Developer များက စင်္ကာပူတွင် မြေယာဝယ်ယူမှုများ မြင့်တက်လာခဲ့ပြီးနောက် အိမ်ခြံမြေဈေးနှုန်းကျဆင်းမှုများ အဆုံးသတ်ဖွယ်ရှိကြောင်း ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
1169 Views

Developer များက စင်္ကာပူတွင် မြေယာဝယ်ယူမှုများ မြင့်တက်လာခဲ့ပြီးနောက် အိမ်ခြံမြေဈေးနှုန်းကျဆင်းမှုများ အဆုံးသတ်ဖွယ်ရှိကြောင်း ခန့်မှန်း

စင်္ကာပူတွင် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလျက်ရှိနေသည်မှာ ၃ နှစ်ကျော်ရှိသွားပြီဖြစ်ပြီး ယခုအခါ အိမ်ခြံမြေ developer များက စင်္ကာပူတွင် မြေယာဝယ်ယူမှုများ မြင့်တက်လာခဲ့ပြီးနောက် အိမ်ခြံမြေဈေးနှုန်းကျဆင်းမှုများ အဆုံးသတ်ဖွယ်ရှိကြောင်း သုံးသပ်ချက်များ ရှိလာကြောင်း တိုကျိုအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

စင်္ကာပူတွင် မြေယာဝယ်ယူမှုမြင့်တက်လာရခြင်းမှာ ပြည်ပ developer
တို့၏ အခန်းကဏ္ဍကြီးမားစွာပါဝင်ပြီး အထူးသဖြင့် တရုတ်ပလေယာများက ဒေသတွင်းတွင် လုပ်ငန်းချဲ့ထွင်မှုများ ပြုလုပ်လာခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။

သို့သော် စင်္ကာပူအစိုးရက အိမ်ခြံမြေဈေးနှုန်းများကို စောင့်ကြည့်မှုများရှိခြင်းကြောင့် ဈေးနှုန်းအလွန်အမင်းမြင့်တက်ခြင်းမျိုး မဖြစ်နိုင်ကြောင်းလည်း ဈေးကွက်သုတေသီတို့က ဆိုသည်။

လတ်တလောစင်္ကာပူမြေယာအရောင်းအဝယ်လှုပ်ရှားမှုများကို ကြည့်မည်ဆိုလျှင် စင်္ကာပူအမည်ပေါက် ကုမ္ပဏီ တစ်ခုဖြစ်သော Hongkong Land Holdings သည် အခန်းပေါင်း ၃၃၀ ပါဝင်မည့်
စီမံကိန်းတစ်ခုအတွက် စင်္ကာပူဒေါ်လာ ၇၆၆ သန်းဖြင့်
ဝယ်ယူရန် သဘောတူညီထားသည်။

ပြီးခဲ့သော ဇွန်လ ၁ ရက်ကလည်း အစိုးရပိုင်မြေကွက်တစ်ခုကို တင်ဒါခေါ်ယူရာတွင် ဝင်ရောက်ယှဉ်ပြိုင်သူပေါင်း ၁၁ ဦးရှိခဲ့ကြောင်း
စင်္ကာပူမြို့ ပြ ပြန်လည်ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ရာ စင်္ကာပူမြေယာများအပေါ် developer တို့ စိတ်ဝင်စားမှုရှိခြင်းကို ပြသနေခြင်းလည်း ဖြစ်သည်။

အဆိုပါ ယှဉ်ပြိုင်သူများအနက် အမြင့်ဆုံးဈေးပေးခဲ့သည်မှာ စင်္ကာပူအိမ်ခြံမြေလောကတွင်လှုပ်ရှားနေသည့် တရုတ် ကုမ္ပဏီများအနက် တစ်ခုဖြစ်သော Fantasia Holding မှ ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Developer များက စင်္ကာပူတွင် မြေယာဝယ်ယူမှုများ မြင့်တက်လာခဲ့ပြီးနောက် အိမ်ခြံမြေဈေးနှုန်းကျဆင်းမှုများ အဆုံးသတ်ဖွယ်ရှိကြောင်း ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service