ကမ္ဘာကျော် Discovery ရုပ်သံလိုင်းတည်ထောင်သူ၏ ဧက ၇၀၀၀ ကျော်ကျယ်ဝန်းကာ နက္ခတ်တာရာကြည့် အဆောက်အအုံ၊ လေယာဉ်ကွင်းများ ပါသည့် မွေးမြူရေးခြံကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
933 Views

ကမ္ဘာကျော် Discovery ရုပ်သံလိုင်းတည်ထောင်သူ၏ ဧက ၇၀၀၀ ကျော်ကျယ်ဝန်းကာ နက္ခတ်တာရာကြည့် အဆောက်အအုံ၊ လေယာဉ်ကွင်းများ ပါသည့် မွေးမြူရေးခြံကြီး အရောင်းဈေးကွက်ဝင်လာ

ကမ္ဘာကျော် Discovery ရုပ်သံလိုင်းတည်ထောင်သူဖြစ်သော
ဂျွန် ဟန်းဒရစ်ခ်သည် ဧက ၇၀၀၀ ကျော်ကျယ်ဝန်းကာ နက္ခတ်ကြည့် အဆောက်အအုံ၊ လေယာဉ်ကွင်းများ ပါသည့် ၎င်းပိုင် မွေးမြူရေးခြံကြီး
ကို ကန်ဒေါ်လာ ၁၄၉ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်
လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ထိုမွေးမြူရေးခြံကြီးမှာ အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်နှင့် ယူတားပြည်နယ် နယ်ခြားစည်းကို ခွလျက်တည်ရှိပြီး နက္ခတ်တာရာကြည့် အဆောက်အအုံတစ်ခု၊ ပင်မနေအိမ်တစ်လုံးနှင့်
လေယာဉ်ရုံတစ်ခု ပါဝင်သည်ဟု ဆိုသည်။

ယင်းဒေသသည် အနီရောင်ကျောက်ဆောင်များ၊ ချောက်ကြီးများဖြင့် နာမည်ကျော်သည့်ဒေသဖြစ်ကာ ကမ္ဘာကျော်အဆိုတော် ဘွန်ဂျိုဗီက သူ၏ Blaze of Glory သီချင်း ဂီတဗွီဒီယိုကို ထိုဒေသတွင်ရိုက်ကူးခဲ့ဖူးသည်။
အကယ်၍ ယခုခေါ်ဈေးအတိုင်းသာ ရောင်းချခဲ့ရမည်ဆိုပါက ဒေသတွင်းတွင် စံချိန်တင်ဈေးနှုန်းဖြစ်လာမည်ဖြစ်ကြောင်း အရောင်းဈေးကွက်တင်သည့် Sotheby’s International Realty မှ အိမ်ခြံမြေအကျိုးဆောင် ကာရီ အန်းစလေးက ပြောကြားသည်။

ဧကပေါင်း ၇၀၀၀ အထိ လွန်စွာကျယ်ဝန်းသွားရခြင်းမှာ မစ္စတာဟန်းဒရစ်က ၁၉၉၀ ပြည့်လွန်ကာလများတွင် ဝယ်ယူခဲ့သည့် မွေးမြူရေးခြံ ၄ ခုကို ပေါင်းစည်းရောင်းချခြင်းကြောင့်လည်း ဖြစ်သည်။
ပင်မနေအိမ်မှာ စတုရန်းပေ ၂၂၀၀၀ အကျယ်အဝန်းရှိပြီး ပွေဘလိုဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။
နေအိမ်ဝန်းကျင်တွင် အရောင်အသွေးစုံလှသော ချောက်ကမ်းပါးများ၊ ကျောက်နံရံကြီးများနှင့် လာဆယ်လ်တောင်တန်းများ၏ မြင်ကွင်းများ တွေ့မြင်ရမည်ဖြစ်သည်။

နေအိမ်အတွင်းတွင် ဓာတ်လှေကားတစ်ခုပင် ထည့်သွင်းပေးထားသေးသည်။
နေအိမ်ပြင်ပတွင်ကား ရေကူးကန်တစ်ခု၊ အိပ်ခန်း ၂ ခန်းပါ ဧည့်ဂေဟာဆောင်တစ်ခု၊ စတုရန်းပေ ၄၀၀ ခန့်ကျယ်ဝန်းသော နက္ခတ်ကြည့် အဆောက်အအုံတို့လည်း ပါဝင်သည်။
“အာကာသနဲ့ သိပ္ပံပညာကို ကျွန်တော်အရမ်းစိတ်ဝင်စားတယ်” ဟု
အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်သော မစ္စတာ ဟန်းဒရစ်က ဆိုသည်။

ခြံကြီး၏ တစ်နေရာတွင်လည်း အိပ်ခန်း ၃ ခန်းပါ သစ်လုံးတဲတစ်ခုဆောက်လုပ်ထားရာ ခြေလျင်ခရီးထွက်ပါက တည်းခိုနားနေနိုင်ရန် ဖြစ်သည်။

အက်စ်ပန်မှ မိုင် ၁၈၀ ခန့်အကွာတွင်ရှိသည့် ထိုခြံဝန်းကြီးအတွင်း လေယာဉ်ဆင်းနိုင်သော မြက်ခင်းကျယ်ကွင်းတစ်ခုအပြင် ရဟတ်ယာဉ်များ ဆင်းသက်နိုင်သည့် ပြန့်ပြူးသောစားကျက်နေရာများလည်း ရှိသည်။
မြင်းများအတွက် စပါးကျီတစ်ခုနှင့် စားကျက်များလည်းရှိပြီး မစ္စတာဟန်းဒရစ်က အမေရိကန်ပြောင်အုပ်တစ်အုပ်ပင် မွေးမြူထားသေးကာ အမဲလိုက်ရန်အတွက် သမင်များပင်ရှိသည်ဟု ဆိုသည်။

မစ္စတာဟန်းဒရစ်သည် ကျယ်ပြောလှသော ခြံဝန်းကြီးတွင် တစ်နှစ်လျှင် လပေါင်းအတန်ကြာ နေထိုင်အချိန်ကုန်ဆုံးလေ့ရှိသော်လည်း မကြာသေးမီနှစ်များအတွင်းတွင်မူ အရောက်အပေါက်နည်းသွားခဲ့သည်။
တာဝန်ယူထားသော လုပ်ငန်းတစ်ခုရှိနေခြင်းအပြင် ထိုခြံဝန်းအနီးရှိ ၎င်းပိုင်ဆိုင်ထားသော Gateway Canyons အပန်းဖြေစခန်းအပေါ် အလွန်အာရုံစိုက်နေရခြင်းကြောင့်လည်း ယခုခြံကြီးသို့ အရောက်နည်းသွားကာ ရောင်းချရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် မစ္စတာဟန်းဒရစ်က ဇနီးဖြစ်သူ မော်ရင်နှင့်အတူ ဥရောပတစ်ခွင် လှည့်လည်ခရီးထွက်လိုခြင်းကြောင့်လည်း တစ်ကြောင်းပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော် Discovery ရုပ်သံလိုင်းတည်ထောင်သူ၏ ဧက ၇၀၀၀ ကျော်ကျယ်ဝန်းကာ နက္ခတ်တာရာကြည့် အဆောက်အအုံ၊ လေယာဉ်ကွင်းများ ပါသည့် မွေးမြူရေးခြံကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် Discovery ရုပ်သံလိုင်းတည်ထောင်သူ၏ ဧက ၇၀၀၀ ကျော်ကျယ်ဝန်းကာ နက္ခတ်တာရာကြည့် အဆောက်အအုံ၊ လေယာဉ်ကွင်းများ ပါသည့် မွေးမြူရေးခြံကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် Discovery ရုပ်သံလိုင်းတည်ထောင်သူ၏ ဧက ၇၀၀၀ ကျော်ကျယ်ဝန်းကာ နက္ခတ်တာရာကြည့် အဆောက်အအုံ၊ လေယာဉ်ကွင်းများ ပါသည့် မွေးမြူရေးခြံကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် Discovery ရုပ်သံလိုင်းတည်ထောင်သူ၏ ဧက ၇၀၀၀ ကျော်ကျယ်ဝန်းကာ နက္ခတ်တာရာကြည့် အဆောက်အအုံ၊ လေယာဉ်ကွင်းများ ပါသည့် မွေးမြူရေးခြံကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် Discovery ရုပ်သံလိုင်းတည်ထောင်သူ၏ ဧက ၇၀၀၀ ကျော်ကျယ်ဝန်းကာ နက္ခတ်တာရာကြည့် အဆောက်အအုံ၊ လေယာဉ်ကွင်းများ ပါသည့် မွေးမြူရေးခြံကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် Discovery ရုပ်သံလိုင်းတည်ထောင်သူ၏ ဧက ၇၀၀၀ ကျော်ကျယ်ဝန်းကာ နက္ခတ်တာရာကြည့် အဆောက်အအုံ၊ လေယာဉ်ကွင်းများ ပါသည့် မွေးမြူရေးခြံကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် Discovery ရုပ်သံလိုင်းတည်ထောင်သူ၏ ဧက ၇၀၀၀ ကျော်ကျယ်ဝန်းကာ နက္ခတ်တာရာကြည့် အဆောက်အအုံ၊ လေယာဉ်ကွင်းများ ပါသည့် မွေးမြူရေးခြံကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် Discovery ရုပ်သံလိုင်းတည်ထောင်သူ၏ ဧက ၇၀၀၀ ကျော်ကျယ်ဝန်းကာ နက္ခတ်တာရာကြည့် အဆောက်အအုံ၊ လေယာဉ်ကွင်းများ ပါသည့် မွေးမြူရေးခြံကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် Discovery ရုပ်သံလိုင်းတည်ထောင်သူ၏ ဧက ၇၀၀၀ ကျော်ကျယ်ဝန်းကာ နက္ခတ်တာရာကြည့် အဆောက်အအုံ၊ လေယာဉ်ကွင်းများ ပါသည့် မွေးမြူရေးခြံကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service