ရန်ကုန်မြို့တော် ပိုမိုဆွဲဆောင်မှုရှိရေး ရေကြောင်း၊ မီးရထားစနစ်နှင့် လူသွားစင်္ကြံများ အဓိကထား ပြင်ဆင်သင့် - Property News in Myanmar from iMyanmarHouse.com
839 Views

ရန်ကုန်မြို့တော် ပိုမိုဆွဲဆောင်မှုရှိရေး ရေကြောင်း၊ မီးရထားစနစ်နှင့် လူသွားစင်္ကြံများ အဓိကထား ပြင်ဆင်သင့်

ရန်ကုန်မြို့တော် ပိုမိုဖွံ့ဖြိုးစေရန်နှင့် နိုင်ငံခြားသား ခရီးသွားများကို ပိုမိုဆွဲေ ဆာင်နိုင်စေရန် လူသွားစင်္ကြံများ၊ ရေကြောင်းလမ်းနှင့် မီးရထား သွားလာေ ရးစနစ် သုံးမျိုးကို အဓိကထား ပြင်ဆင်သင့်ကြောင်း ကနေဒါအခြေစိုက် B+H မြို့ပြဖွံ့ဖြိုးရေးနှင့် ဗိသုကာပညာဆိုင်ရာ အကြံပေးကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင် ရာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌဖြစ်သူ မစ္စတာ ရောဘတ်မာရှယ်လ်ကြေ ပာ သည်။

ရန်ကုန်မြို့တွင် ၁ဝ စုနှစ်တစ်စုအတွင်း အထပ်မြင့်တိုက်များ သိသိသာသာ တိုးတက်လာခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ခဲ့သော်လည်း လက်ရှိအချိန်အထိ အာရှဒေသအတွင်း ဆွဲဆောင်မှုရှိသော မြို့တစ်မြို့ဖြစ်နေသေးကြောင်း၊ သို့ေ သာ် ထပ်မံဖွံ့ဖြိုးတိုးတက်လာမည့် ဆောက်လုပ်ရေးဆိုင်ရာ စီမံကိန်းများ၊ အ ထပ်မြင့်တိုက်များအတွက် ယခုအချိန်တွင် တိကျသော မြို့ပြဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ စီမံကိန်းများကို သက်ဆိုင်ရာအစိုးရက သေသေချာချာချမှတ် အေ ကာင်အထည်ဖော်ရန် အရေးကြီးကြောင်း ၄င်းက ပြောသည်။

''ဒီလို အလွန်လျင်မြန်စွာ တိုးတက်လာနေတဲ့အချိန် မှာ ရန်ကုန်မြို့ရဲ့ မြို့ပြ အနေအထားတွေကို သေသေ ချာချာမကိုင်တွယ်နိုင်ရင် ရန်ကုန်မြို့ရဲ့ မြို့ပြ ပုံစံက ပျက်ယွင်းသွားမှာ ဖြစ်ပါတယ်''ဟု ပြီးခဲ့သော တနင်္လာနေ့က ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးနှင့် B+H မြို့ပြ ဖွံ့ဖြိုးရေးနှင့် ဗိသုကာပညာဆိုင်ရာ အကြံပေးလုပ်ငန်းတို့ ပူးပေါင်းပြုလုပ်ေ သာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဟောပြောပွဲတွင် ၄င်းက ပြော သည်။

ရန်ကုန်မြို့တော်ကို ပိုမိုနေပျော်ဖွယ် မြို့တော်တစ်မြို့ဖြစ်စေရန် ရန်ကုန်မြို့ေ တာ်၏ မြို့လယ်ကောင်နေရာများတွင် သန့်ရှင်းသပ်ရပ်သော လူသွားစင်္ကြံ လမ်းများ ပထမဆုံး ပြုလုပ်သင့်ကြောင်း မစ္စတာရောဘတ်မာရှယ်လ်ကြေ ပာ သည်။

''မြို့တစ်မြို့ရဲ့ တန်ဖိုးနဲ့ အဆင့်အတန်းကို သတ်မှတ်တဲ့အခါ မြို့လယ်ကောင် ဧရိယာကို အဓိကကြည့်ကြတာဖြစ်လို့ ရန်ကုန်မြို့လယ်ကောင်ကို ဆွဲဆောင် မှုရှိတဲ့ နေရာတစ်ခုအဖြစ် ဖန်တီးထားဖို့ အရေးကြီးပါတယ်။ နိုင်ငံခြားသား ခရီးသည်တွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ မြို့လယ်ကောင်မှာ လမ်းလျှောက်လေ့ လာနိုင်မယ့် နေရာလေးတွေ သတ်မှတ်ထားပြီး လှပပြီး ဆွဲဆောင်မှုရှိတဲ့ လူ သွားစင်္ကြံလေးတွေ ဖန်တီးထားဖို့ လိုပါတယ်''ဟု ၄င်းက ပြောသည်။

ထို့ပြင် နိုင်ငံခြားသား ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်စေရန် မြို့လယ်ေ ကာင်ရှိ မဟာဗန္ဓုလ ပန်းခြံမှ ပန်းဆိုးတန်း ဆိပ်ကမ်းသို့ လမ်းလျှောက် သွား လာနိုင်စေရန် လူသွားစင်္ကြံလမ်းတစ်ခု အမြန်ဆုံး ဖန်တီးသင့်ကြောင်း ၄င်း က ပြောသည်။

''နိုင်ငံခြားသားခရီးသည်တွေကို ဆွဲဆောင်ဖို့ အနည်းဆုံး ဆူးလေဘုရားနဲ့ မဟာဗန္ဓုလပန်းခြံကနေ ပန်းဆိုးတန်းဆိပ်ကမ်းအထိ လမ်းလျှောက်သွားလာ လို့ အဆင်ပြေမယ့် လူသွားစင်္ကြံလမ်းတစ်ခုကို ဖန်တီးထား သင့်ပါတယ်။ မိုး ရွာလို့ ရွှံ့ဗွက်တွေ ထနေလို့ ကားနဲ့ မဖြစ်မနေ သွားနေရတဲ့အတွက် မြို့ လယ်ကောင်မှာ မလိုအပ်ဘဲ ယာဉ်ကြောကျပ်တည်းမှုတွေလည်း ဖြစ်ရပါ တယ်။ ဒီနိုင်ငံကို လာရောက် လည်ပတ်သူ တွေက မြို့ထဲဧရိယာကို ကားနဲ့ လည်ပတ်တာထက် မြို့ထဲမှာလမ်းလျှောက်ပြီး ဓာတ်ပုံရိုက်တာကို ပိုသဘော ကျမှာပါ''ဟု ၄င်းက ပြောသည်။

မြို့လယ်ကောင်တွင် လမ်းလျှောက်သွားချင်စဖွယ် လူသွားစင်္ကြံလမ်းကောင်း တစ်ခု ဖန်တီးထားခြင်းဖြင့် ထိုဧရိယာတွင် ယာဉ်ကြောကျပ်တည်းမှုများကို လည်း အတိုင်းအတာတစ်ခုအထိ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း မစ္စတာ ရော ဘတ်မာရှယ်လ်က ပြောသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်စေရန် ဒုတိယအချက်မှာ ရန်ကုန်မြို့တွင် အသုံး ချမှု နည်းနေဆဲဖြစ်သော ရေကြောင်းသွားလာရေး လုပ်ငန်းများကို ပိုမိုအေ ကာင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း မစ္စတာရောဘတ်မာရှယ်လ် က ပြောသည်။

''ရန်ကန်မြို့တစ်ဖက်တွင် ရှိနေသော ရှည်လျားသော မြစ်ကမ်းဧရိယာကို အသုံးချသင့်ပြီး မြစ်ကမ်းအလှကို ခံစားနိုင်သော နေရာများကို အကောင်အ ထည်ဖော် တည်ဆောက်ရုံသာမက လမ်းပန်းဆက်သွယ်ရေးအတွက် စရိတ်စ က သက်သာသော ရေကြောင်း ဆက်သွယ်ရေးများကိုပါ အကောင်အ ထည်ဖော် ဆောင်ရွက်သင့်ကြောင်း ၄င်းက ပြောသည်။

ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသော၊ ကုန်ကျစရိတ် သက်သာသောေ ရကြောင်း ဆက်သွယ် သွားလာရေးကို ရန်ကုန်မြို့တွင် ထိထိရောက်ရောက် အသုံးချသင့်ပြီး ရန်ကုန်မြို့ခံများအတွက် စိတ်ချရသောရေကြောင်း ခရီးစဉ်အ တိုများကို အကောင်အထည်ဖော် ပြေးဆွဲသင့်ကြောင်း ၄င်းက ပြောသည်။

ရန်ကုန်မြို့တွင် ရေကြောင်းဆက်သွယ်သွားလာရေးလုပ်ငန်းများ အားနည်း သဖြင့် ရန်ကုန်မြို့ တစ်ဖက်ကမ်းသည် ဖွံ့ဖြိုးမှုနိမ့်ကျသော ဇုန်အဖြစ် ကျန်ရှိေ နဆဲဖြစ်ပြီး လူဦးရေ တိုးပွားလာမည့် ရန်ကုန်မြို့တော်အတွက် မြို့တစ်ဖက် ကမ်းက မြို့နယ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆက်သွယ်ရေး ပိုမိုကောင်း မွန်စေရန် ကုန်ကျစရိတ် သက်သာသော ရေကြောင်းဆက်သွယ်ရေးကို အေ ကာင်အထည်ဖော် ဆောင်ရွက်သင့်သည်ဟု ၄င်းကဆိုသည်။

ထို့ပြင် ရန်ကုန်မြို့၏ မြို့ပြပိုမိုဖွံ့ဖြိုးတိုးတက် စေရန် တတိယ ပြင်ဆင်သင့် သည်မှာ မြို့ပတ်ရထား ပို့ဆောင်ဆက်သွယ်ရေးဖြစ်ပြီး ပြန်လည် အဆင့်မြှင့် တင်ထားသော အချိန်မှန် မီးရထားလိုင်းများဖြင့် ရန်ကုန် မြို့တော်ကို ယာဉ်ေ ကြာကျပ်တည်းကာ စိတ်ပျက်ဖွယ်မြို့တော်အဖြစ်က အချိန်မီကယ်တင်ရန် လို အပ် ကြောင်း မစ္စတာရောဘတ်မာရှယ်လ်က ပြောသည်။

''ရန်ကုန်မှာ မြို့နယ်အတွင်း ခရီးသွားဖို့ မီးရထားကို အဓိကအားထားပြီး သွား လာနေသူဦးရေက ကားသုံးစွဲသူဦးရေနဲ့ ယှဉ်ရင် သိပ်နည်းနေသေး ပါ တယ်။ ကားထက် အချိန်ကုန်သက်သာတဲ့ မီးရထားတွေကို သုံးစွဲသူတွေ ပိုမိုအား ထားရစေဖို့ မီးရထားလမ်းတွေကို လက်ရှိထက် ပိုမိုအဆင့်မြှင့်တင်သင့် ပါ တယ်'' ဟု ၄င်းက ပြောသည်။

ထို့ပြင် ရန်ကုန်မြို့သည် အာရှတိုက်တွင် သမိုင်းအမွေအနှစ် ကိုလိုနီအေ ဆာက်အအုံ အများဆုံးရှိသောမြို့တော်တစ်ခုဖြစ်သောကြောင့် ထိုအဆောက် အအုံ များကိုလည်း ထိန်းသိမ်းစောင့်ရှောက်မှုများ ပိုမိုပြုလုပ်သင့်ကြောင်း ၄င်းက ပြောသည်။

''ရန်ကုန်မြို့က အာရှမှာ ကိုလိုနီအဆောက်အအုံ အများဆုံးရှိတဲ့ မြို့တော် တစ်မြို့ဖြစ်ပြီး အစိမ်းရောင်မြို့တော်တစ်ခု ဖြစ်နေဆဲပါ။ အဲဒီအခြေအနေေ တွကို ထိန်းသိမ်းဖို့ ရန်ကုန်မြို့လယ်မှာ ဆွဲဆောင်မှုရှိတဲ့ သမိုင်းအမွေအနှစ် ကိုလိုနီအဆောက်အအုံတွေကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်မှုေ တွလည်း ပြုလုပ်ဖို့ လိုအပ်ပါတယ်''ဟု ၄င်းက ပြောသည်။

စီးပွားရေး မြို့တော်ဖြစ်သော ရန်ကုန်မြို့သည် မြန်မာနိုင်ငံတွင် လူဦးရေ တိုး တက်မှု အများဆုံးဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ နှစ် စဉ် ပြောင်းရွှေ့လာသူများကြောင့် နှစ်စဉ်တိုးပွားလာမည့် လူဦးရေအတွက်ပါ ရန်ကုန်မြို့တော်၏ မြို့ပြပုံစံကို ချဲ့ထွင်ရန်စဉ်းစားရမည့် အချိန်ဖြစ်ကြောင်း ၄င်းက ပြောသည်။

ထို့ကြောင့် အချိန်တိုအတွင်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသော ရန်ကုန်ြ မို့တော် အတွက် လက်ရှိအချိန်တွင် သက်ဆိုင်ရာ အစိုးရအရာရှိများက မှန် ကန်သော ဆုံးဖြတ်ချက်များနှင့် မူဝါဒများချမှတ်ကာ နေပျော်ဖွယ်ဖြစ်သော မြို့တော်တစ်မြို့ ဖန်တီးရန် အရေးကြီးကြောင်း မစ္စတာ ရောဘတ်မာရှယ် လ် က ပြောသည်။

Credit: Myanmar Time
ရန်ကုန်မြို့တော် ပိုမိုဆွဲဆောင်မှုရှိရေး ရေကြောင်း၊ မီးရထားစနစ်နှင့် လူသွားစင်္ကြံများ အဓိကထား ပြင်ဆင်သင့် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service