စီမံကိန်းများလက်ဝယ်ရှိ မြန်မာလုပ်ငန်းရှင်များ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မျှော်လင့် - Property News in Myanmar from iMyanmarHouse.com
929 Views

စီမံကိန်းများလက်ဝယ်ရှိ မြန်မာလုပ်ငန်းရှင်များ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မျှော်လင့်

မြန်မာ စီးပွားရေး လုပ်ငန်းရှင်များသည် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ တနင်္သာရီ၊ ဧရာဝတီတိုင်းဒေသကြီးများ နှင့် ရှမ်းပြည်နယ် တို့တွင် စက်မှုဇုန်များ၊ စီမံကိန်း ကြီးများ ဖော်ထုတ်ရန် မြေဧကပေါင်းများစွာကို အစိုးရထံမှ ငှားရမ်း၊ ဝယ်ယြူ ခင်းတို့ဖြင့် ရယူထားပြီး ယင်းနေရာများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ေ ရာက်လာရန် မျှော်လင့်နေကြောင်း မြန်မာ ရင်းနှီးမြှုပ်နှံ သူများ ဖွံ့ဖြိုးတိုး တက်မှု အသင်း(MIDA)မှ သိရသည်။

ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံ စီမံကိန်း ၁၁ ခုနှင့် Industry Park အပါအဝင် မြေဧက အကျယ်အဝန်း များပြားသည့် စီ မံကိန်း ၄ ခုကို KMA Group, New City Development Public Company, ကောင်းမြန်မာ လီမိတက် အစရှိသည့် ကုမ္ပဏီ ၅ ခုတို့က အကောင်အထည် ဖော်ေ နပြီးေ တာင်ငူတွင် စက်မှု မြို့တော် စီမံကိန်း၊ ပဲခူးတွင် စက်မှု ဇုန်များ ပါဝင်သည့် စီမံကိန်း ၃ ခုနှင့် မန္တလေးတွင် တခု၊ ရှမ်းပြည်နယ်တွင် ၂ ခုတို့ဖြင့် စီမံကိန်း များ ရှိနေကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နိုင်ရန် ပြင်ဆင်နေကြောင်း MIDA မှ ဒုဥက္ကဋ္ဌ ဦးလှမြင့်က ဧရာဝတီကို ပြောသည်။

ဦးလှမြင့်က “ဟိုတယ်ဆောက်မှာလား၊ စက်ရုံ ဆောက်မှာလား အဲဒီအပေါ်မှာ မူတည်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုက ဖြစ်မှာပဲ။ အခွင့်အလမ်း ကတော့ အန်ကယ် တို့ဆီကို သိချင်လို့ လာမေးတဲ့သူတွေ အများကြီး ရှိတယ်။ ဒီ Process ကြီးက ကြာနေပြီ။ ဖြစ်နေတာ။ အကုန်လုံးက အချိန် ယူရဦးမယ်။ အကုန်လုံးက ဆက်စပ်နေတာကိုး”ဟု ပြောသည်။

သို့သော် ယင်းကုမ္ပဏီများသည် မြေများကို ဝယ်ယူခြင်း၊ ငှားရမ်းခြင်းတို့ဖြင့် ရယူပိုင်ဆိုင်ထားကြသော်လည်း လုပ်ငန်း အကောင်အထည် ဖော်မည် ဆိုပါက အစိုးရ၏ ခွင့်ပြုချက် ထပ်မံရယူရန် လိုအပ်ကြောင်း သိရသည်။

ထိုသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ရန် ဇွန်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် နေပြည်တော်၌ Myanmar Investment Forum 2017 ကို ကျင်းပခဲ့ပြီး ထိုအခမ်းအနားတွင် ကုမ္ပဏီများက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ကို ပြခန်းများ ဖြင့် ပြသထားပြီး ရင်းနှီး မြှုပ်နှံမှုကို စိတ်ဝင်စားသူ အများဆုံး သည် တရုတ်နိုင်ငံက ဖြစ်ကြောင်း၊ ၎င်းနောက်မှ ထိုင်း၊ အိန္ဒိယနိုင်ငံ တို့ ဖြစ်ကြောင်း ပြခန်း တာဝန်ခံများက ဧရာဝတီကို ပြောသည်။

ပဲခူးမြို့အနီးတွင် အဆောက်အအုံ စီမံကိန်း အကောင်အထည်ဖော်မည့် Hanthawaddy ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးစိန်ဝင်းက ၎င်းတို့က ပရောဂျက်ကြီး ၃ ခုကို မြေဧက ၄၀၀ ကျော်တွင် ပြင်ဆင်နေပြီး လက်ရှိတွင် ကားလမ်းများ ဖောက် လုပ်ခြင်း၊ ရေရရှိအောင် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ထားကြောင်း၊ ၎င်းတို့ ရရှိထားသည့် မြေမှာ အစိုးရဆီမှ ငှားရမ်း ထားခြင်း မဟုတ်ဘဲ ကိုယ်ပိုင် ဝယ်ယူထားခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

ဦးစိန်ဝင်းက “ကျန်တာကတော့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ရင်းနှီးမြှုပ်နှံလိုသူေ တွကို ဖိတ်ခေါ်ပြီးတော့ အတူတူ ပူးပေါင်း ဆောင်ရွက်ပြီး ဒီအဆောက်အ အုံတွေကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ ရှိတယ်။ စက်မှုဇုန်ဆိုလည်း တ ကယ့် အဆောက်အအုံကြီး ဆောက်ပြီးတော့ နိုင်ငံခြားမှာရှိတဲ့ စက်မှု လုပ် ငန်းရှင်တွေကို ဖိတ်ခေါ်မယ်။ ပြီးရင် ငှားရမ်းခြင်း၊ Joint Venture လုပ်ပြီးေ တာ့ ပူးပေါင်း ဆောင်ရွက်မယ်”ဟု ပြောသည်။

ရှမ်းပြည်နယ် မူဆယ်နှင့် တရုတ်နိုင်ငံ ကြယ်ဂေါင်အနီးတွင် ဖော်ထုတ်မည့် စီးပွားရေးဇုန်တခုကို ရှမ်းပြည်နယ်အစိုးရက ဒေသန္တရ စီမံကိန်းအဖြစ် သတ် မှတ်ပေးပြီး ပြည်ထောင်စု အစိုးရထံသို့ တင်ပြထားကြောင်း မောရှမ်း ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးစောဦးက ပြောသည်။

ဦးစောဦးက “နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ တရုတ်ခရီးစဉ်မှာလား နယ်စပ်ဒေသ ကုန်သွယ်မှုဇုန်ဆိုပြီး သဘောတူ လက်မှတ် ထိုး ခဲ့တာ ဒီနေ ရာပါတယ်။ အဲဒါဆိုရင် နိုင်ငံတော်က ဦးဆောင်ပြီးတော့ လုပ်နိုင်တယ်။ ဧက ၃၀၀၀ လောက် ရှိတယ်။ စီးပွားရေးဇုန်၊ မူဆယ်၊ ကြယ်ဂေါင်နဲ့ နီးတယ်။ နယ်စပ်ဒေသဖြစ်တော့ တရုတ် အစိုးရနဲ့ ညှိနှိုင်းပြီး လုပ်ရမှာ။ ဒီဟာကို လုပ်နေတာ ၃ နှစ်လောက်ရှိပြီ”ဟု ပြောသည်။

သို့သော် ယင်းမြေနေရာများကို မြေဦးသည့် သဘောမျိုး မဟုတ်ဘဲ အမျာြး ပည်သူ အကျိုးရှိအောင် ဆောင်ရွက်နိုင်ရန် လည်း လိုအပ်ကြောင်း ဝေဖန်မှု များ ရှိသည်။

စီးပွားရေး ကျွမ်းကျင်သူ ဦးခင်မောင်ညို (ဘောဂဗေဒ)က “မြေကလည်း ဦးရမှာကိုး၊ ဒီမှာက မြေကလည်း အကန့်အသတ်နဲ့ တန်ဖိုး ရှိနေတယ်။ ဒါကို ဦးတယ်ဆိုတာ စီးပွားရေး သဘောအရ မှန်တယ်။ ဒါပေမယ့် ဒီမြေကို အကျိုး ရှိအောင် အသုံးချ နိုင်ဖို့ လိုတယ်။ ဒီကနေ စက်ရုံတွေ ပေါ်လာမယ်။ အ လုပ် အကိုင်တွေ ရကြမယ်ဆိုရင် အကျိုးရှိတယ်”ဟု ယင်းဖိုရမ်တွင် ဧရာဝတီ သို့ ပြောသည်။

ရင်းနှီးမြှုပ်နှံရာတွင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကို အခွင့်အရေး အတူ တူ ပေးခြင်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုရလာနိုင်သော် လည်း အစိုးရအေ နဖြင့် ကိုယ့်လူကိုသာ အကာအကွယ်ပေးနေမည် ဆိုပါက ဝင်ရောက်လာ ကြ လိမ့်မည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ဖိုရမ်အပြီး ရှင်းလင်းပွဲတွင် ပြော သည်။

ဦးတိုးအောင်မြင့်က “အကြမ်းဖျင်း ပြောရရင် အထူးစီးပွားရေးဇုန် ဥပဒေ၊ေ နာက် ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့လည်း ထူထောင် လို့ ရပါတယ်။ အထူး စီးပွားေ ရးဇုန်တွေ၊ Export ဇုန်တွေ လုပ်မှပဲ ကျနော်တို့နိုင်ငံက အခြားနိုင်ငံတွေနဲ့ လိုက်နိုင်လိမ့်မယ် လို့ ထင်မြင်ချက် ပြုပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံသူများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (MIDA) ဥက္ကဋ္ဌ ဦးခင်မောင်အေးကလည်း “အဓိက သူတို့ ဘာ စိတ်ဝင်စားနေလဲ ဆိုေ တာ့ မြန်မာနိုင်ငံမှာရှိတဲ့ Infrastructure ပေါ့။ ဥပမာ လျှပ်စစ်မီးဆိုရင် ကျနော်တို့ဆီမှာ မလုံလောက် တဲ့အတွက် သူတို့ လာရောက် ရင်းနှီးမြှုပ်နှံချင် တယ်။ မြန်မာနိုင်ငံမှာ မီးကို လာရောက် ရင်းနှီးမြှုပ်နှံရင် ဘယ်လို ပေါ် လစီ တွေ ရှိတယ်ဆိုတာ သူတို့သိချင်နေတယ်”ဟု ပြောသည်။

ဥပမာအားဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံမှ စီးပွားရေးအဖွဲ့ တ ဖွဲ့သည် နယ်စပ် မူဆယ်မှတဆင့် မန္တလေးသို့ ကုန်စည်စီးဆင်း မှု မြန်ဆန်ေ အာင် လုပ်လိုကြောင်း၊ ရန်ကုန်မြို့တွင်လည်း အထပ်မြင့် စီမံကိန်း တည်ေ ဆာက်လိုသူများ လည်း ရှိကြောင်း၊ ထိုင်းနိုင်ငံကလည်း မြေနှင့် ပတ်သက်၍ စိတ်ဝင်စားမှုများ ရှိကြောင်း MIDA မှ သိရသည်။

CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးက “ကျနော်တို့ရဲ့ သဘောထားကတော့ တရုတ်တွေလာလို့ အားလုံးကောင်းမယ်ဆိုရင် လက်ခံရမယ်။ သူတို့လာလုပ် သွားလို့ သူတို့ပဲ အကျိုးရှိသွားမယ်ဆိုရင်တော့ ဆောရီးပဲ။ ကျနော်တို့ တနိုင် ငံလုံးကို ပြောချင် တာက တရုတ်ဆိုပြီးတော့တော့ တရုတ်မှန်ရင် အကုန်လုံး တရုတ် ဆန့်ကျင်ရေးလုပ် ဆိုတာတော့ သဘောမကျဘူး” ဟု ပြောကြား ခဲ့ သည်။

Credit: Irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service