စတော့ဈေးကွက် ကြီးကြပ်ရေးဥပဒေ ဖြည့်စွက်ပြင်ဆင်ရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
1085 Views

စတော့ဈေးကွက် ကြီးကြပ်ရေးဥပဒေ ဖြည့်စွက်ပြင်ဆင်ရန် စီစဉ်နေ

စတော့ရှယ်ယာ ရောင်းဝယ်မှုပြုရာတွင် ရှယ်ယာပိုင်ရှင်များကို ခိုင်မာသည့် အကာအကွယ် ပေးနိုင်မည့် ငွေကြေးသက်သေခံလက်မှတ် လုပ်ငန်းကြီး ကြပ်ရေး ဥပဒကို ဖြည့်စွက်ပြင်ဆင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) က ပြော သည်။

စတော့ရှယ်ယာအိတ်ချိန်းတွင် ရှယ်ယာရောင်းချသည့် ကုမ္ပဏီများက ပွင့် လင်းမြင်သာမှုရှိမှသာ ရင်းနှီးမြှုပ်မည့်သူများ၊ ရှယ်ဝယ်ယူမည့်သူများက ကုမ္ပ ဏီ၏ စိတ်ချယုံကြည်မှုကိုကြည့်၍ ဝယ်ယူမည်ဖြစ်သောကြောင့် ထိုဥပဒေ တွင် ပြဌာန်းချက်သစ်များကို ဖြည့်စွက်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု မြန်မာနိုင် ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်(SECM) အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။

ဇွန်လ ၂၁ ရက်က ရန်ကုန်စတော့အိတ်ချိန်းရုံးတွင် ပြုလုပ်သည့် IFC (International Finance Corporation)၊ မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) နှင့် မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်သူများက အများပိုင်စာရင်း တင် ထားသော စတော့ရှယ်ယာကုမ္ပဏီများ ပွင့်လင်းမြင်သာစေရန် ကူညီခြင်းေ ဆွးနွေးပွဲတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။

ဦးဌေးချွန်က“လက်ရှိ ဥပဒေတွေမှာ စတော့နဲ့သက်ဆိုင်တဲ့ ပွင့်လင်းမြင်သာ မှု တိုးတက်ရမယ်ဆိုတဲ့အပိုင်းမှာ လက်ရှိဥပဒေ၊ နည်းဥပဒေ၊ အမိန့်လုပ်ထုံး လုပ်နည်းတွေကို ထပ်မံပေါင်းစပ်ရမယ်။ ဖြည့်စွက်ပြင်ဆင်သင့်ကို ပြင်ဆင် ရမှာ ဖြစ်တယ်။ အခုဥပဒေမှာလဲ အကာအကွယ်ပေးတာတွေ ပါတယ်။ လက် ရှိ တည်ဆဲဥပဒေက perfect မဟုတ်ဘူး။ လိုအပ်ချက်တွေကို လေ့လာပြီး နည်းပညာပိုင်းပူးပေါင်းပြီး ပြင်ဖို့လုပ်တာ’’ ဟု ပြောသည်။

ပြည်တွင်းကုမ္ပဏီများ စီမံအုပ်ချုပ်မှု တိုးတက်ကောင်းမွန်ပြီး၊ ကုမ္ပဏီများ ပွင့်လင်းမြင်သာမှုရှိရေးတွင် ရင်းနှီးမြှုပ်နှံသူ (ရှယ်ယာ ထည့်ဝင်ဝယ်ယူလိုသူ) က ဝယ်ယူမည့် ကုမ္ပဏီကို အုပ်ချုပ်သည့်ဒါရိုက်တာ၊ စီမံခန့်ခွဲအုပ်ချုပ်မှုပုံစံ မည်သည့်လုပ်ငန်းများကို အဓိကလုပ်ကိုင်ကြောင်း၊ ကုမ္ပဏီ၏ လက်ရှိအခက် အခဲများ၊ ဆုံးရှုံးနိုင်သည့် အချက်များ၊ ရေရှည် စီမံကိန်းများ အကြောင်းနှင့် ရင်းနှီးမြှုပ်နှံလျှင် ရရှိလာနိုင်သည့် အကျိုးအမြတ်များကို ကုမ္ပဏီ၏ ဝက်ဆိုက် မှဖြစ်စေ ထုတ်ပြန်အသိပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်း ပေါ်ပေါက်မှသာ ငွေကြေးသက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ သို့သော် လက်ေ တွ့လုပ်ဆောင်ရာ၌ လိုအပ်သည်များ ရှိနေသဖြင့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ကြေငြာစာနှင့် ညွှန်ကြားချက်များကိုပါ ပြင်ဆင်သွားမည်ဟု ၎င်းက ဆက်ပြော သည်။

စတော့ဈေးကွက်ကြီးကြပ်ရေး ဥပဒေများ ပြင်ဆင်ရာတွင် အချိန်အားဖြင့် ၁၈ လမှ ၂၄ လအတွင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် နည်းပညာများ ကူညီပေးရန် IFC နှင့် SECM တို့က နားလည်မှု စာချွန်လွှာ(MOU) ရေးထိုး ထားကြောင်း ဦးဌေးချွန်က ဆိုသည်။

ရှယ်ယာဝယ်ယူသည့် လုပ်ငန်းရှင်များ Invester Protectial မဆုံးရှုံးစေရန် ထိုဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်ပြီး လက်ရှိလုပ်ငန်းဆောင်ရွက်မှု အခက်အခဲ များ အပေါ် မူတည်၍ လိုအပ်သည့် နည်းပညာပိုင်းနှင့် ပူးပေါင်းပြင်ဆင်သင့် သည့် အပိုင်းများကို IFC နှင့် ပူးပေါင်းပြင်ဆင်သွားမည်ဟု သိရသည်။

Credit: Irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

ruby
yatanar-mall

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service