အမေရိကန်သမ္မတဟောင်း ဘားရက်အိုးဘားမားနှင့် မီရှဲလ်တို့ လက်ရှိငှားရမ်းနေထိုင်လျက်ရှိသော နေအိမ်ကို အပိုင်ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
477 Views

အမေရိကန်သမ္မတဟောင်း ဘားရက်အိုးဘားမားနှင့် မီရှဲလ်တို့ လက်ရှိငှားရမ်းနေထိုင်လျက်ရှိသော နေအိမ်ကို အပိုင်ဝယ်ယူလိုက်ပြီ

အမေရိကန်သမ္မတဟောင်း ဘားရက်အိုးဘားမားနှင့် မီရှဲလ်တို့သည် လက်ရှိငှားရမ်းနေထိုင်လျက်ရှိသော နေအိမ်ကို အပိုင်ဝယ်ယူလိုက်ပြီဖြစ်ကြောင်း ဝါရှင်တန်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အိုဘားမားလက်ရှိနေထိုင်လျက်ရှိသည်မှာ ဝါရှင်တန်ဒီစီမြို့တော်၊ ကာလိုရာမာအရပ်တွင်တည်ရှိသည်။
သမ္မတဟောင်းအိုဘားမားသည် စတုရန်းပေ ၈၂၀၀ အကျယ်အဝန်းရှိ နေအိမ်တွင် ယခုနှစ်ဇန်နဝါရီလကတည်းက နေထိုင်ခဲ့ခြင်း ဖြစ်သည်။
အုတ်ဖြင့် ဆောက်လုပ်ထားသော နေအိမ်ဖြစ်ပြီး ၁၉၂၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

သမ္မတဟောင်းမိသားစုသည် အမေရိက၏မြို့တော်တွင် အနည်းဆုံးနောက်ထပ် ၂ နှစ်ခွဲခန့် ဆက်လက်နေထိုင်ရန် အစီအစဉ်ရှိကြောင်း အိုဘားမား၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ကီဗင်လူးဝစ်စ်က ပြောကြားသည်။
“ဆက်ပြီးအိမ်ငှားနေမယ့်အစား ဝယ်လိုက်ဖို့ သူတို့စိတ်ကူးရခဲ့
တာဖြစ်ပါတယ်” ဟု မစ္စတာလူးဝစ်က ပြောကြားသည်။

အိုဘားမားသည် ယခုအခါ အသက် ၅၅ နှစ်ရှိပြီဖြစ်ပြီး အငယ်ဆုံးသမီး ဆာရှာကျောင်းပြီးသည်အထိ ဝါရှင်တန်ဒီစီတွင် နေထိုင်ရန် စီစဉ်ထားသည်
ဟု ဆိုသည်။

၂၀၁၁ ခုနှစ်တွင် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အိပ်ခန်း ၉ ခန်း၊ ရေချိုးခန်း ၈ ခန်း၊ မြေအောက်ခန်းတွင် ဝန်ထမ်းများအတွက် အခန်းများ ပါဝင်သည်။
ကျယ်ဝန်းသောလသာဆောင်နှင့် ပန်းဥယျာဉ်များလည်း ပါဝင်ကြောင်း ဝါရှင်တန်အခြေစိုက် Fine Properties အိမ်ခြံမြေကုမ္ပဏီက ဆိုသည်။
ကား ၂ စင်းဆန့်ဂိုဒေါင်အပြင် ထောက်လှမ်းရေးအဖွဲ့၏ ကားများရပ်ရန်
၈ စင်းမှ ၁၀ စင်းအထိဆန့်သည့် ကားရပ်နားရန် နေရာပါဝင်သည်။

ကာလိုရာမာသည် ဝါရှင်တန်ဒီစီတွင် နာမည်ကျော်ဒေသတစ်ခုဖြစ်ပြီး ဒေါ်နယ်ထရမ့်၏သားမက်ဖြစ်သူ ဂျရက်ဒ် ကွတ်ရှ်နာနှင့် ဇနီး (ဒေါ်နယ်ထရမ့်၏သမီး အိုင်ဗန်ကာ ထရမ့်)၊ နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်တို့လည်း အခြေချနေထိုင်ကြသည်။
သမ္မတဟောင်း အိုဘားမားသည် ယင်းနေအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၁ သန်းဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်သမ္မတဟောင်း ဘားရက်အိုးဘားမားနှင့် မီရှဲလ်တို့ လက်ရှိငှားရမ်းနေထိုင်လျက်ရှိသော နေအိမ်ကို အပိုင်ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတဟောင်း ဘားရက်အိုးဘားမားနှင့် မီရှဲလ်တို့ လက်ရှိငှားရမ်းနေထိုင်လျက်ရှိသော နေအိမ်ကို အပိုင်ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတဟောင်း ဘားရက်အိုးဘားမားနှင့် မီရှဲလ်တို့ လက်ရှိငှားရမ်းနေထိုင်လျက်ရှိသော နေအိမ်ကို အပိုင်ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတဟောင်း ဘားရက်အိုးဘားမားနှင့် မီရှဲလ်တို့ လက်ရှိငှားရမ်းနေထိုင်လျက်ရှိသော နေအိမ်ကို အပိုင်ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတဟောင်း ဘားရက်အိုးဘားမားနှင့် မီရှဲလ်တို့ လက်ရှိငှားရမ်းနေထိုင်လျက်ရှိသော နေအိမ်ကို အပိုင်ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတဟောင်း ဘားရက်အိုးဘားမားနှင့် မီရှဲလ်တို့ လက်ရှိငှားရမ်းနေထိုင်လျက်ရှိသော နေအိမ်ကို အပိုင်ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service