တန်ဖိုးသင့်အိမ်ရာ နှစ်ရှည်ငွေချေးရာတွင် ဘဏ်များက ယူသည့် အတိုးနှုန်း များပြားမှု မရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
2246 Views

တန်ဖိုးသင့်အိမ်ရာ နှစ်ရှည်ငွေချေးရာတွင် ဘဏ်များက ယူသည့် အတိုးနှုန်း များပြားမှု မရှိဟုဆို

တန်ဖိုးသင့်အိမ်ရာများ ၀ယ်ယူမှုအတွက် နှစ်ရှည်ချေးငွေ ပေးနေသည့် ဘဏ် များသို့ ပေး အပ်ရသည့် အတိုးနှုန်းသည် အာ ဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များပြားနေသော်လည်း မြန်မာ နိုင်ငံအနေအထားနှင့် သင့်တော် မှုရှိသည် ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဈေးကွက်ဌာန လက်ထော က်မန်နေဂျာ ဦးဟိန်းဝေနောင်က ပြောသည်။

အာဆီယံနိုင်ငံများတွင် အိမ်ရာဝယ်ယူရန် နှစ်ရှည်ချေးငွေကို အတိုးနှုန်း ၆ ရာခိုင်နှုန်းခန့် သာ ယူလေ့ရှိပြီး မြန်မာနိုင်ငံတွင် ၁၃ ရာခိုင်နှုန်း အတိုးယူ သဖြင့် အတိုးနှုန်း များပြားနေသည်ဟု အိမ်ခြံမြေအကျိုးဆောင်အချို့က ဝေဖန် သည်။

‘‘နိုင်ငံတကာနဲ့ယှဉ်ရင် အိမ် ရာနှစ်ရှည် ချေးငွေက မြန်မာနိုင်ငံ မှာ အတိုးနှုန်း များနေတာက ဘဏ်ရဲ့သဘောအရ ဘဏ်ဆိုတာ အပ်ငွေယူ၊ အပ်ငွေကို ထုတ်ချေး စနစ် တစ်ခုနဲ့ အပ်ငွေပေါ်အတိုးပေးပြီး ထုတ်ချေးတဲ့အပေါ် အတိုး ရတယ်။အဲဒီကြားပမာဏ ကွာဟချက်နဲ့ ရပ်တည်တာ။ ကျွန်တော်တို့ဆီက အပ်ငွေပေါ်အတိုးနှုန်းက အနည်း ဆုံးက ၈ ဒသမ ၅ ရာခိုင်နှုန်းကနေ ၁၀ ထိ ရှိပါတယ်။ သူတို့ပေးတဲ့ အပ်ငွေအပေါ် အတိုးနှုန်းက ၀ ဒသမ ၀၄ ရာခိုင်နှု န်းလောက်ပဲ ရှိပါတယ် ’’ဟု ဦးဟိန်းဝေနောင်က ပြောသည်။

မြန်မာနိုင်ငံ၌ ဘဏ်များကို အပ်နှံသည့် ငွေပမာဏ များလာပါက ချေးငွေ အပေါ် အတိုးနှုန်းလျော့ကျလာနိုင်ပြီး ဘဏ်များ သည် နိုင်ငံတော် ဗဟိုဘဏ် က သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

ကျပ်သိန်းတစ်ရာနှင့် ၀ယ် ယူထားသည့် တန်ဖိုးသင့် တိုက် ခန်းတစ်ခုအတွက် လက်ငင်းပေး ချေရသည့် ငွေတန်ဖိုးအပါအ၀င် ဘဏ်သို့နှစ်ရှည်ချေးငွေအ တွက် လစဉ်ပေးသွင်းရသည့်ငွေ၊ အတိုး နှုန်း စုစုပေါင်း တွက်ကြည့်ပါက ကျပ် သိန်း ၁၅၀ နှင့် ၁၂၀ ကြား ကျသင့်မည်ဖြစ်သည်။

အိမ်ခြံမြေ ၀န်ဆောင်မှုအ သင်း ဥက္ကဋ္ဌဦးခင်မောင်သန့်က ‘‘မြန်မာနိုင်ငံက ဘဏ်တွေပေးနေ တဲ့ နှစ်ရှည်ဘဏ်ချေးငွေ အတိုး နှုန်းက အာဆီယံနိုင် ငံတွေနဲ့ ယှဉ် ရင် မြင့်မားနေပါတယ်။ အဲဒီ တော့ ၀င်ငွေနည်းတဲ့ မိသားစုတွေ အိမ်ဝယ်ယူနိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်’’ဟု ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဖော်ဆောင်နေသည့် အိမ်ရာများ အပါအ၀င် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းအချို့ လည်း ဘဏ်များနှင့် ချိတ်ဆက် ကာ အိမ်ရာနှစ်ရှည်ချေးငွေဖြင့် အိမ်ရာတိုက်ခန်းများ ရောင်းချနေ သည်။

မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်အသင်းက စီမံကိန်း နှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီးထံသို့ တန်ဖိုးနည်း နှင့် တန်ဖိုးသင့် တိုက် ခန်းများသည် အကျယ်စတုရန်းပေ ၃၀၀ ရှိပါက ကျပ်သိန်း ၇၀ ခန့် ကျသင့် မည်ဖြစ် ပြီး စတုရန်းပေ ၅၀၀ ရှိပါက ကျပ် သိန်းတစ်ရာကျော်ကျသင့်မည် ဟု ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်သည့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် တင်ပြထားသည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service