အိမ်သစ်ရောင်းအားကျဆင်းလေ့ရှိသည့် ရာသီသို့ ရှန်ဟိုင်း ၀င်ရောက် - Property News in Myanmar from iMyanmarHouse.com
977 Views

အိမ်သစ်ရောင်းအားကျဆင်းလေ့ရှိသည့် ရာသီသို့ ရှန်ဟိုင်း ၀င်ရောက်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၏ အိမ်ခြံမြေဈေးကွက်က ရောင်းအားနည်းလေ့ရှိသည့်ရာသီသို့ ၀င်ရောက်ခဲ့ရာ ပြီးခဲ့သည့်သီတင်းပတ်အတွင်း မြို့၏ အိမ်သစ်အရောင်း
အ၀ယ်သည် ကျဆင်းခဲ့သည်။

အစိုးရ မတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ
အိမ်သစ်ဧရိယာ ၁၅၉,၀၀၀ စတုရန်းမီတာကို ဇွန် ၄ တွင်
ကုန်ဆုံးခဲ့သော ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရောင်းချခဲ့ရကြောင်း၊
၎င်းသည် ယင်းမတိုင်မီသီတင်းပတ်အောက် ၁၉ ဒသမ ၁
ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံ
ကုမ္ပဏီ Shanghai Centaline Property Consultants Co က
ဇွန် ၅ တွင် ထုတ်ပြန်ခဲ့သည်။

နန်ဟွေခရိုင်က စတုရန်းမီတာ ၃ သောင်း ၄ ထောင်
ရောင်းချရမှုဖြင့် ရောင်းအားအ
ကောင်းဆုံးခရိုင်ဖြစ်ခဲ့ပြီး ဆုန်ကျန်းနှင့် ကျားသင်းတို့က ဒုတိယရောင်းအားအကောင်းဆုံးနှင့် တတိယရောင်းအားအကောင်းဆုံးဖြစ်ခဲ့ကြသည်။

အိမ်သစ်များကို ၁ စတုရန်းမီတာလျှင် ပျမ်းမျှ ၄၂,၃၁၅ ယွမ် (အမေရိကန်ဒေါ်လာ ၆,၂၀၄) ဖြင့် ရောင်းချခဲ့ရခြင်းဖြစ်ပြီး ထိုဈေးနှုန်းသည်လည်း ယင်းမတိုင်မီသီတင်းပတ်
အောက် ၆ ရခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

ပျမ်းမျှရောင်းဈေးကျဆင်းခဲ့မှုမှာမူ မြို့၏ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့သည့် စီမံကိန်း လျန်ကန်စီမံကိန်း (နန်ဟွေခရိုင်မှ) ၏ ဈေးနှုန်းများကို အစိုးရမှ သတ်မှတ်ခဲ့ခြင်းဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းစီမံကိန်းမှ ပြီးခဲ့သည့်သီတင်းပတ်အတွင်း အခန်း ၃၆၂ ခန်း ရောင်းချခဲ့ရပြီး ၁ စတုရန်းမီတာလျှင် ပျမ်းမျှရောင်းဈေး ၉,၀၆၈ ယွမ် ဖြင့် ရောင်းချခဲ့ရသည်။

ပြီးခဲ့သည့်သီတင်းပတ်၏ ရောင်းလိုအားသည်လည်း စတုရန်းမီတာ ၄ သောင်း ၄ ထောင် သာရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်အောက် ၇၆ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။


ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service