည်း အ ကောင်အထည်မပေါ်ခဲ့ပေ။

လက်ရှိတွင် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကို ရန်ကုန် အပါအဝင် မြို့ကြီးများ၌ မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာန အပါအဝင် အစိုးရအဖွဲ့အစည်းများကသာ အများဆုံး တည်ဆောက်နေပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များ ဝင်ရောက် တည်ဆောက်မှုမှာ နည်းပါးသည်။

‘‘ကျွန်တော်တို့ အစိုးရကို ကူညီမယ်ဆိုရင်တော့ ကြိုဆိုပါ တယ်။ တကယ်ဆောက်ပေးမယ် ဆိုရင် နေချင်စဖွယ် အိမ်ရာတွေ အရည်အသွေးပြည့်တဲ့ အိမ်ရာ တွေဖြစ်ဖို့တော့ လိုမှာပါ’’ဟု မြို့ ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်လွင်က ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်အများစုသည် တန်ဖိုးကြီးအိမ် ခန်းများ တည်ဆောက်မှုတွင် ဝယ်လိုအား ကျဆင်းလာသော ကြောင့် လုပ်ငန်းရှင်အချို့ တန်ဖိုးနည်း အိမ်ရာစီမံကိန်းများဘက်သို့ ပြောင်းရွှေ့လာခြင်း ဖြစ်နိုင်ကြောင်း ဦးမောင်မောင်လွင်က ဆက်လက်ပြောကြားသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service